





unicode

အမေစု ရဲ့ (၇၅)နှစ် ပြည့်မွေးနေ့ အတွက် ဒေါင်းပုံစံနာရီ နဲ့ နှင်းဆီကိတ်မုန့်လေး ကို လက်ဆောင် ပို့ပေးခဲ့ကြတဲ့ နှင်းဆီရင်ခွင် အဖွဲ့သားများ

ပရိသတ်ကြီးရေ နှင်းဆီရင်ခွင်အဖွဲ့လေးကတော့ နေတိုး ကျော်ကျော်ဗိုလ် မင်းမော်ကွန်း ရဲလေး၊ထွန်းထွန်းစတဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတာပဲဖြစ်ပါတယ်။နှင်းဆီရင်ခွင်အဖွဲ့လေးကတော့ ဒီနေ့ဇွန်လ(၁၉ )ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၅)နှစ်ပြည့် မွေးနေ့အတွက် လက်ဆောင်ပစ္စည်းတွေပို့ပေးခဲ့ပါတယ်။

နှင်းဆီအဖွဲ့သား တွေကတော့ အမေစုအတွက် မွေးနေ့လက်ဆောင် အဖြစ် ဒေါင်းပုံစံနာရီနဲ့ နှင်းဆီကိတ်မုန့်လေးပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကလည်း အမေစု(၇၅)နှစ်ပြည့်မွေးနေ့ အတွက်အခုလိုပဲ မွေးနေ့ဆုမွန် ကောင်းတောင်းပေးထားတာတွေ့ရပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ ” သက်ရှည် ကျန်းမာစိတ်ချမ်းသာပါစေခင်ဗျာ ပျော်ရွှင်စရာမွေးနေ့ပါ အမေ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေ မွေးနေ့ဆုမွန် ကောင်းတောင်းပေးထားတာပဲဖြစ်ပါတယ်။ချစ်ရတဲ့ ပရိသတ်ကြီးကလည်းအမေစုရဲ့ (၇၅)နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ ပါအုံးနော်…။

Source-နှင်းဆီရင်ခွင် လူမှုကူညီ ရေးဖောင်ဒေးရှင်း

Add a Comment

Your email address will not be published. Required fields are marked *

four × 3 =