




unicode

ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်ပြည့် မွေးနေ့တွင် YBS 75 ယာဉ် များ အခမဲ့ပြေးဆွဲ

၂၀၂၀ပြည့်နှစ် ဇွန်၁၉ရက် ယနေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၅နှစ်ပြ ည့်မွေးနေ့တွင် YBS 75 ယာဉ်များအခမဲ့ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ထိုသို့ပြေးဆွဲ‌ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရကော်မတီ ရေရ‌ရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံ အဖွဲ့၊ သုံးရောင်ခြယ်အဖွဲ့၊သခင်အုန်းမြင့် ၊အော်တန်းသစ်ကုမ္ပဏီ ၊ ယမစီမဲခေါင်ကုမ္ပဏီတို့၏ စုပေါင်းအလှူငွေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်ရေရှိရေး နှင့်ရေပေးဝေရေး ဥက္ကဌ ဦးစိန်အုန်းက “ဒီနေ့ ကဒေါ်အောင်ဆန်းစုကြည် မွေးနေ့လေ။ သူ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့လုပ်ရတာ။ ကျွန်တော်တို့ အရင်ကဆိုဘုန်ကြီး ကျောင်းဆွမ်းကပ်တာတို့ဘာတို့လုပ်တယ်။ အခုကတော့ ပြည်သူတွေလည်း အကျိုးရှိစေပြီး နိုင်ငံ့ခေါင်းဆောင် ဂုဏ်ပြုချင်တယ် ဆိုပြီးလုပ်လိုက်တာ“ဟု ပြောသည်။

YBS၇၅ ယာဉ်လိုင်း ယာဉ်အစီးရေ ၂၃ စီးစာလှူဒါန်း ထားပြီး ဇွန် ၁၉ ရက် တနေ့လုံး ပြေးဆွဲသွားမည်ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *

nine + 18 =