႐ုရွား တြင္ က်န္းမာေရး ဝန္ထမ္း ( ၅၀၀ ) နီးပါး ကို႐ိုနာ ဗိုင္းရပ္စ္ ျဖင့္ ေသဆုံး

႐ုရွား တြင္ က်န္းမာေရး ဝန္ထမ္း ( ၅၀၀ ) နီးပါး ကို႐ိုနာ ဗိုင္းရပ္စ္ ျဖင့္ ေသဆုံး

ရ ရွားႏိုင္ငံ က်န္းမာေရး ဝန္ထမ္း ( ၅၀၀ ) နီးပါး ဟာ ကိုဗစ္-၁၉ ကူးစက္ခံ ရၿပီး ေသဆုံးေၾကာင္း ႐ုရွား အစိုးရ ရဲ႕ က်န္းမာေရး ေစာင့္ၾကည့္ အဖြဲ႕က ဇြန္လ ( ၁၈ ) ရက္ ၾကာသပေတးေန႔ မွာ ထုတ္ျပန္ေၾကျငာ ပါ တယ္ ။

လုပ္ေဖာ္ကိုင္ဖက္ က်န္းမာေရးဝန္ထမ္းေပါင္း ၄၈၉ ဦးရဲ႕ အသက္ဆုံးရႈံးခဲ့ ေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕ အႀကီးအကဲ အယ္လာစမိုလိုဗာ က က်န္းမာေရးဝန္ထမ္းမ်ားရဲ႕ လုံၿခံဳေရးအတြက္ အြန္လိုင္းေဆြးေႏြးပြဲမွာ ေျပာဆိုသြားတာျဖစ္ပါတယ္ ။

ေမလ ၂၆ ရက္ေန႔တုန္းက ရရွားက်န္းမာေရး ဝန္ႀကီးဌာန မွ တာဝန္ရွိသူ တစ္ဦးကေတာ့ က်န္းမာေရးဝန္ထမ္း ၁၀၁ ဦးေသဆုံးေၾကာင္း ေျပာပါတယ္ ။ ေမလ ၂၆ ရက္ေန႔ မွ ဇြန္လ ၁၈ ရက္အတြင္း က်န္းမာေရးဝန္ထမ္း ၃၈၈ ဦး ထပ္မံေသဆုံးခဲ့တဲ့ သေဘာျဖစ္ ပါတယ္ ။

က်န္းမာေရး ဝန္ထမ္း ေတြရဲ႕ ေသဆုံးမႈ စာရင္းမွာ အင္တာနက္ကေနတဆင့္ ရရွိ တာျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းမ်ား ျပဳလုပ္ထားေသာ လြတ္လပ္တဲ့ သတင္းဝက္ဆိုဒ္မွာ က်န္းမာေရးဝန္ထမ္းေတြ တင္ျပထားခ်က္မွ သိရတာျဖစ္ေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕အႀကီးအကဲ အယ္လာစမိုလိုဗာ က ေျပာပါတယ္။

က်န္းမာေရး ဝန္ထမ္းေတြ ေသဆုံးမႈကို ရပ္တန႔္ဖို႔ ဆိုတာ ကာကြယ္ေရးဝတ္စုံ အျပည့္အစုံျဖစ္ေရးဟာ အဓိကျဖစ္ေၾကာင္း စလိုမာဗိုလို ကဆက္ေျပာပါတယ္ ။ ရရွားသမၼတ ပူတင္ကလည္း က်န္းမာေရး ဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဝတ္စုံ လိုအပ္မႈကို သိထားၿပီး ျဖစ္ပါတယ္ ။

ရရွားႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ကိုဗစ္ -၁၉ ေၾကာင့္ ေသဆုံးသူဟာ ၇၇၉၀ ဦး ရွိေၾကာင္း နဲ႔ ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ စုစုေပါင္း ၅၆၁,၀၉၁ ဦး ရွိေၾကာင္း သိရပါတယ္ ။ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ဟာ ၇,၇၉၀ ဦးသာ ရွိတဲ့အတြက္ ဒီလအတြင္း ကူးစက္မႈ အနည္းဆုံးရက္ ျဖစ္ေၾကာင္း သိရ ပါတယ္ ။

unicode

ရုရှား တွင် ကျန်းမာရေး ဝန်ထမ်း ( ၅၀၀ ) နီးပါး ကိုရိုနာ ဗိုင်းရပ်စ် ဖြင့် သေဆုံး

ရ ရှားနိုင်ငံ ကျန်းမာရေး ဝန်ထမ်း ( ၅၀၀ ) နီးပါး ဟာ ကိုဗစ်-၁၉ ကူးစက်ခံ ရပြီး သေဆုံးကြောင်း ရုရှား အစိုးရ ရဲ့ ကျန်းမာရေး စောင့်ကြည့် အဖွဲ့က ဇွန်လ ( ၁၈ ) ရက် ကြာသပတေးနေ့ မှာ ထုတ်ပြန်ကြေငြာ ပါ တယ် ။

လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းပေါင်း ၄၈၉ ဦးရဲ့ အသက်ဆုံးရှုံးခဲ့ ကြောင်း စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အယ်လာစမိုလိုဗာ က ကျန်းမာရေးဝန်ထမ်းများရဲ့ လုံခြံုရေးအတွက် အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ် ။

မေလ ၂၆ ရက်နေ့တုန်းက ရရှားကျန်းမာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးကတော့ ကျန်းမာရေးဝန်ထမ်း ၁၀၁ ဦးသေဆုံးကြောင်း ပြောပါတယ် ။ မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၁၈ ရက်အတွင်း ကျန်းမာရေးဝန်ထမ်း ၃၈၈ ဦး ထပ်မံသေဆုံးခဲ့တဲ့ သဘောဖြစ် ပါတယ် ။

ကျန်းမာရေး ဝန်ထမ်း တွေရဲ့ သေဆုံးမှု စာရင်းမှာ အင်တာနက်ကနေတဆင့် ရရှိ တာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ ပြုလုပ်ထားသော လွတ်လပ်တဲ့ သတင်းဝက်ဆိုဒ်မှာ ကျန်းမာရေးဝန်ထမ်းတွေ တင်ပြထားချက်မှ သိရတာဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲ အယ်လာစမိုလိုဗာ က ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ သေဆုံးမှုကို ရပ်တန့်ဖို့ ဆိုတာ ကာကွယ်ရေးဝတ်စုံ အပြည့်အစုံဖြစ်ရေးဟာ အဓိကဖြစ်ကြောင်း စလိုမာဗိုလို ကဆက်ပြောပါတယ် ။ ရရှားသမ္မတ ပူတင်ကလည်း ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံ လိုအပ်မှုကို သိထားပြီး ဖြစ်ပါတယ် ။

ရရှားနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ် -၁၉ ကြောင့် သေဆုံးသူဟာ ၇၇၉၀ ဦး ရှိကြောင်း နဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၅၆၁,၀၉၁ ဦး ရှိကြောင်း သိရပါတယ် ။ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဟာ ၇,၇၉၀ ဦးသာ ရှိတဲ့အတွက် ဒီလအတွင်း ကူးစက်မှု အနည်းဆုံးရက် ဖြစ်ကြောင်း သိရ ပါတယ် ။