ႀကဳိတင္ျပင္ဆင္မႈေတြ ေကာင္းခဲ့လုိ႔ ကုိဗစ္ ကုိ ေအာင္ျမင္ ခဲ့တဲ့ ရွမ္းျပည္က ေဆးရံု

ႀကဳိတင္ျပင္ဆင္မႈေတြ ေကာင္းခဲ့လုိ႔ ကုိဗစ္ ကုိ ေအာင္ျမင္ ခဲ့တဲ့ ရွမ္းျပည္က ေဆးရံု

တျခားေ ဆးရံုေတြ အတု ယူသင့္တဲ့ ရွမ္းျပည္ က ေဆးရံုတရံု…

CoViD19 ၿခိမ္းေျခာက္မႈ ရွိလာ တဲ့အတြက္ ဧၿပီလဆန္း က စၿပီး သီေပါ ေဆးရံု ကို အ၀င္အထြက္ ကန္႕သတ္ခဲ့တယ္ လံုး၀ ဧည့္သည္ အ၀င္မခံခဲ့ဘူး (ခိုး၀င္ေတြေတာ့ မိရင္ ျပန္ခိုင္းပါတယ္) လူနာေစာင့္ ကန္႕သတ္လိုက္တယ္ ထမင္းေတာင္ထြက္မယူခိုင္းဘူး ေဆးရံုကပဲ လူနာေရာ လူနာေစာင့္ေရာ တာ၀န္က် ၀န္ထမ္းေတြ ကိုပါ ထမင္းေကၽြးခဲ့တယ္။

တစ္ေန႕ကို လူ ၁၅၀ ကေန ၂၀၀ ၾကားအထိ ထမင္း ႏွစ္နပ္ေကၽြး ခဲ့ရတယ္ တစ္လျပည့္ၿပီ သံုးသပ္ၾကည့္တယ္ လူနာေတြ ေဆးရံုေရာက္တာ ေဆးရံုတက္တာ နည္းမသြားပါဘူး ပံုမွန္အတိုင္း လူနာရွိေနပါတယ္ ယခင္က တစ္လကို ေဆးရံုကုတင္ တစ္လံုးတစ္လလူနာ ၃.၇၆ေယာက္က အသံုးျပဳၾက တယ္ ခု ၃.၀၄ေယာက္ရွိပါတယ္။

ခြဲဲစိတ္ လူနာေတြ အနာ ပိုး၀င္ႏွဳန္း သံုးပံု ႏွစ္ပံု ေလ်ာ့က်သြားတယ္ ယခင္က ေမြးကင္းစကေလး ေသႏွဳန္းထက္ကို တစ္၀က္ေလာက္ ေလ်ာ့သြားတယ္ အရင္က ပ်ဥ္းမွ် ၅ရက္ကေန ၇ရက္ ေဆးရံုတက္ကုမွ ေပ်ာက္မယ့္လူနာေတြ ခုဆို ၃-၄ ရက္ဆို ေရာဂါေပ်ာက္လို႕ ေဆးရံုက ဆင္းရပါၿပီ ေဆးရံုကို အ၀င္အထြက္ကန္႕သတ္လိုက္တာ အင္မတန္ ေကာင္းတဲ့ ရလာဒ္ေတြရရွိလာခဲ့ပါတယ္။

ဒီေရာဂါႀကီး ၿခိမ္းေျခာက္မႈ ၿပီးရင္ေတာင္ ဒီအတိုင္း ပဲ ဆက္က်င့္သံုးသြားခ်င္ပါေသးတယ္။ တစ္ခုပါပဲ လူေပါင္း ၂၀၀ ေလာက္အတြက္ မနက္ ေန႕လည္ ည စားေသာက္စားရိတ္က တစ္ရက္ကို ၁၂၅၀၀၀ က်ပ္ က်သင့္တာပါပဲ။

(ထမင္းတစ္နပ္ ကို အသားဟင္းႏွင့္မွ ၃၅၀ က်ပ္၀န္းက်င္ သာက်တာပါ – တန္ဖိုးသင့္) ဧၿပီလထဲမွာ ဦးခ်စ္၀ိုင္းမိသားစုက ႏွစ္ပတ္စာ ၁၇သိန္း ငါးေသာင္း၊ ဦးတင္ထူးခိုင္ ေဒၚျဖဴျဖဴထြန္း မိသားစုက ငါးရက္စာ ၆၂၅၀၀၀၊ Bingo အခ်ိဳရည္မွ ငါးသိန္း၊ သရဖူစတိုးမွ ငါးသိန္း၊ Vision fund Myanmar မွ ၁၃၆၀၀၀၊ ဦးစိုင္းထြန္းေအး ေဒၚခင္ခင္ေအး (လ၀က) ၊ ေဒါက္တာ ၊လွဂ်ဴလိုင္ေအာင္ (ကေလးအထူးကု) ၊ ေအာင္ရတနာဆီစက္၊ တို႕က တစ္ရက္စီအတြက္ ၁၂၅၀၀၀ က်ပ္စီ၊ ေဒါက္တာသင္းေဌးေအးက ငါးေသာင္းတိတိ ေပါင္း အလွဴရွင္ ကိုးဦးက ၃၁သိန္း ရွစ္ေသာင္း ေျခာက္ေထာင္က်ပ္တိတိ ႏွင့္

ပံုမွန္ႀကိဳတင္ရက္ယူထားတဲ့ အလွဴရွင္မ်ားက ရွစ္သိန္း ႏွဏ္ေသာင္း ငါးေထာင္ က်ပ္ လွဴထားတာမို႕ ဧၿပီတစ္လလံုး ေခ်ာေခ်ာ ခ်ဴခ်ဴ ေကၽြးေမြး ေစာင့္ေရွာက္ႏိုင္ခဲ့ပါတယ္ ေမလကိုလည္း ေဆးရံု ၀င္ထြက္ခြင့္ကို ယခုလိုပဲ ဆက္လက္ ကန္႕သတ္ထားဦးမွာပါ ေဆးရံုတြင္းသို႕ ကူးစက္ေရာဂါေရာက္မလာေရး ေဆးရံု ၀န္ထမ္းမ်ား အားလံုး ႏွင့္ လူနာမ်ား လူနာေစာင့္မ်ား အားလံုး မည္သူမွ် ကူးစက္မခံရေရး ကို ဆက္လက္ အရွိန္အဟုန္ျမင့္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

ေစတနာသဒၶါေပါက္လို႕ အာဟာရဒါန ကို ကာလဒါနအျဖစ္ လွဴဒါန္းခ်င္တယ္ဆိုရင္ေတာ့ ေဆးလူမႈ ဆက္ဆံေရးမွဴး ေဒၚယဥ္ေက်ာ့ေက်ာ့ခိုင္ ၀၉ ၉၇၃၀၀ ၉၂၁၀ ကိုဆက္သြယ္လွဴဒါန္းႏိုင္ပါတယ္။ အာဟာရ လွဴဒါန္းတဲ့ အက်ိဳးေက်းဇူးကို ကာလဒါနအျဖစ္ရရွိမွာ ျဖစ္ရံုမက လူအမ်ားကို က်န္းမာေစတဲ့ အာယုဒါန ဇီ၀ိတဒါန အက်ိဳးေတြပါ ခံစားရ မွာျဖစ္ပါတယ္။ လွဴဒါန္းမႈ အစုစုကို အေလအလြင့္မရွိေအာင္ ဆက္တိုက္ အားထည့္ႀကီိုးစားေပးေနပါတယ္။ ေက်းဇူးတင္ပါတယ္။

Nanda Win

unicode

ကြိုတင်ပြင်ဆင်မှုတွေ ကောင်းခဲ့လို့ ကိုဗစ် ကို အောင်မြင် ခဲ့တဲ့ ရှမ်းပြည်က ဆေးရုံ

တခြားေ ဆးရုံတွေ အတု ယူသင့်တဲ့ ရှမ်းပြည် က ဆေးရုံတရုံ…

CoViD19 ခြိမ်းခြောက်မှု ရှိလာ တဲ့အတွက် ဧပြီလဆန်း က စပြီး သီပေါ ဆေးရုံ ကို အဝင်အထွက် ကန့်သတ်ခဲ့တယ် လုံး၀ ဧည့်သည် အဝင်မခံခဲ့ဘူး (ခိုးဝင်တွေတော့ မိရင် ပြန်ခိုင်းပါတယ်) လူနာစောင့် ကန့်သတ်လိုက်တယ် ထမင်းတောင်ထွက်မယူခိုင်းဘူး ဆေးရုံကပဲ လူနာရော လူနာစောင့်ရော တာဝန်ကျ ဝန်ထမ်းတွေ ကိုပါ ထမင်းကျွေးခဲ့တယ်။

တစ်နေ့ကို လူ ၁၅၀ ကနေ ၂၀၀ ကြားအထိ ထမင်း နှစ်နပ်ကျွေး ခဲ့ရတယ် တစ်လပြည့်ပြီ သုံးသပ်ကြည့်တယ် လူနာတွေ ဆေးရုံရောက်တာ ဆေးရုံတက်တာ နည်းမသွားပါဘူး ပုံမှန်အတိုင်း လူနာရှိနေပါတယ် ယခင်က တစ်လကို ဆေးရုံကုတင် တစ်လုံးတစ်လလူနာ ၃.၇၆ယောက်က အသုံးပြုကြ တယ် ခု ၃.၀၄ယောက်ရှိပါတယ်။

ခွဲစိတ် လူနာတွေ အနာ ပိုးဝင်နှုန်း သုံးပုံ နှစ်ပုံ လျော့ကျသွားတယ် ယခင်က မွေးကင်းစကလေး သေနှုန်းထက်ကို တစ်ဝက်လောက် လျော့သွားတယ် အရင်က ပျဉ်းမျှ ၅ရက်ကနေ ၇ရက် ဆေးရုံတက်ကုမှ ပျောက်မယ့်လူနာတွေ ခုဆို ၃-၄ ရက်ဆို ရောဂါပျောက်လို့ ဆေးရုံက ဆင်းရပါပြီ ဆေးရုံကို အဝင်အထွက်ကန့်သတ်လိုက်တာ အင်မတန် ကောင်းတဲ့ ရလာဒ်တွေရရှိလာခဲ့ပါတယ်။

ဒီရောဂါကြီး ခြိမ်းခြောက်မှု ပြီးရင်တောင် ဒီအတိုင်း ပဲ ဆက်ကျင့်သုံးသွားချင်ပါသေးတယ်။ တစ်ခုပါပဲ လူပေါင်း ၂၀၀ လောက်အတွက် မနက် နေ့လည် ည စားသောက်စားရိတ်က တစ်ရက်ကို ၁၂၅၀၀၀ ကျပ် ကျသင့်တာပါပဲ။

(ထမင်းတစ်နပ် ကို အသားဟင်းနှင့်မှ ၃၅၀ ကျပ်ဝန်းကျင် သာကျတာပါ – တန်ဖိုးသင့်) ဧပြီလထဲမှာ ဦးချစ်ဝိုင်းမိသားစုက နှစ်ပတ်စာ ၁၇သိန်း ငါးသောင်း၊ ဦးတင်ထူးခိုင် ဒေါ်ဖြူဖြူထွန်း မိသားစုက ငါးရက်စာ ၆၂၅၀၀၀၊ Bingo အချိုရည်မှ ငါးသိန်း၊ သရဖူစတိုးမှ ငါးသိန်း၊ Vision fund Myanmar မှ ၁၃၆၀၀၀၊ ဦးစိုင်းထွန်းအေး ဒေါ်ခင်ခင်အေး (လဝက) ၊ ဒေါက်တာ ၊လှဂျူလိုင်အောင် (ကလေးအထူးကု) ၊ အောင်ရတနာဆီစက်၊ တို့က တစ်ရက်စီအတွက် ၁၂၅၀၀၀ ကျပ်စီ၊ ဒေါက်တာသင်းဌေးအေးက ငါးသောင်းတိတိ ပေါင်း အလှူရှင် ကိုးဦးက ၃၁သိန်း ရှစ်သောင်း ခြောက်ထောင်ကျပ်တိတိ နှင့်

ပုံမှန်ကြိုတင်ရက်ယူထားတဲ့ အလှူရှင်များက ရှစ်သိန်း နှဏ်သောင်း ငါးထောင် ကျပ် လှူထားတာမို့ ဧပြီတစ်လလုံး ချောချော ချူချူ ကျွေးမွေး စောင့်ရှောက်နိုင်ခဲ့ပါတယ် မေလကိုလည်း ဆေးရုံ ဝင်ထွက်ခွင့်ကို ယခုလိုပဲ ဆက်လက် ကန့်သတ်ထားဦးမှာပါ ဆေးရုံတွင်းသို့ ကူးစက်ရောဂါရောက်မလာရေး ဆေးရုံ ဝန်ထမ်းများ အားလုံး နှင့် လူနာများ လူနာစောင့်များ အားလုံး မည်သူမျှ ကူးစက်မခံရရေး ကို ဆက်လက် အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စေတနာသဒ္ဓါပေါက်လို့ အာဟာရဒါန ကို ကာလဒါနအဖြစ် လှူဒါန်းချင်တယ်ဆိုရင်တော့ ဆေးလူမှု ဆက်ဆံရေးမှူး ဒေါ်ယဉ်ကျော့ကျော့ခိုင် ၀၉ ၉၇၃၀၀ ၉၂၁၀ ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ အာဟာရ လှူဒါန်းတဲ့ အကျိုးကျေးဇူးကို ကာလဒါနအဖြစ်ရရှိမှာ ဖြစ်ရုံမက လူအများကို ကျန်းမာစေတဲ့ အာယုဒါန ဇီဝိတဒါန အကျိုးတွေပါ ခံစားရ မှာဖြစ်ပါတယ်။ လှူဒါန်းမှု အစုစုကို အလေအလွင့်မရှိအောင် ဆက်တိုက် အားထည့်ကြီုးစားပေးနေပါတယ်။ ကျေးဇူးတင်ပါတယ်။

Nanda Win

Add a Comment

Your email address will not be published. Required fields are marked *

two × 4 =