ပီ႐ူးႏိုင္ငံ တြင္ ကိုဗစ္ ကူးစက္မႈ တဟုန္ထိုး ျမင့္တက္ကာ ကူးစက္ သူဦးေရ အီတလီ ကို ေက်ာ္တက္

ပီ႐ူးႏိုင္ငံ တြင္ ကိုဗစ္ ကူးစက္မႈ တဟုန္ထိုး ျမင့္တက္ကာ ကူးစက္ သူဦးေရ အီတလီ ကို ေက်ာ္တက္

ေတာင္အေမရိကႏိုင္ငံ တစ္ႏိုင္ငံျဖစ္သည့္ ပီ႐ူးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ခံရသူဦးေရသည္ ယခုအခါ ၂၄၀,၀၀၀ ေက်ာ္အထိ ရွိလာခဲ့ၿပီး အီတလီႏိုင္ငံရွိ ကူးစက္သူအေရအတြက္ကိုပင္ ေက်ာ္တက္သြားခဲ့ၿပီ ျဖစ္သည္။

ယင္းအတြက္ေၾကာင့္ ယခုအခါ ပီ႐ူးႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ပိုင္းတြင္ ကမာၻ႔ သတၱမေျမာက္ ကူးစက္မႈအျမင့္ဆုံး ႏိုင္ငံ ျဖစ္လာခဲ့သည္။ ပီ႐ူး၏ အထက္တြင္ အေမရိကန္၊ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ ယူေက ႏွင့္ စပိန္တို႔က အစဥ္လိုက္ ရပ္တည္ေနသည္။

ပီ႐ူးႏိုင္ငံတြင္ ၿပီးခဲ့သည့္ မတ္လအေစာပိုင္း COVID-19 ကပ္ေရာဂါ စတင္ ကူးစက္ျဖစ္ပြားခဲ့ခ်ိန္ကတည္းက ႏိုင္ငံတြင္ ေလာ့ခ္ေဒါင္းခ်မွတ္မႈမ်ားကို လ်င္လ်င္ျမန္ျမန္ လုပ္ေဆာင္ခဲ့သည္။ သို႔ေသာ္ျငားလည္း ေမလတြင္ ကူးစက္မႈျဖစ္စဥ္မ်ား တဟုန္ထိုး ျမင့္တက္ခဲ့ၿပီး ေမလကုန္ပိုင္းတြင္ တစ္ေန႔လ်င္ ကူးစက္သူဦးေရ ၈,၀၀၀ ေက်ာ္ အထိပင္ ျမင့္တက္ခဲ့သည္။

ပီ႐ူးႏိုင္ငံတြင္ COVID-19 ေၾကာင့္ ေသဆုံး သူဦးေရ ၇,၀၀၀ ေက်ာ္ ရွိေနသည္ ဟု သိရသည္။ ထို႔ျပင္ ပီ႐ူးႏိုင္ငံသည္ လက္တင္အေမရိကေဒသတြင္ ဘရာဇီးၿပီးလ်င္ ဒုတိယေျမာက္ ကူးစက္မႈအျမင့္ဆုံးျဖစ္ေၾကာင္း သိရသည္။

ယခုအခါ ေျမာက္အေမရိကႏွင့္ ေတာင္အေမရိကတိုက္ တို႔သည္ ကမာၻလုံးဆိုင္ရာ COVID-19 ကူးစက္ျဖစ္ပြားမႈ ဗဟိုခ်က္ျဖစ္လာခဲ့ၿပီး စုစုေပါင္း ကူးစက္သူ ၄ သန္းနီးပါးႏွင့္ ေသဆုံးသူ ၂၀၄,၀၀၀ ဦးခန႔္ ရွိေနသည္။ ၿပီးခဲ့သည့္ သီတင္းပတ္မ်ားအတြင္း ပီ႐ူး၊ ခ်ီလီ ႏွင့္ ဘရာဇီးတို႔သည္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈဒဏ္ အဆိုး႐ြားဆုံး ခံခဲ့ရသည့္ ႏိုင္ငံမ်ားျဖစ္ခဲ့သည္။

crd : blacer

unicode

ပီရူးနိုင်ငံ တွင် ကိုဗစ် ကူးစက်မှု တဟုန်ထိုး မြင့်တက်ကာ ကူးစက် သူဦးရေ အီတလီ ကို ကျော်တက်

တောင်အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ပီရူးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူဦးရေသည် ယခုအခါ ၂၄၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး အီတလီနိုင်ငံရှိ ကူးစက်သူအရေအတွက်ကိုပင် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုအခါ ပီရူးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုင်းတွင် ကမ္ဘာ့ သတ္တမမြောက် ကူးစက်မှုအမြင့်ဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ ပီရူး၏ အထက်တွင် အမေရိကန်၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ ယူကေ နှင့် စပိန်တို့က အစဉ်လိုက် ရပ်တည်နေသည်။

ပီရူးနိုင်ငံတွင် ပြီးခဲ့သည့် မတ်လအစောပိုင်း COVID-19 ကပ်ရောဂါ စတင် ကူးစက်ဖြစ်ပွားခဲ့ချိန်ကတည်းက နိုင်ငံတွင် လော့ခ်ဒေါင်းချမှတ်မှုများကို လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့သည်။ သို့သော်ငြားလည်း မေလတွင် ကူးစက်မှုဖြစ်စဉ်များ တဟုန်ထိုး မြင့်တက်ခဲ့ပြီး မေလကုန်ပိုင်းတွင် တစ်နေ့လျင် ကူးစက်သူဦးရေ ၈,၀၀၀ ကျော် အထိပင် မြင့်တက်ခဲ့သည်။

ပီရူးနိုင်ငံတွင် COVID-19 ကြောင့် သေဆုံး သူဦးရေ ၇,၀၀၀ ကျော် ရှိနေသည် ဟု သိရသည်။ ထို့ပြင် ပီရူးနိုင်ငံသည် လက်တင်အမေရိကဒေသတွင် ဘရာဇီးပြီးလျင် ဒုတိယမြောက် ကူးစက်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ယခုအခါ မြောက်အမေရိကနှင့် တောင်အမေရိကတိုက် တို့သည် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်လာခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၄ သန်းနီးပါးနှင့် သေဆုံးသူ ၂၀၄,၀၀၀ ဦးခန့် ရှိနေသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပီရူး၊ ချီလီ နှင့် ဘရာဇီးတို့သည် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရသည့် နိုင်ငံများဖြစ်ခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *

10 + 7 =