





unicode

ဒီနေ့ ဇွန်လ(၁၉)ရက် နေ့မှာ ပဲ အသက်(၃၂)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ အောင်ရဲလင်း

ပြည်သူချစ်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်း ကတော့ ဒီနေ့မှာပဲအသက် တစ်နှစ်ကြီးသွားခဲ့ပြီ။ ဒီနေ့ဇွန်လ(၁၉)ရက်နေ့ကတော့ အောင်ရဲလင်းရဲ့ အသက်(၃၂)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။သူကတော့ အသက်၃၂နှစ်လို့တောင် ထင်ရက်စရာ မရှိအောင် နုပျိုနေပြီး

ယောကျာ်းပီသတဲ့ဘော်ဒီ နဲ့ တည်ကြည့်ခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ရရှိထားတာကြောင့် မိန်းကလေးပရိသတ်တော်တော်များများရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာ ရရှိထားသူတစ်ယောက်ပါ။ အလှူအတန်းဘက်မှာလည်း ရက်ရောသူ တစ်ယောက်ဖြစ်ပြီး စိတ်သဘောထားဖြူစင် သူပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အောင်ရဲလင်းရဲ့ အသက်၃၂နှစ်ပြည့်မွေးနေ့လေးအတွက် ပရိသတ်တွေမွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ်။

ဒါ့အပြင်အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကလည်း ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ် ။ ပရိသတ်ကြီးကလည်း ဒီနေ့မှာ ကျရောက်တဲ့ အောင်ရဲလင်းရဲ့ မွေးနေ့ရက်မြတ်လေးအတွက် မွေးနေ့ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါဦးနော်..

Source:7th Sense Creation

Add a Comment

Your email address will not be published. Required fields are marked *

20 + fourteen =