သင်္ကြန်တွင်း ကာလ တစ်လျှောက်လုံး အလှူလုပ်ခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေး ပြန်လည် ဖော်ပြလာတဲ့ ဖြူဖြူထွေး

မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ အနုပညာ နယ်ပယ်မှာ အချိန်အတိုတွင်း အခိုင်အမာ ရပ်တည် ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားခဲ့ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာတွေများစွာနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးခဲ့ရတာ လည်းတွေ့ရပါတယ်။

မိဘကိုလည်း သိတတ်ပြီး ကျွေးမွေး ပြုစုနေတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဖြစ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာပါ ။ ဒါ့အပြင် သူမက သူတစ်ပါးကိုလည်း အမြဲကူညီတတ်ပြီး သူမရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းပေးတဲ့ သူလေးလည်း ဖြစ်ပါတယ်။ မကြာခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာ ထက်မှာ သြင်္ကန်တွင်း ကာလတစ်လျှောက်လုံး သူမ နေထိုင်တဲ့ မွေးရပ်မြေ ရွာလေးမှာ နေ့ရက်တိုင်း စတုဒိသာ အလှူလေး ပြုလုပ်ဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကို အမှတ်တရ ပြန်လည်ဖော်ပြလာပါတယ် ။

ဒါ့အပြင် ကောမန့်လေးမှာလည်း ” အြင်္ကန်တုန်းက လှူခဲ့တယ် အလှူလေး ဒီအလှူလေးတွေကျ တင်လို့ရလို့ တင်လိုက်တာပါ တင်လို့မရတဲ့ နောက်ကွယ်က အလှူတွေ မတင်တာတော့ ကွကိုယ် ပြန်ချုပ်သလိုဖြစ်နေမှာဆိုလို့ပါ နားလည်းပေးပါ ” ရေးသားထားပါသေးတယ် ။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေး ရဲ့ အလှူဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

zawgyi




Yuan – Cele Zone

Add a Comment

Your email address will not be published. Required fields are marked *

5 × 1 =