




credit-cele zone

unicode

မောင့်အနား ဖက်အိပ်ချင်သော်လည်း အချိန်မတန်သေးဘူး ဆိုတဲ့ “ပိုပို”

ချစ်သူနဲ့ သိပ်မကြာခင်မှာ ရွှေလက်တွဲတော့မယ် လို့ သတင်းတွေထွက်ခဲ့တဲ့ ပိုပို တစ်ယောက် သူမရဲ့အိပ်ယာထဲက ပုံရိပ်လေးတစ်ခုကို ရိုဆန်ဆန်စာသားလေးနဲ့ ဝေမျှခဲ့ပါတယ်။ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ မိသားစုရဲ့ချစ်ခြင်းမေတ္တာကိုလည်း အပြည့်မဝမရခဲ့ တာမို့ ချစ်သူကို ပိုပြီး တွယ်တာတတ်သူတစ်ယောက်ပါ။

ငယ်စဉ်ကတည်းက အဘွားဖြစ်သူ နဲ့ကြီးပြင်းခဲ့ရပြီး ကိုယ်အောင်မြင်တဲ့အချိန်ရောက်မှ အဘွားကဆုံးပါးသွားတာမို့ One Lady Show မှာ အဘွားကို သတိရပြီး ငိုမိခဲ့ပါသေးတယ်။ ကိုယ်ပိုင်အိမ်မှာလည်း စိတ်ကိုပျော်စေမယ့် အော်ဂဲနစ်အသီးအနှံလေးတွေ စိုက်ပျိုးထားပြီး ကိုယ်စိုက်တာကိုယ်စားရင်း ကျန်းမာ ပျော်ရွှင်နေခဲ့ပါတယ်။

သီချင်းအလန်းလေးတွေနဲ့ ပရိသတ်တွေ ကိုဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်မလေးဟာ ချစ်ခြင်းမေတ္တာတောင့်တနေသူ တစ်ယောက်ပါ။ ဒီနေ့ မှာလည်း သူမရဲ့ အိပ်ယာထစပုံရိပ်လေး ကို ” မိုးအေးအေးနဲ့ စောင်ထဲကွေး မောင့်အနားဖက် အိပ်ချင် သော်လည် အချိန်မတန်သေးပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်သူနဲ့ အမြန်ဆုံးနီးစပ်နိုင်ပါစေပိုရေ။

credit-cele zone