အိႏၵိယ စစ္သားေတြ ရဲ႕ အေလာင္းေတြ ကို တ႐ုတ္စစ္တပ္က လူ႔က်င့္ဝတ္ နဲ႔ မေလွ်ာ္ညီစြာ ခုတ္ထစ္ျဖတ္ေတာက္ခဲ့

အိႏၵိယ စစ္သားေတြ ရဲ႕ အေလာင္းေတြ ကို တ႐ုတ္စစ္တပ္က လူ႔က်င့္ဝတ္ နဲ႔ မေလွ်ာ္ညီစြာ ခုတ္ထစ္ျဖတ္ေတာက္ခဲ့

အိႏၵိယသတင္းမီ ဒီယာေတြ ဘက္က ထုတ္ျပန္မႈအရ အိႏၵိယစစ္သား အေလာင္း(၂၀)ေက်ာ္ကို တ႐ုတ္စစ္တပ္က လူမဆန္စြာ ဓားနဲ႔ ခုတ္ထစ္ျဖတ္ေတာက္ျခင္း၊ သံေခ်ာင္းဆူးလုံး တပ္ဆင္ထားတဲ့ တင္းပုတ္မ်ားျဖင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ ႐ိုက္ႏွက္ျခင္း၊ တစ္ေယာက္ တစ္လွည့္ ကိုင္းခုတ္ဓားနဲ႔ ခုတ္ျဖတ္ျခင္းေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယဘက္ မွာေတာ့ တ႐ုတ္ဆန႔္က်င့္ေရး လႈပ္ရွားမႈအရွိန္ ျပင္းထန္ေနၿပီး၊ တ႐ုတ္ အာဏာပိုင္ေတြကေတာ့ မဟုတ္မမွန္တဲ့ သတင္းေတြ ျဖန႔္ေဝျခင္း မျပဳဖို႔နဲ႔ ပိုမိုျပင္းထန္တဲ့ အေနအထားျဖစ္လာပါက ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ျဖစ္လာလိမ့္မယ္လို႔ ၿခိမ္းေျခာက္ ခဲ့တယ္လို႔ သိရပါတယ္။ ဟိမဝႏၲာေတာင္ဝွမ္းတစ္ေနရာမွာ ျဖစ္ခဲ့တဲ့ တိုက္ခိုက္မႈ မွာ တ႐ုတ္က အိႏၵိယစစ္တပ္ေတြ နယ္ကြၽံ႕လာလို႔ဆိုၿပီး စြပ္စြဲထားပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ ျပည္တြင္း အက်ပ္အတည္းေတြေၾကာင့္ ကမာၻ႔အေရး ႏွာေစးေနခ်ိန္မွာ အခ်ိန္ကိုက္ ႏိုင္ငံေရးအျမတ္ထုတ္မႈေတြ လုပ္လာေၾကာင္း အေနာက္ယိမ္းသမားေတြက စြပ္စြဲၾကပါတယ္။ တ႐ုတ္ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ဝင္ေရာက္လာတဲ့ UK စစ္သေဘၤာေတြ ကိုလည္း တားျမစ္မႈ ေတြ ျပဳလုပ္ခဲ့ၿပီး၊ ယင္းတို႔ စစ္သေဘၤာေတြကိုလည္း အဆင့္သင့္ ေနရာခ်ထားၿပီလို႔ ထုတ္ျပန္ထားပါတယ္။

အခု မၾကာေသးခင္က ျဖစ္ခဲ့တဲ့ ပဋိပကၡမွာ တ႐ုတ္စစ္သား (၃၀၀)ေက်ာ္က အသင့္ ေစာင့္ဆိုင္းေနတယ္လို႔ ဆိုပါတယ္။ အိႏၵိယ ကေတာ့ တပ္ဖြဲ႕ဝင္ (၅၅)ဦးသာ ပါဝင္ ဝင္ပါတယ္။ အိႏၵိယဘက္ က စစ္သား (၂၀)ဦးေက်ာ္ က်ဆုံး ခဲ့ၿပီး၊ တ႐ုတ္ဘက္ကေတာ့ ဘယ္ေ႐ြ႕ဘယ္မွ် က်ဆုံးခဲ့တယ္ ဆိုတာ သတင္းထုတ္ျပန္ျခင္း မရွိပါဘူး။ သို႔ေသာ္လည္း သတင္းေတြ အရ (၄၃)ဦး ေသဆုံး ခဲ့တယ္လို႔ သိရပါတယ္။

ထူးျခားတာက အခု တိုက္ပြဲမွာ နယ္စပ္လုံၿခဳံေရး သေဘာတူညီခ်က္အရ ေသနတ္တစ္ခ်က္ မွ မေဖာက္ လိုက္ရဘဲ၊ တုတ္ေတြဓားေတြ နဲ႔ တိုက္ခိုက္ ခဲ့ၾကတာပါ။ တ႐ုတ္ဘက္က ေဘ့စ္ေဘာဘတ္တံေတြ ကို သံဆူးႀကိဳး နဲ႔ စနစ္တက် ပတ္လာတာမ်ိဳးေတာင္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ႏွစ္ႏိုင္ငံ စစ္ေခါင္းေဆာင္ေတြက ညႇိႏႈိင္းမႈေတြ လုပ္ေနတယ္ ဆိုေသာ္လည္း၊ နယ္စပ္မွာ စစ္တပ္ အင္အားေတြ အလုံးအရင္း ပို႔ေနေၾကာင္း သိရ ပါတယ္။

ေလးစားမႈျဖင့္ ခရစ္ဒက္ လင္းသုတ

unicode

အိန္ဒိယ စစ်သားတွေ ရဲ့ အလောင်းတွေ ကို တရုတ်စစ်တပ်က လူ့ကျင့်ဝတ် နဲ့ မလျှော်ညီစွာ ခုတ်ထစ်ဖြတ်တောက်ခဲ့

အိန္ဒိယသတင်းမီ ဒီယာတွေ ဘက်က ထုတ်ပြန်မှုအရ အိန္ဒိယစစ်သား အလောင်း(၂၀)ကျော်ကို တရုတ်စစ်တပ်က လူမဆန်စွာ ဓားနဲ့ ခုတ်ထစ်ဖြတ်တောက်ခြင်း၊ သံချောင်းဆူးလုံး တပ်ဆင်ထားတဲ့ တင်းပုတ်များဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်နှက်ခြင်း၊ တစ်ယောက် တစ်လှည့် ကိုင်းခုတ်ဓားနဲ့ ခုတ်ဖြတ်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယဘက် မှာတော့ တရုတ်ဆန့်ကျင့်ရေး လှုပ်ရှားမှုအရှိန် ပြင်းထန်နေပြီး၊ တရုတ် အာဏာပိုင်တွေကတော့ မဟုတ်မမှန်တဲ့ သတင်းတွေ ဖြန့်ဝေခြင်း မပြုဖို့နဲ့ ပိုမိုပြင်းထန်တဲ့ အနေအထားဖြစ်လာပါက ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ခြိမ်းခြောက် ခဲ့တယ်လို့ သိရပါတယ်။ ဟိမဝန္တာတောင်ဝှမ်းတစ်နေရာမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု မှာ တရုတ်က အိန္ဒိယစစ်တပ်တွေ နယ်ကျွံ့လာလို့ဆိုပြီး စွပ်စွဲထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန် ပြည်တွင်း အကျပ်အတည်းတွေကြောင့် ကမ္ဘာ့အရေး နှာစေးနေချိန်မှာ အချိန်ကိုက် နိုင်ငံရေးအမြတ်ထုတ်မှုတွေ လုပ်လာကြောင်း အနောက်ယိမ်းသမားတွေက စွပ်စွဲကြပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာတဲ့ UK စစ်သင်္ဘောတွေ ကိုလည်း တားမြစ်မှု တွေ ပြုလုပ်ခဲ့ပြီး၊ ယင်းတို့ စစ်သင်္ဘောတွေကိုလည်း အဆင့်သင့် နေရာချထားပြီလို့ ထုတ်ပြန်ထားပါတယ်။

အခု မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ တရုတ်စစ်သား (၃၀၀)ကျော်က အသင့် စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယ ကတော့ တပ်ဖွဲ့ဝင် (၅၅)ဦးသာ ပါဝင် ဝင်ပါတယ်။ အိန္ဒိယဘက် က စစ်သား (၂၀)ဦးကျော် ကျဆုံး ခဲ့ပြီး၊ တရုတ်ဘက်ကတော့ ဘယ်ရွေ့ဘယ်မျှ ကျဆုံးခဲ့တယ် ဆိုတာ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ သို့သော်လည်း သတင်းတွေ အရ (၄၃)ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ထူးခြားတာက အခု တိုက်ပွဲမှာ နယ်စပ်လုံခြုံရေး သဘောတူညီချက်အရ သေနတ်တစ်ချက် မှ မဖောက် လိုက်ရဘဲ၊ တုတ်တွေဓားတွေ နဲ့ တိုက်ခိုက် ခဲ့ကြတာပါ။ တရုတ်ဘက်က ဘေ့စ်ဘောဘတ်တံတွေ ကို သံဆူးကြိုး နဲ့ စနစ်တကျ ပတ်လာတာမျိုးတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေက ညှိနှိုင်းမှုတွေ လုပ်နေတယ် ဆိုသော်လည်း၊ နယ်စပ်မှာ စစ်တပ် အင်အားတွေ အလုံးအရင်း ပို့နေကြောင်း သိရ ပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် လင်းသုတ