





unicode

အမေစု ရဲ့ မွေးနေ့ မှာ ပုံတူ Digital art လေးနဲ့ ဂုဏ်ပြု ဆုတောင်းပေး လိုက်တဲ့ အဆိုတော် ဖြိုးပြည့်စုံ

ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ် ကို ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့အတူ ခက် ခက်ခဲခဲရောက်ရှိ လာခဲ့တဲ့ သူ ကတော့ အဆိုတော ဖြိုးပြည့်စုံ ပဲဖြစ်ပါတယ်။ သီချင်းပြိုင်ပွဲတွေ များစွာကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဖြိုးပြည့်စုံက ယခလက်ရှိမှာတော့ သီချင်းအယ်ဘမ်လ်များစွာ ကို ထွက်ရှိ ထားတဲ့ သူလည်းဖြစ်ပါတယ်။ ဖြိုးပြည့်စုံက သူမတူတဲ့ အသံနဲ့ လေးလေး နက်နက် အနှစ်သာ ရရှိလွန်းတဲ့ သီချင်းတွေကို သီဆိုလေ့ရှိတာကြောင့် လူငယ်တွေသာမကပဲ လူ ကြီးတွေကပါ အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်…..။

ဖြိုးပြည့်စုံက လတ်တလော မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး တေးသီချင်း အသစ်တွေ ထွက်ရှိဖို့အတွက်လည်း ပြင်ဆင်နေတာ ကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလိုလည်း ဖြိုးပြည့်စုံက အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ် လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေ ကလည်း စောင့်မျှော်အားပေးနေကြတာပဲဖြစ်ပါတယ်……။

ယနေ့မှာတော့ ဖြိုးပြည့်စုံက နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေး နေ့ ရက်မြတ်မှာ သူကိုယ်တိုင်ပုံဖော် ဆွဲသားထားတဲ့ Digital art လေးအပြင် “ပျော်စရာ မွေးနေ့ဖြစ်ပါစေ အမေစု စိန်ရတု မွေးနေ့ အဖြစ် အိမ်မှာထားဖို့ ပုံတူ Digital art လေးနဲ့ (ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဂုဏ်ပြု အမှတ်တရ) ” ဆိုတဲ့ စာသားလေးကိုလည်း လူမှုကွန် ယက် စာမျက်နှာထက်မှာ တင်ပေးလာတာ ပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း ဖြိုးပြည့်စုံရဲ့ မွေးနေ့ဆုတောင်းလေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေး လိုက် ပါ တယ်နော်…..။

Source & Photo credit – ” Phyo Pyae Sone – ဖြိုးပြည့်စုံ ” FB page

Add a Comment

Your email address will not be published. Required fields are marked *

six + 3 =