ကိုဗစ္–၁၉ တိုက္ဖ်က္ေရး အတြက္ ျမန္မာ ကို အေမရိကန္က ေဒၚလာ (၄) သန္း ထပ္မံေပးအပ္

ကိုဗစ္–၁၉ တိုက္ဖ်က္ေရး အတြက္ ျမန္မာ ကို အေမရိကန္က ေဒၚလာ (၄) သန္း ထပ္မံေပးအပ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္–၁၉ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ တိုက္ဖ်က္ေရးအတြက္ အေမရိကန္ ျပည္ေထာင္စုက ေဒၚလာ ၄ သန္း အကူအညီ ထပ္မံေပးအပ္မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ထုတ္ျပန္ပါတယ္။ထပ္ေဆာင္းအကူအညီေတြကို အေမရိကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရးေအဂ်င္စီက က်န္းမာေရး ေစာင့္ေရွာက္မႈ လက္လွမ္းမီရရွိေရး ရန္ပုံေငြအစီအစဥ္ကတဆင့္ ျမန္မာျပည္သူ ေတြကို ေပးအပ္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္–၁၉ တုံ႔ျပန္ တိုက္ဖ်က္ေရးအတြက္ ၂၀၂၀ ေဖေဖာ္ဝါရီလကတည္းက အေမရိကန္က ေပးအပ္လာခဲ့တာနဲ႔ဆိုရင္ စုစုေပါင္း ေဒၚလာ ၁၃ ဒသမ ၅ သန္းရွိၿပီလို႔ သိရပါတယ္။

အေမရိကန္ သံ႐ုံးယာယီ တာဝန္ခံ ေဂ်ာ့ခ်္ဆစ္ဘလီက “ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္–၁၉ တုံ႔ျပန္တိုက္ဖ်က္ေရးအတြက္ ေပးအပ္တဲ့ အေမရိကန္ အကူအညီ ေဒၚလာ ၁၃ ဒသမ ၅ သန္းဟာ ႏိုင္ငံတဝန္း က်န္းမာေရးက႑အတြက္ က်ေနာ္တို႔ရဲ႕ ေရရွည္ ပူးေပါင္းေဆာင္႐ြက္မႈကို အားျဖည့္တာျဖစ္ပါတယ္။ အခု အကူအညီဟာ က်န္းမာေရးက႑အတြက္ ေပးအပ္ခဲ့တဲ့ ေဒၚလာ ၁၇၆ သန္းအပါအဝင္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္အတြင္း ျမန္မာႏိုင္ငံအတြက္ ကာလရွည္ၾကာ အကူအညီအေနနဲ႔ ေပးအပ္ခဲ့မႈ စုစုေပါင္း ေဒၚလာ ၁ ဒသမ ၃ ဘီလီယံအျပင္ ထပ္ၿပီးေပးတာ ျဖစ္ပါတယ္” လို႔ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံတကာဖြံ႕ၿဖိဳးေရး ေအဂ်င္စီက ျမန္မာႏိုင္ငံမွာ ကိုဗစ္–၁၉ ေရာဂါ အသိပညာေပး သတင္းအခ်က္အလက္ေတြျဖန႔္ေဝတဲ့လုပ္ငန္းေတြ၊ ပဋိပကၡေဘးသင့္ေဒသေတြမွာ တိုင္းရင္းသားက်န္းမာေရးအဖြဲ႕အစည္းေတြကတဆင့္ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္တားဆီးေရး လုပ္ငန္းေတြ နဲ႔ ေရာဂါစစ္ေဆးတဲ့ ဓာတ္ခြဲခန္းေတြအတြက္ ကြၽမ္းက်င္မႈေလ့က်င့္သင္တန္းေတြနဲ႔ ပစၥည္းကိရိယာေတြ ကူညီပံ့ပိုးေပးတာေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးဌာနအတြက္လည္း အေမရိကန္အစိုးရက လက္အိတ္ နဲ႔ ႏွာေခါင္းစည္းေတြအပါအဝင္ ေဘးကင္း လုံၿခဳံေရးဆိုင္ရာ ပစၥည္းကိရိယာေတြ ၿပီးခဲ့တဲ့ရက္ပိုင္းက ေပးအပ္ခဲ့ပါတယ္။

Credit DVB

unicode

ကိုဗစ်–၁၉ တိုက်ဖျက်ရေး အတွက် မြန်မာ ကို အမေရိကန်က ဒေါ်လာ (၄) သန်း ထပ်မံပေးအပ်

မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၄ သန်း အကူအညီ ထပ်မံပေးအပ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ထပ်ဆောင်းအကူအညီတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအစီအစဉ်ကတဆင့် မြန်မာပြည်သူ တွေကို ပေးအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အမေရိကန်က ပေးအပ်လာခဲ့တာနဲ့ဆိုရင် စုစုပေါင်း ဒေါ်လာ ၁၃ ဒသမ ၅ သန်းရှိပြီလို့ သိရပါတယ်။

အမေရိကန် သံရုံးယာယီ တာဝန်ခံ ဂျော့ချ်ဆစ်ဘလီက “မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ အမေရိကန် အကူအညီ ဒေါ်လာ ၁၃ ဒသမ ၅ သန်းဟာ နိုင်ငံတဝန်း ကျန်းမာရေးကဏ္ဍအတွက် ကျနော်တို့ရဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ပါတယ်။ အခု အကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက မြန်မာနိုင်ငံမှာ ကိုဗစ်–၁၉ ရောဂါ အသိပညာပေး သတင်းအချက်အလက်တွေဖြန့်ဝေတဲ့လုပ်ငန်းတွေ၊ ပဋိပက္ခဘေးသင့်ဒေသတွေမှာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေကတဆင့် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေး လုပ်ငန်းတွေ နဲ့ ရောဂါစစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေအတွက် ကျွမ်းကျင်မှုလေ့ကျင့်သင်တန်းတွေနဲ့ ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုးပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအတွက်လည်း အမေရိကန်အစိုးရက လက်အိတ် နဲ့ နှာခေါင်းစည်းတွေအပါအဝင် ဘေးကင်း လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပေးအပ်ခဲ့ပါတယ်။

Credit DVB