ယေန႔ မနက္ ထပ္တိုး လူနာ(၂၃)ဦးက ထိုင္း နဲ႔ မေလးရွားက ျပစ္ဒဏ္ေစ့ အက်ဥ္းသားမ်ားျဖစ္

ယေန႔ မနက္ ထပ္တိုး လူနာ(၂၃)ဦးက ထိုင္း နဲ႔ မေလးရွားက ျပစ္ဒဏ္ေစ့ အက်ဥ္းသားမ်ားျဖစ္

ျမဝတီနယ္စပ္ဂိတ္ကေနျပန္ဝင္လာတဲ့ သူေတြျဖစ္ပါတယ္။ ထိုင္းကျပန္လာသူ (၁၉)ဦးနဲ႔ မေလးရွားကျပန္လာသူ (၄)ဦး စုစုေပါင္း (၂၃)ဦးမွာေရာဂါပိုးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ဒီကေန႔မနက္ (၈)နာရီမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထပ္တိုးလူနာ (၂၃)ဦးစလုံးက ထိုင္းနဲ႔မေလးရွား မွာ ျပစ္မႈဆိုင္ရာေတြနဲ႔ ျပစ္ဒဏ္အသီးသီးက်ခံၿပီးလို႔ ျမန္မာႏိုင္ငံကို ျပန္လည္လႊဲေျပာင္းေပးခဲ့တဲ့ ျပစ္ဒဏ္ေစ့အက်ဥ္းသားေတြျဖစ္တယ္လို႔သိရပါတယ္။ ဇြန္လ (၈)ရက္ေန႔က ထိုင္းႏိုင္ငံဘက္ကေန ျမန္မာႏိုင္ငံကို (၃၅)ဦး လႊဲေျပာင္းေပးခဲ့တာျဖစ္ၿပီး အဲဒီထဲက (၂၃)ဦးမွာ ေရာဂါ ပိုးေတြ႕ရွိခဲ့တာပါ။

“ ကြၽန္ေတာ္တို႔ဆီကေတာ့ ထိုင္းကေနတစ္ဆင့္ျပန္လည္ လႊဲေျပာင္းေပးတာ။ ထိုင္း-မေလးနယ္စပ္ကေနၿပီးေတာ့ မေလးကလူေတြကို ထိုင္းကိုပို႔ၿပီး ထိုင္းကေနျမန္မာေပါ့ေနာ္။ အားလုံးက အက်ဥ္းေထာင္အသီးသီးက ျပစ္ဒဏ္ျပည့္လို႔ျပန္လည္လြတ္ေျမာက္လာတဲ့သူေတြပါ။ ထိုင္းကေနလႊဲေျပာင္းမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ဒီဘက္က တာဝန္ရွိသူ ေတြကလည္း ကိုယ့္ႏိုင္ငံသားေတြဟုတ္၊ မဟုတ္ ေသခ်ာစိစစ္ၿပီးမွလက္ခံခဲ့တာပါ။ သူတို႔ေရာက္တဲ့ေန႔ကတည္းကလည္း က်န္းမာေရးစစ္ေဆးမႈေတြလုပ္ၿပီး Quarantineထားရွိထားတာပါ”လို႔ ျမဝတီၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

ယခုလူနာေတြနဲ႔ ထိေတြ႕ထားသူေတြက အေယာက္ (၂၀)ေက်ာ္ေလာက္ ရွိၿပီး သူတို႔ကိုလည္း Quarantine ထားရွိသြားမယ္လို႔ သိရပါတယ္။လူနာ (၂၃)ဦးတစ္ၿပိဳက္တည္းေတြ႕ရွိခဲ့ျခင္းက ျမန္မာႏိုင္ငံမွာ COVID စတင္ျဖစ္ပြါးခဲ့စဥ္ကစလို႔ လူနာေတြ႕ရွိမႈ အမ်ားဆုံးစံခ်ိန္တင္ခဲ့တာပါ။ဧၿပီလ (၁၄)ေန႔က လူနာ (၂၁)ဦး တစ္ၿပိဳင္နက္ ေတြ႕ၿပီးေနာက္ ဒီေန႔ (၂၃)က လူနာအမ်ားဆုံးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ COVID ကာလမွာ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြကို နယ္စပ္ဂိတ္ေပါက္ေတြကတစ္ဆင့္ လက္ခံေပးေနသလို ႏိုင္ငံေတာ္အစီအစဥ္နဲ႔ေလေၾကာင္းလိုင္းေတြကေနလည္း ျပန္လည္ေခၚေဆာင္ ေပးလွ်က္ရွိပါတယ္။

ေမလ (၁၆)ရက္ေနာက္ပိုင္းကစလို႔ ျမန္မာႏိုင္ငံမွာ ျပည္ပကျပန္လာတဲ့သူေတြထဲ က ေရာဂါပိုးေတြ႕ရွိမႈႏႈန္းက ဆက္လက္ျမင့္တက္ေနၿပီး ဒီေန႔မနက္ေတြ႕ရွိသူ (၂၃)ဦးအပါအဝင္စုစုေပါင္း (၉၉) ဦးအထိရွိလာၿပီျဖစ္ပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ (၈)နာရီထုတ္ျပန္ခ်က္အထိ ျမန္မာႏိုင္ငံမွာ COVID 19 အတည္ ျပဳလူနာ (၂၈၆)ဦးရွိၿပီး ျပန္လည္ေပ်ာက္ကင္းသူ (၁၈၇)ဦးနဲ႔ ေသဆုံးသူ (၆)ဦးရွိပါတယ္။

ဓူဝံ

unicode

ယနေ့ မနက် ထပ်တိုး လူနာ(၂၃)ဦးက ထိုင်း နဲ့ မလေးရှားက ပြစ်ဒဏ်စေ့ အကျဉ်းသားများဖြစ်

မြဝတီနယ်စပ်ဂိတ်ကနေပြန်ဝင်လာတဲ့ သူတွေဖြစ်ပါတယ်။ ထိုင်းကပြန်လာသူ (၁၉)ဦးနဲ့ မလေးရှားကပြန်လာသူ (၄)ဦး စုစုပေါင်း (၂၃)ဦးမှာရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့မနက် (၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထပ်တိုးလူနာ (၂၃)ဦးစလုံးက ထိုင်းနဲ့မလေးရှား မှာ ပြစ်မှုဆိုင်ရာတွေနဲ့ ပြစ်ဒဏ်အသီးသီးကျခံပြီးလို့ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ပြစ်ဒဏ်စေ့အကျဉ်းသားတွေဖြစ်တယ်လို့သိရပါတယ်။ ဇွန်လ (၈)ရက်နေ့က ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို (၃၅)ဦး လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဲဒီထဲက (၂၃)ဦးမှာ ရောဂါ ပိုးတွေ့ရှိခဲ့တာပါ။

“ ကျွန်တော်တို့ဆီကတော့ ထိုင်းကနေတစ်ဆင့်ပြန်လည် လွှဲပြောင်းပေးတာ။ ထိုင်း-မလေးနယ်စပ်ကနေပြီးတော့ မလေးကလူတွေကို ထိုင်းကိုပို့ပြီး ထိုင်းကနေမြန်မာပေါ့နော်။ အားလုံးက အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ပြည့်လို့ပြန်လည်လွတ်မြောက်လာတဲ့သူတွေပါ။ ထိုင်းကနေလွှဲပြောင်းမယ်ဆိုတော့ ကျွန်တော်တို့ဒီဘက်က တာဝန်ရှိသူ တွေကလည်း ကိုယ့်နိုင်ငံသားတွေဟုတ်၊ မဟုတ် သေချာစိစစ်ပြီးမှလက်ခံခဲ့တာပါ။ သူတို့ရောက်တဲ့နေ့ကတည်းကလည်း ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး Quarantineထားရှိထားတာပါ”လို့ မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

ယခုလူနာတွေနဲ့ ထိတွေ့ထားသူတွေက အယောက် (၂၀)ကျော်လောက် ရှိပြီး သူတို့ကိုလည်း Quarantine ထားရှိသွားမယ်လို့ သိရပါတယ်။လူနာ (၂၃)ဦးတစ်ပြိုက်တည်းတွေ့ရှိခဲ့ခြင်းက မြန်မာနိုင်ငံမှာ COVID စတင်ဖြစ်ပွါးခဲ့စဉ်ကစလို့ လူနာတွေ့ရှိမှု အများဆုံးစံချိန်တင်ခဲ့တာပါ။ဧပြီလ (၁၄)နေ့က လူနာ (၂၁)ဦး တစ်ပြိုင်နက် တွေ့ပြီးနောက် ဒီနေ့ (၂၃)က လူနာအများဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ COVID ကာလမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို နယ်စပ်ဂိတ်ပေါက်တွေကတစ်ဆင့် လက်ခံပေးနေသလို နိုင်ငံတော်အစီအစဉ်နဲ့လေကြောင်းလိုင်းတွေကနေလည်း ပြန်လည်ခေါ်ဆောင် ပေးလျှက်ရှိပါတယ်။

မေလ (၁၆)ရက်နောက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာတဲ့သူတွေထဲ က ရောဂါပိုးတွေ့ရှိမှုနှုန်းက ဆက်လက်မြင့်တက်နေပြီး ဒီနေ့မနက်တွေ့ရှိသူ (၂၃)ဦးအပါအဝင်စုစုပေါင်း (၉၉) ဦးအထိရှိလာပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည် ပြုလူနာ (၂၈၆)ဦးရှိပြီး ပြန်လည်ပျောက်ကင်းသူ (၁၈၇)ဦးနဲ့ သေဆုံးသူ (၆)ဦးရှိပါတယ်။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *

1 + eight =