သထုံ ေလးဆူ ဓာတ္ဆံ ေ႐ႊစာရံဘုရား အလႉခံပုံးအား လက္ျဖင့္ ႐ိုက္ခြဲကာ ေငြ (၆၅၉,၈၅၀) က်ပ္အား ခိုးယူေသာ အမ်ိဳးသား (၁) ဦး ကို ဖမ္းမိ

သထုံ ေလးဆူ ဓာတ္ဆံ ေ႐ႊစာရံဘုရား အလႉခံပုံးအား လက္ျဖင့္ ႐ိုက္ခြဲကာ ေငြ (၆၅၉,၈၅၀) က်ပ္အား ခိုးယူေသာ အမ်ိဳးသား (၁) ဦး ကို ဖမ္းမိ

မြန္ျပည္နယ္ သထုံၿမိဳ႕ ၌္ သထုံၿမိဳ႕ ေလးဆူ ဓာတ္ဆံ ေ႐ႊစာရံ ဘုရား အလႉခံပုံးအား ႐ိုက္ခြဲၿပီး ေငြ ခိုးယူသူ အမ်ိဳးသား တစ္ဦး အား ရဲတပ္ဖြဲ႕ဝင္မ်ား မွ အခ်ိန္ တို အတြင္း ဖမ္းဆီး ရမိေၾကာင္း သိ ရ သည္ ။

ျဖစ္စဥ္မွာ မြန္ျပည္နယ္ သထုံၿမိဳ႕ရွိ ေလးဆူ ဓာတ္ဆံေ႐ႊစာရံ ဘုရား အတြင္း ဘုရားဖူးျပည္သူမ်ား လုံၿခဳံစိတ္ခ်စြာ ဘုရားဖူးႏိုင္ရန္တြက္ သထုံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံး မွ-ရဲမႉးစိုးေအာင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ား သထုံခ႐ိုင္မႈခင္းအကူဌာနမွ ရဲအုပ္-ေစာယုလႈိင္ႏွင္တပ္ဖြဲ႕ဝင္မ်ား ေအာက္က်င္းရပ္ကြက္ ရာအိမ္မႉးမ်ား ပါ ဝင္ေသာ အဖြဲ႕မွ လုံၿခဳံေရးမ်ား ခ်ထားစဥ္ ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕ ဒိုဘီကုန္းရပ္ကြက္ေန ထင္ေအာင္ေက်ာ္(ခ)သားႀကီး (ဘ)ဦးေမာင္ေမာင္ေက်ာ္ (သ)၃၉ ႏွစ္ ဆိုသည္ မွ ေလဆူဓာတ္ဆံ ေ႐ႊစာရံ ဘုရားမွန္စီဝတ္ အတြင္း ရွိ အလႉခံပုံးအား လက္ျဖင့္ ထုခြဲကာ အလႉခံပုံး အတြင္း ရွိ ေငြစကၠဴေရာရာပါ (၆၅၉,၈၅၀) က်ပ္အား ယူေဆာင္၍ ထြက္ေျပးစဥ္ သထုံၿမိဳ႕ ေဆ႐ုံလမ္းတြင္ ဖမ္းဆီး ရမိခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္ ၍ ဘုရား အလႉခံပုံ အား လက္ျဖင့္ ထုခြဲၿပီး အလႉေငြမ်ားအား ခိုးယူသူ ထင္ေအာင္ေက်ာ္(ခ)သားႀကီးအား သထုံၿမိဳ႕မ ရဲစခန္း က ဆက္လက္စစ္ေဆး အေရးယူေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္းသိ ရသည္။

သမိန္ျဗတ္စ

unicode

သထုံ လေးဆူ ဓာတ်ဆံ ရွှေစာရံဘုရား အလှူခံပုံးအား လက်ဖြင့် ရိုက်ခွဲကာ ငွေ (၆၅၉,၈၅၀) ကျပ်အား ခိုးယူသော အမျိုးသား (၁) ဦး ကို ဖမ်းမိ

မွန်ပြည်နယ် သထုံမြို့ ၌် သထုံမြို့ လေးဆူ ဓာတ်ဆံ ရွှေစာရံ ဘုရား အလှူခံပုံးအား ရိုက်ခွဲပြီး ငွေ ခိုးယူသူ အမျိုးသား တစ်ဦး အား ရဲတပ်ဖွဲ့ဝင်များ မှ အချိန် တို အတွင်း ဖမ်းဆီး ရမိကြောင်း သိ ရ သည် ။

ဖြစ်စဉ်မှာ မွန်ပြည်နယ် သထုံမြို့ရှိ လေးဆူ ဓာတ်ဆံရွှေစာရံ ဘုရား အတွင်း ဘုရားဖူးပြည်သူများ လုံခြုံစိတ်ချစွာ ဘုရားဖူးနိုင်ရန်တွက် သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှ-ရဲမှူးစိုးအောင်နှင့် တပ်ဖွဲ့ဝင်များ သထုံခရိုင်မှုခင်းအကူဌာနမှ ရဲအုပ်-စောယုလှိုင်နှင်တပ်ဖွဲ့ဝင်များ အောက်ကျင်းရပ်ကွက် ရာအိမ်မှူးများ ပါ ဝင်သော အဖွဲ့မှ လုံခြုံရေးများ ချထားစဉ် ဧရာဝတီတိုင်း မြောင်းမြမြို့ ဒိုဘီကုန်းရပ်ကွက်နေ ထင်အောင်ကျော်(ခ)သားကြီး (ဘ)ဦးမောင်မောင်ကျော် (သ)၃၉ နှစ် ဆိုသည် မှ လေဆူဓာတ်ဆံ ရွှေစာရံ ဘုရားမှန်စီဝတ် အတွင်း ရှိ အလှူခံပုံးအား လက်ဖြင့် ထုခွဲကာ အလှူခံပုံး အတွင်း ရှိ ငွေစက္ကူရောရာပါ (၆၅၉,၈၅၀) ကျပ်အား ယူဆောင်၍ ထွက်ပြေးစဉ် သထုံမြို့ ဆေရုံလမ်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက် ၍ ဘုရား အလှူခံပုံ အား လက်ဖြင့် ထုခွဲပြီး အလှူငွေများအား ခိုးယူသူ ထင်အောင်ကျော်(ခ)သားကြီးအား သထုံမြို့မ ရဲစခန်း က ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိ ရသည်။

သမိန်ဗြတ်စ