ဘဝထဲ ကို အသစ္ ဝင္ေရာက္လာတဲ့ သမီးေလးကို ခ်စ္မဝျဖစ္ေနတဲ့ Rဇာနည္

ဘဝထဲ ကို အသစ္ ဝင္ေရာက္လာတဲ့ သမီးေလးကို ခ်စ္မဝျဖစ္ေနတဲ့ Rဇာနည္

နာမည္ႀကီး Roker အဆိုေတာ္ R ဇာနည္ ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္ေနာ္..။ အမိုက္စားေကာင္းလြန္းတဲ့ အသံပါဝါေၾကာင့္ ေယာက္်ားေလးပရိသတ္ေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ ရရွိပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္။ တစ္ပုဒ္ဆို တစ္ပုဒ္ဆိုသေလာက္ ထြက္တဲ့ အခ်ိန္တိုင္း မွာ ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်ကာ ေအာင္ျမင္မႈေတြကို ရရွိခဲ့သူပါ။

လက္ရွိမွာ ေမာ္ဒယ္ ဝမ္း နဲ႔ အိမ္ေထာင္က်ၿပီး ခ်စ္စရာေကာင္းတဲ့ သားႏွစ္ေယာက္နဲ႔ အတူ ေပ်ာ္႐ႊင္ေအးခ်မ္းစြာ ေနထိုင္ေနေပမယ့္ ဒီေန႔ ေမလ (၁၄)ရက္ေန႔မွာေတာ့ Rဇာနည္က သူတို႔ရဲ႕ ဘဝထဲကို ဝင္ေရာက္လာတဲ့ သမီးရတနာေလးရဲ႕ ပုံေလးနဲ႔အတူ “သမီးေလး ဒီေန႔မနက္မွာ ကြၽန္ေတာ္တို႔ မိသားစုဘဝထဲကို ေရာက္လာပါၿပီ.။ သမီးေလး က်န္းက်န္းမာမာနဲ႔ ကမာၻေျမႀကီးအတြက္ ကံေကာင္းျခင္းေတြ ခ်စ္ျခင္းေမတၱာတရားေတြ တစ္ေပြ႕တစ္ပိုက္ႀကီးသယ္ေဆာင္လာပါၿပီ.။ ကမာၻသူကမာၻသား မ်ားႏွင့္ သတၱဝါမ်ားအားလုံး လဲက်န္းမာခ်မ္းသာ ၍ ကမာၻေျမႀကီးလည္း စိမ္းလန္း ဆိုေျပသာယာ လွပပါေစ.။.R+1 – 14,5,2020” ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။

Rဇာနည္က အရင္တည္းက သမီးေလးတစ္ေယာက္ ကို လိုခ်င္ခဲ့ေပမယ့္ သမီးကိုယ္ဝန္ကို ရရွိတဲ့အခ်ိန္မွာ အတိုင္းမသိေအာင္ ေပ်ာ္႐ႊင္ခဲ့ရတဲ့ သူ႔ရဲ႕ ေပ်ာ္႐ႊင္မႈေတြကို မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးမွာ ေျပာျပခဲ့ဖူးပါတယ္.။ ဒီေန႔ ေမလ(၁၄)ရက္ေန႔မွာေတာ့ Rဇာနည္ တစ္ေယာက္ သူလိုခ်င္တဲ့ သမီးေခ်ာေလး ကို ပိုင္ဆိုင္ခြင့္ရခဲ့ၿပီမို႔ ေပ်ာ္႐ႊင္မဆုံးျဖစ္ေနမယ္ဆိုတာ အေသအခ်ာပါပဲေနာ္ ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း သမီးေခ်ာ ရတနာေလးကို ပိုင္ဆိုင္သြားရၿပီျဖစ္တဲ့ Rဇာနည္နဲ႔ ဝမ္းတို႔အတြက္ ဂုဏ္ျပဳစကားေလး ေျပာေပးခဲ့ ပါဦးေနာ္။

crd : panpyoelat

unicode

ဘဝထဲ ကို အသစ် ဝင်ရောက်လာတဲ့ သမီးလေးကို ချစ်မဝဖြစ်နေတဲ့ Rဇာနည်

နာမည်ကြီး Roker အဆိုတော် R ဇာနည် ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ အမိုက်စားကောင်းလွန်းတဲ့ အသံပါဝါကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် ထွက်တဲ့ အချိန်တိုင်း မှာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ အောင်မြင်မှုတွေကို ရရှိခဲ့သူပါ။

လက်ရှိမှာ မော်ဒယ် ဝမ်း နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားနှစ်ယောက်နဲ့ အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နေပေမယ့် ဒီနေ့ မေလ (၁၄)ရက်နေ့မှာတော့ Rဇာနည်က သူတို့ရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ သမီးရတနာလေးရဲ့ ပုံလေးနဲ့အတူ “သမီးလေး ဒီနေ့မနက်မှာ ကျွန်တော်တို့ မိသားစုဘဝထဲကို ရောက်လာပါပြီ.။ သမီးလေး ကျန်းကျန်းမာမာနဲ့ ကမ္ဘာမြေကြီးအတွက် ကံကောင်းခြင်းတွေ ချစ်ခြင်းမေတ္တာတရားတွေ တစ်ပွေ့တစ်ပိုက်ကြီးသယ်ဆောင်လာပါပြီ.။ ကမ္ဘာသူကမ္ဘာသား များနှင့် သတ္တဝါများအားလုံး လဲကျန်းမာချမ်းသာ ၍ ကမ္ဘာမြေကြီးလည်း စိမ်းလန်း ဆိုပြေသာယာ လှပပါစေ.။.R+1 – 14,5,2020” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။

Rဇာနည်က အရင်တည်းက သမီးလေးတစ်ယောက် ကို လိုချင်ခဲ့ပေမယ့် သမီးကိုယ်ဝန်ကို ရရှိတဲ့အချိန်မှာ အတိုင်းမသိအောင် ပျော်ရွှင်ခဲ့ရတဲ့ သူ့ရဲ့ ပျော်ရွှင်မှုတွေကို မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်.။ ဒီနေ့ မေလ(၁၄)ရက်နေ့မှာတော့ Rဇာနည် တစ်ယောက် သူလိုချင်တဲ့ သမီးချောလေး ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီမို့ ပျော်ရွှင်မဆုံးဖြစ်နေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း သမီးချော ရတနာလေးကို ပိုင်ဆိုင်သွားရပြီဖြစ်တဲ့ Rဇာနည်နဲ့ ဝမ်းတို့အတွက် ဂုဏ်ပြုစကားလေး ပြောပေးခဲ့ ပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *

1 + 12 =