ပုသိမ္ေဆး႐ုံႀကီး တြင္ ကုသေပး ေနသည့္ တ႐ုတ္ႏိုင္ငံမွ ျပန္လာသူ (၁) ဦး ဆြဲႀကိဳးခ် ေသဆုံး

ပုသိမ္ေဆး႐ုံႀကီး တြင္ ကုသေပး ေနသည့္ တ႐ုတ္ႏိုင္ငံမွ ျပန္လာသူ (၁) ဦး ဆြဲႀကိဳးခ် ေသဆုံး

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ျပည္သူ႔ ေဆး႐ုံႀကီးမွာ ဇြန္ ၁၇ ရက္ေန႔ ညေနပိုင္းက တ႐ုတ္ႏိုင္ငံကျပန္လာၿပီး ေဆးကုသမႈျပဳလုပ္ေပးေနတဲ့ အမ်ိဳးသား ၁ ဦး ဆြဲႀကိဳးခ်ေသဆုံးခဲ့ တယ္လို႔ ေဆး႐ုံတာဝန္ရွိသူေတြက ေျပာပါတယ္။အဆိုပါအမ်ိဳးသားဟာ တ႐ုတ္ႏိုင္ငံကေန ဇြန္ ၁၆ ရက္ေန႔က ပုသိမ္ၿမိဳ႕ကို ေရာက္ရွိ လာတာ ျဖစ္ၿပီး ပုသိမ္တကၠသိုလ္ရွိ နႏၵေဆာင္မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္တာေတြ ျပဳလုပ္စဥ္ လာေခၚတဲ့ ကားေပၚမွာပါလာတဲ့ ဘရိတ္ဆီကိုေသာက္ခဲ့တာေၾကာင့္ ေဆး႐ုံႀကီးကို ေခၚေဆာင္ ကုသေပးေနစဥ္မွာ ဆြဲႀကိဳခ်ေသဆုံးခဲ့တာလို႔ ပုသိမ္ ျပည္သူ႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္က DVB ကိုေျပာပါတယ္။

“သူ႔ကိုေရာက္လာ ထဲက သီးျခားေဆာင္မွာ ထားတယ္။ အဲ့အခ်ိန္မွာ မသကၤာ လို႔ ဝင္ၾကည့္ေတာ့ ပုဆိုးကို က်စ္ေနတာေတြ လို႔ ေမးေတာ့ ဆြဲႀကိဳးခ် ေသဖို႔ေျပာေတာ့ ဆရာတို႔ အေဆာင္ေ႐ႊ႕တယ္၊ အျပင္က ျမင္ရတဲ့ မွန္ခန္းကိုေ႐ႊ႕တယ္၊ ၿပီးေတာ့ စီစီတီဗြီနဲ႔ ေစာင့္ၾကည့္ေနတာ ညေနပိုင္းမွာ အိမ္သာတက္ခ်င္လို႔ ဆိုၿပီး ဝင္ သြားတယ္၊ အဲ့မွာ သူဝတ္ထား တဲ့ အက်ႌ နဲ႔ ျပန္ႀကိဳးဆြဲခ်တာပါ။”ႀကိဳးဆြဲခ်ေသဆုံးခဲ့တဲ့ အမ်ိဳးသားဟာ ေဆး႐ုံကို ဇြန္လ ၁၆ ရက္ေန႔ ညပိုင္း ေရာက္ရွိစဥ္အခ်ိန္က စတင္ကာ စိတ္မၿငိမ္ဘဲ ေအာ္ဟစ္တာေတြ နံရံေတြ ကို ထုတာေတြ ျပဳလုပ္တာေၾကာင့္ စိတ္ေရာဂါ ဆရာဝန္ နဲ႔ ျပသၿပီး ေဆးကုသတာေတြ ျပဳလုပ္ေပးေနၿပီး ဒုတိယ ေျမာက္ညမွာ ဆြဲႀကိဳးခ်ေသဆုံးခဲ့တာပါ။

ပုသိမ္ေဆး႐ုံတြင္ ေစာင့္ၾကည့္ေန …

ေဆး႐ုံအုပ္ႀကီးက ေဒါက္တာ သန္းမင္းထြဋ္က “လူနာကို ႀကိဳးဆြဲခ်ေသဆုံးဖို႔ ႀကံစီေနတာ သိလို႔ လိုအပ္တဲ့ေဆးေတြ စိတ္ၿငိမ္ေဆးေတြ တိုက္ကာ ကုသေပးတာေတြ ႀကိဳးဆြဲခ် မေသဆုံးေအာင္ ပုဆိုးေတြကို သိမ္းထားတာေတြ ျပဳလုပ္ထားတာ ခုလို မထင္မွတ္တဲ့ အက်ႌနဲ႔ လုပ္ၿပီး ေသသြားတာ စိတ္မေကာင္းဘူး” လို႔ ေျပာပါတယ္။ေသဆုံးခဲ့တဲ့ အမ်ိဳးသား ရဲ႕ ႐ုပ္အေလာင္းကို ဇြန္လ ၁၈ ရက္ေန႔ ေန႔လယ္ပိုင္းက ပုသိမ္ၿမိဳ႕ သေရာင္းေခ်ာင္းမီးသၿဂႋဳဟ္စက္မွာ ဘုန္းႀကီး ၅ ပါးပင့္ေဆာင္ကာ မီးသၿဂႋဳဟ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ပုသိမ္ၿမိဳ႕ေပၚတြင္ ခိုးမႈ၊ လုယက္ …

တ႐ုတ္ႏိုင္ငံက အမ်ိဳးသားေသဆုံးတာနဲ႔ ပတ္သက္ၿပီး ေဆး႐ုံအုပ္ႀကီးက မိသားစု ဝင္ေတြကို ဆက္သြယ္အေၾကာင္းၾကားေပးခဲ့သလို ရဲတပ္ဖြဲ႕ကလည္း ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးတာေတြျပဳလုပ္ေနတယ္လို႔ ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။

ဒီဗီႀဘီ

unicode

ပုသိမ်ဆေးရုံကြီး တွင် ကုသပေး နေသည့် တရုတ်နိုင်ငံမှ ပြန်လာသူ (၁) ဦး ဆွဲကြိုးချ သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီးမှာ ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံကပြန်လာပြီး ဆေးကုသမှုပြုလုပ်ပေးနေတဲ့ အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံးခဲ့ တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။အဆိုပါအမျိုးသားဟာ တရုတ်နိုင်ငံကနေ ဇွန် ၁၆ ရက်နေ့က ပုသိမ်မြို့ကို ရောက်ရှိ လာတာ ဖြစ်ပြီး ပုသိမ်တက္ကသိုလ်ရှိ နန္ဒဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်စဉ် လာခေါ်တဲ့ ကားပေါ်မှာပါလာတဲ့ ဘရိတ်ဆီကိုသောက်ခဲ့တာကြောင့် ဆေးရုံကြီးကို ခေါ်ဆောင် ကုသပေးနေစဉ်မှာ ဆွဲကြိုချသေဆုံးခဲ့တာလို့ ပုသိမ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။

“သူ့ကိုရောက်လာ ထဲက သီးခြားဆောင်မှာ ထားတယ်။ အဲ့အချိန်မှာ မသင်္ကာ လို့ ဝင်ကြည့်တော့ ပုဆိုးကို ကျစ်နေတာတွေ လို့ မေးတော့ ဆွဲကြိုးချ သေဖို့ပြောတော့ ဆရာတို့ အဆောင်ရွှေ့တယ်၊ အပြင်က မြင်ရတဲ့ မှန်ခန်းကိုရွှေ့တယ်၊ ပြီးတော့ စီစီတီဗွီနဲ့ စောင့်ကြည့်နေတာ ညနေပိုင်းမှာ အိမ်သာတက်ချင်လို့ ဆိုပြီး ဝင် သွားတယ်၊ အဲ့မှာ သူဝတ်ထား တဲ့ အကျႌ နဲ့ ပြန်ကြိုးဆွဲချတာပါ။”ကြိုးဆွဲချသေဆုံးခဲ့တဲ့ အမျိုးသားဟာ ဆေးရုံကို ဇွန်လ ၁၆ ရက်နေ့ ညပိုင်း ရောက်ရှိစဉ်အချိန်က စတင်ကာ စိတ်မငြိမ်ဘဲ အော်ဟစ်တာတွေ နံရံတွေ ကို ထုတာတွေ ပြုလုပ်တာကြောင့် စိတ်ရောဂါ ဆရာဝန် နဲ့ ပြသပြီး ဆေးကုသတာတွေ ပြုလုပ်ပေးနေပြီး ဒုတိယ မြောက်ညမှာ ဆွဲကြိုးချသေဆုံးခဲ့တာပါ။

ပုသိမ်ဆေးရုံတွင် စောင့်ကြည့်နေ …

ဆေးရုံအုပ်ကြီးက ဒေါက်တာ သန်းမင်းထွဋ်က “လူနာကို ကြိုးဆွဲချသေဆုံးဖို့ ကြံစီနေတာ သိလို့ လိုအပ်တဲ့ဆေးတွေ စိတ်ငြိမ်ဆေးတွေ တိုက်ကာ ကုသပေးတာတွေ ကြိုးဆွဲချ မသေဆုံးအောင် ပုဆိုးတွေကို သိမ်းထားတာတွေ ပြုလုပ်ထားတာ ခုလို မထင်မှတ်တဲ့ အကျႌနဲ့ လုပ်ပြီး သေသွားတာ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။သေဆုံးခဲ့တဲ့ အမျိုးသား ရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်မှာ ဘုန်းကြီး ၅ ပါးပင့်ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ပေါ်တွင် ခိုးမှု၊ လုယက် …

တရုတ်နိုင်ငံက အမျိုးသားသေဆုံးတာနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်ကြီးက မိသားစု ဝင်တွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့သလို ရဲတပ်ဖွဲ့ကလည်း သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဒီဗီြဘီ

Add a Comment

Your email address will not be published. Required fields are marked *

eighteen − seventeen =