ေနျပည္ေတာ္ တြင္ ႏိုင္ငံ့ အႀကီးအကဲ မ်ားကို ေျမကြက္ခ်ထားေပးသည့္ ကိစၥ မွန္ကန္ဟု သမၼတ႐ုံး အတည္ျပဳ

ေနျပည္ေတာ္ တြင္ ႏိုင္ငံ့ အႀကီးအကဲ မ်ားကို ေျမကြက္ခ်ထားေပးသည့္ ကိစၥ မွန္ကန္ဟု သမၼတ႐ုံး အတည္ျပဳ

ေနျပည္ေတာ္တြင္ ႏိုင္ငံ့အႀကီးအကဲ မ်ားကို ေျမကြက္ခ်ထားေပးသည့္ကိစၥမွာ မွန္ကန္ေၾကာင္း သမၼတ႐ုံးဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာသည္။

၎က”Social Mediaမွာတင္ထားတဲ့ အခ်က္ ေတြလည္း ကြၽန္ေတာ္တို႔ေတြ႕ပါတယ္။ အဲ့ဒီမွာ အခ်က္အလက္ေတြကို မတရားခ်ဲ႕ကားထားၿပီးေတာ့ Disinformationလုပ္တာျဖစ္ပါတယ္။ ခ်ေပးထားတာေတြက မွန္တယ္”ဟုေျပာသည္။

သို႔ေသာ္ Social Mediaတြင္ ေဖာ္ျပထားသည့္ ေျမကြက္အက်ယ္မွာ ၈ ဧကခန႔္ရွိသည့္အတြက္ မျဖစ္ႏိုင္သည့္ အတိုင္းအတာမ်ားကို ခ်ဲ႕ကားၿပီး ရည္႐ြယ္ခ်က္ရွိရွိေရးထားျခင္းျဖစ္သည္ဟုလည္း ၎ကဆိုသည္။

ေနျပည္ေတာ္ သမၼတအိမ္ေတာ္တြင္ ‌ဇြန္လ ၁၉ရက္ေန႔ က ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ထိုသို႔ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဦးေဇာ္ေဌးက”ဘာရည္႐ြယ္ခ်က္လဲဆိုေတာ့ ကြၽန္ေတာ္ တို႔ဖက္က သုံးသပ္တာကေတာ့ ဒါကေတာ့ ၂၀၂၀ေ႐ြးေကာက္ပြဲေတြ နီးလာတဲ့အခ်ိန္မွာ Disinformation campaignလုပ္တဲ့သေဘာေပါ့”ဟုဆိုသည္။

လက္ရွိတြင္ ေနျပည္ေတာ္စည္ပင္က ဥတၱရသီရိၿမိဳ႕နယ္ အတြင္းရွိ ေျမ ၂ဧကတြင္ ေျမကြက္ ၁၀ကြက္၊ ၁ဧကတြင္ ေျမကြက္ ၆ကြက္ အကြက္ေဖာ္ၿပီး ျပည္ေထာင္စုအဆင့္တာဝန္ထမ္းေဆာင္ေနသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ၎ႏွင့္အထက္ ႏိုင္ငံေရးရာထူးရွိသည့္ ပုဂၢိဳလ္မ်ား ေလွ်ာက္ထားလာမႈ အေပၚ သတ္မွတ္ေဈးႏႈန္းျဖင့္ ခ်ေပးျခင္းျဖစ္ေၾကာင္း ၎ကရွင္းလင္းသည္။

ေနာက္ထပ္ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား ေလွ်ာက္ထားလာပါကလည္း ခ်ထားေပးရန္ရွိၿပီး ယင္းအတြက္ အကြက္မ်ားေဖာ္ေဆာင္ေနေၾကာင္း သိရသည္။

“ဒီလိုမ်ိဳးႏိုင္ငံေရးရာထူးတာဝန္ထမ္းေဆာင္ ခဲ့တဲ့သူေတြ အၿငိမ္းစားသြားတဲ့အခါ ႏိုင္ငံေတာ္ကခ်ီးျမႇင့္ေပးတဲ့ အစဥ္အလာအတိုင္း ေဆာင္႐ြက္ေပးျခင္းျဖစ္ပါတယ္။ ေျပာရရင္ေတာ့ ေျမကြက္ခ်ေပးတယ္ဆိုတာမွန္တယ္”ဟု ဦးေဇာ္ေဌးကေျပာသည္။

အဆိုပါ ပုဂၢိဳလ္မ်ားတြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ တို႔လည္း ပါဝင္ေၾကာင္းသိရသည္။

ဦးေဇာ္ေဌးက”သမၼတလဲပါတယ္။ အတိုင္ပင္ခံလဲပါတယ္။ ေျပာရရင္အဲ့ဒီမွာတက္လာတဲ့ လူေတြကမွန္တယ္။ အကြက္အက်ယ္ ေတြကခ်ဲ႕ကားထားတာ”ဟုေျပာသည္။

လက္ရွိခ်ထားေပးသည့္ ေျမကြက္ အက်ယ္အဝန္းမွာ ျပည္ေထာင္စုဝန္ႀကီးအဆင့္ဆိုပါက ေပ ၃၀၀ပတ္လည္၊ ဒုဝန္ႀကီး အဆင့္ ဆိုပါက ေပ ၂၅၀ပတ္လည္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္အဆင့္ဆိုပါက ေပ ၁၀၀ပတ္လည္၊ သမၼတအဆင့္ဆိုပါက ေပ ၄၀၀ပတ္လည္ရွိေၾကာင္း သိရသည္။

“ေျမကြက္ပဲခ်ေပးတာ။ က်န္တာက ၿခံခတ္တာ အေဆာက္အဦးေဆာက္တာက အဲ့တာက ကာယကံရွင္ကပဲ လုပ္ရမွာ”ဟု ၎က ဆိုသည္။

Crd – ဖူးေအာင္/ News Wathc

unicode

နေပြည်တော် တွင် နိုင်ငံ့ အကြီးအကဲ များကို မြေကွက်ချထားပေးသည့် ကိစ္စ မှန်ကန်ဟု သမ္မတရုံး အတည်ပြု

နေပြည်တော်တွင် နိုင်ငံ့အကြီးအကဲ များကို မြေကွက်ချထားပေးသည့်ကိစ္စမှာ မှန်ကန်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

၎င်းက”Social Mediaမှာတင်ထားတဲ့ အချက် တွေလည်း ကျွန်တော်တို့တွေ့ပါတယ်။ အဲ့ဒီမှာ အချက်အလက်တွေကို မတရားချဲ့ကားထားပြီးတော့ Disinformationလုပ်တာဖြစ်ပါတယ်။ ချပေးထားတာတွေက မှန်တယ်”ဟုပြောသည်။

သို့သော် Social Mediaတွင် ဖော်ပြထားသည့် မြေကွက်အကျယ်မှာ ၈ ဧကခန့်ရှိသည့်အတွက် မဖြစ်နိုင်သည့် အတိုင်းအတာများကို ချဲ့ကားပြီး ရည်ရွယ်ချက်ရှိရှိရေးထားခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

နေပြည်တော် သမ္မတအိမ်တော်တွင် ‌ဇွန်လ ၁၉ရက်နေ့ က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဌေးက”ဘာရည်ရွယ်ချက်လဲဆိုတော့ ကျွန်တော် တို့ဖက်က သုံးသပ်တာကတော့ ဒါကတော့ ၂၀၂၀ရွေးကောက်ပွဲတွေ နီးလာတဲ့အချိန်မှာ Disinformation campaignလုပ်တဲ့သဘောပေါ့”ဟုဆိုသည်။

လက်ရှိတွင် နေပြည်တော်စည်ပင်က ဥတ္တရသီရိမြို့နယ် အတွင်းရှိ မြေ ၂ဧကတွင် မြေကွက် ၁၀ကွက်၊ ၁ဧကတွင် မြေကွက် ၆ကွက် အကွက်ဖော်ပြီး ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုဝန်ကြီးများ၊ ၎င်းနှင့်အထက် နိုင်ငံရေးရာထူးရှိသည့် ပုဂ္ဂိုလ်များ လျှောက်ထားလာမှု အပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ချပေးခြင်းဖြစ်ကြောင်း ၎င်းကရှင်းလင်းသည်။

နောက်ထပ် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ လျှောက်ထားလာပါကလည်း ချထားပေးရန်ရှိပြီး ယင်းအတွက် အကွက်များဖော်ဆောင်နေကြောင်း သိရသည်။

“ဒီလိုမျိုးနိုင်ငံရေးရာထူးတာဝန်ထမ်းဆောင် ခဲ့တဲ့သူတွေ အငြိမ်းစားသွားတဲ့အခါ နိုင်ငံတော်ကချီးမြှင့်ပေးတဲ့ အစဉ်အလာအတိုင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ပြောရရင်တော့ မြေကွက်ချပေးတယ်ဆိုတာမှန်တယ်”ဟု ဦးဇော်ဌေးကပြောသည်။

အဆိုပါ ပုဂ္ဂိုလ်များတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့လည်း ပါဝင်ကြောင်းသိရသည်။

ဦးဇော်ဌေးက”သမ္မတလဲပါတယ်။ အတိုင်ပင်ခံလဲပါတယ်။ ပြောရရင်အဲ့ဒီမှာတက်လာတဲ့ လူတွေကမှန်တယ်။ အကွက်အကျယ် တွေကချဲ့ကားထားတာ”ဟုပြောသည်။

လက်ရှိချထားပေးသည့် မြေကွက် အကျယ်အဝန်းမှာ ပြည်ထောင်စုဝန်ကြီးအဆင့်ဆိုပါက ပေ ၃၀၀ပတ်လည်၊ ဒုဝန်ကြီး အဆင့် ဆိုပါက ပေ ၂၅၀ပတ်လည်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်ဆိုပါက ပေ ၁၀၀ပတ်လည်၊ သမ္မတအဆင့်ဆိုပါက ပေ ၄၀၀ပတ်လည်ရှိကြောင်း သိရသည်။

“မြေကွက်ပဲချပေးတာ။ ကျန်တာက ခြံခတ်တာ အဆောက်အဦးဆောက်တာက အဲ့တာက ကာယကံရှင်ကပဲ လုပ်ရမှာ”ဟု ၎င်းက ဆိုသည်။

Crd – ဖူးအောင်/ News Wathc