ဒွေး နဲ့ ပတ်သတ်ပြီး ရှုတင်ပေါ် မှာ ခဏခဏ စိတ်ဆိုး၊ စိတ်ကောက်ခဲ့ရတဲ့ အချိန်တွေ ရှိကြောင်း အမှတ်တရတွေကိုပြောပြလာတဲ့ “ထက်ထက်မိုးဦး”

Posted on

တစ်ချိန်က အနုပညာလောကမှာ လိုက်ဖက်အညီဆုံးနဲ့ အတွဲအညီဆုံး အနုပညာ မောင်နှမတွေဖြစ်ခဲ့ကြတဲ့ ဒွေးနဲ့ ထက်ထက်မိုးဦးတို့ကတော့ ရုပ်ရှင် ဇာတ်ကားတွေ မှာ ပရိသတ်အားပေးမှုကို အများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒွေးကတော့ ကွယ်လွန်သွားခဲ့တာ (၁၃) နှစ်ကျော်တိုင်ရှိခဲ့ပြီဖြစ်ပေမယ့် ထက်ထက်မိုးဦး ကတော့ အနုပညာလောက ထဲမှာ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက ဒွေးနဲ့ ပက်သတ်ပြီး ရှုတင် ပေါ်မှာ ခဏခဏ စိတ်ဆိုး၊ စိတ်ကောက်ခဲ့ရတဲ့အချိန်တွေရှိကြောင်း အမှတ်တရပြောပြလာခဲ့ပါတယ်။

“အစ်ကို နဲ့ အလုပ်တွေအများကြီး အတူလုပ်ခဲ့တာဆိုတော့ အမှတ်တရတွေက အများကြီးပါပဲ။ အစ်ကိုက အမြဲလိုလို ရှုတင်တွေနောက်ကျတတ်တယ် ထက် ကတော့ အချိန် တိတိကျကျ အလုပ်လုပ်တတ်တာမို့ ခဏခဏ စိတ်ဆိုးရတယ် အမှတ်တရတစ်ခုပေါ့နော်။ အစ်ကိုက နဲနဲနောက်ကျတာကလွဲရင် အလုပ်လုပ် တဲ့နေရာ စေ့စပ်သေချာတယ်။ အရမ်းခင်မင်တာမျိုး မဟုတ်ကြပေမယ့် အစ်ကိုလည်း အမှားမရှိအောင် ထက်ဘက်ကလည်း အမှားမရှိအောင် ကြိုးစားအ လုပ်လုပ်ကြရင်း ချစ်ရသူတွေရဲ့ ရင်ထဲရောက်အောင် ကြိုးစားခဲ့ရတာပဲ။စိတ်ထဲကနေ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ပြီး ကြိုးစား ကြတာမျိုးပေါ့နော်” ဆိုပြီး အမှတ်တရ ပြောလာပါတယ်။

ထက်ထက်မိုးဦးနဲ့ ဒွေးကတော့ အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့် နှစ်ပွင့်ဖြစ်ခဲ့သလို ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်တွေရင်ထဲ အသည်းထဲထိ ချစ်ခင်အားပေးနေရဆဲ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးပြောတဲ့ အမှတ်တရလေးကိုကြည့်ပြီး သွားလေသူဒွေးကို ပြန်လည်အောက်မေ့သတိရသွားမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb

zawgyi

တစ္ခ်ိန္က အႏုပညာေလာကမွာ လိုက္ဖက္အညီဆုံးနဲ႔ အတြဲအညီဆုံး အႏုပညာ ေမာင္ႏွမေတြျဖစ္ခဲ့ၾကတဲ့ ေဒြးနဲ႔ ထက္ထက္မိုးဦးတို႔ကေတာ့ ႐ုပ္ရွင္ ဇာတ္ကားေတြ မွာ ပရိသတ္အားေပးမႈကို အမ်ားအျပားရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေဒြးကေတာ့ ကြယ္လြန္သြားခဲ့တာ (၁၃) ႏွစ္ေက်ာ္တိုင္ရွိခဲ့ၿပီျဖစ္ေပမယ့္ ထက္ထက္မိုးဦး ကေတာ့ အႏုပညာေလာက ထဲမွာ ဆက္လက္ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ထက္ထက္မိုးဦးက ေဒြးနဲ႔ ပက္သတ္ၿပီး ရႈတင္ ေပၚမွာ ခဏခဏ စိတ္ဆိုး၊ စိတ္ေကာက္ခဲ့ရတဲ့အခ်ိန္ေတြရွိေၾကာင္း အမွတ္တရေျပာျပလာခဲ့ပါတယ္။

“အစ္ကို နဲ႔ အလုပ္ေတြအမ်ားႀကီး အတူလုပ္ခဲ့တာဆိုေတာ့ အမွတ္တရေတြက အမ်ားႀကီးပါပဲ။ အစ္ကိုက အၿမဲလိုလို ရႈတင္ေတြေနာက္က်တတ္တယ္ ထက္ ကေတာ့ အခ်ိန္ တိတိက်က် အလုပ္လုပ္တတ္တာမို႔ ခဏခဏ စိတ္ဆိုးရတယ္ အမွတ္တရတစ္ခုေပါ့ေနာ္။ အစ္ကိုက နဲနဲေနာက္က်တာကလြဲရင္ အလုပ္လုပ္ တဲ့ေနရာ ေစ့စပ္ေသခ်ာတယ္။ အရမ္းခင္မင္တာမ်ိဳး မဟုတ္ၾကေပမယ့္ အစ္ကိုလည္း အမွားမရွိေအာင္ ထက္ဘက္ကလည္း အမွားမရွိေအာင္ ႀကိဳးစားအ လုပ္လုပ္ၾကရင္း ခ်စ္ရသူေတြရဲ႕ ရင္ထဲေရာက္ေအာင္ ႀကိဳးစားခဲ့ရတာပဲ။စိတ္ထဲကေန တစ္ေယာက္ နဲ႔ တစ္ေယာက္ ၿပိဳင္ၿပီး ႀကိဳးစား ၾကတာမ်ိဳးေပါ့ေနာ္” ဆိုၿပီး အမွတ္တရ ေျပာလာပါတယ္။

ထက္ထက္မိုးဦးနဲ႔ ေဒြးကေတာ့ အႏုပညာေလာကရဲ႕ ေတာက္ပတဲ့ ၾကယ္ပြင့္ ႏွစ္ပြင့္ျဖစ္ခဲ့သလို ဒီေန႔ဒီအခ်ိန္ထိလည္း ပရိသတ္ေတြရင္ထဲ အသည္းထဲထိ ခ်စ္ခင္အားေပးေနရဆဲ အႏုပညာရွင္ေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ႀကီးလည္း ထက္ထက္မိုးဦးေျပာတဲ့ အမွတ္တရေလးကိုၾကည့္ၿပီး သြားေလသူေဒြးကို ျပန္လည္ေအာက္ေမ့သတိရသြားမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htet Htet Moe Oo’s fb