ပိုးပန္းေနတဲ့ ေကာင္မေလးက DATE လုပ္ဖို႔ျငင္းပယ္လို႔ ဆိုၿပီး 2 နာရီခန႔္ ႐ိုက္ႏွက္ႏွိပ္စက္ ခဲ့တဲ့ အမ်ိဳးသား

ပိုးပန္းေနတဲ့ ေကာင္မေလးက DATE လုပ္ဖို႔ျငင္းပယ္လို႔ ဆိုၿပီး 2 နာရီခန႔္ ႐ိုက္ႏွက္ႏွိပ္စက္ ခဲ့တဲ့ အမ်ိဳးသား

တစ္ခ်ိဳ႕ေသာသူေတြက လိုခ်င္တာမ်ိဳးမရတဲ့ အခ်ိန္ေတြမွာဆိုရင္ ေဒါသကိုေရွ႕တန္းတင္ၿပီး ႐ိုက္ႏွက္ ႏွိပ္စက္တာမ်ိဳးလုပ္တတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း ကိုယ့္ခ်စ္တဲ့မိန္းကေလးအေပၚ လက္ပါတဲ့ေယာက်ၤားေတြကေတာ့ အေတာ္ေလး႐ုပ္ညံ့တဲ့လုပ္ရပ္လို႔ေျပာရမွာပါပဲ ။

ဒီတစ္ေခါက္မွာလည္း မိန္းမငယ္ေလး တစ္ေယာက္ဟာ သူမကိုပိုးပန္းတဲ့ေကာင္ေလးရဲ႕မေမွ်ာ္လင့္တဲ့လုပ္ရပ္ေၾကာင့္ ႐ိုက္ႏွက္ႏွိပ္စက္ခံခဲ့ရပါတယ္ ။

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 22 ႏွစ္ အ႐ြယ္ေကာင္မေလးဟာ သူမကိုေနာက္ေယာင္ခံၿပီးအၿမဲလိုက္လံပိုးပန္းေနတဲ့ အသက္ 27 ႏွစ္အ႐ြယ္ေကာင္ေလးကို ျငင္းပယ္ခဲ့ေပမဲ့ ေကာင္ေလးကေတာ့ ျငင္းခံလိုက္ရတာကို လက္မခံႏိုင္ပဲ သူမရဲ႕ေနအိမ္အခန္းထဲထိ သြားေရာက္ၿပီး 2နာရီခန႔္ ရက္စက္စြာ ထိုးႀကိတ္ႏွိပ္စက္ခဲ့ပါတယ္ ။

CCTV ထဲမွာေတာ့ ေကာင္ေလးဟာ သူမရဲ႕ ဆံပင္ကိုကိုင္ဆြဲၿပီး ရက္ရက္စက္စက္ ကန္ေက်ာက္ၿပီး မူးေမ့လဲႏိုင္တဲ့အထိႏွိပ္စက္ခဲ့တာပါ ။ 2နာရီခန႔္အၾကာမွ သူမရဲ႕အခန္းထဲသို႔ လူတစ္ေယာက္ဝင္ေရာက္လာၿပီး ဝင္ဆြဲေတာ့မွ အဆိုပါအျဖစ္အပ်က္ကေန သူမလြတ္ေျမာက္သြားႏိုင္ခဲ့ပါတယ္ ။

ထို႔ေနာက္ ခ်က္ခ်င္းပဲသူမကိုေဆး႐ုံသို႔ ေခၚေဆာင္ သြားၿပီး ကုသမႈခံယူခဲ့ခ်ိန္မွာေတာ့ မ်က္ႏွာ ႏွင့္ ဦးေခါင္းမ်ား ဖူးေရာင္ေနတဲ့အျပင္ နံ႐ိုးမ်ားလည္း အက္ကြဲဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရွိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကိုေတာ့ ရဲအရာရွိမ်ားက ဆက္လက္ၿပီးစုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိပါတယ္ ။

crd : panpyoelat

unicode

ပိုးပန်းနေတဲ့ ကောင်မလေးက DATE လုပ်ဖို့ငြင်းပယ်လို့ ဆိုပြီး 2 နာရီခန့် ရိုက်နှက်နှိပ်စက် ခဲ့တဲ့ အမျိုးသား

တစ်ချို့သောသူတွေက လိုချင်တာမျိုးမရတဲ့ အချိန်တွေမှာဆိုရင် ဒေါသကိုရှေ့တန်းတင်ပြီး ရိုက်နှက် နှိပ်စက်တာမျိုးလုပ်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ကိုယ့်ချစ်တဲ့မိန်းကလေးအပေါ် လက်ပါတဲ့ယောင်္ကျားတွေကတော့ အတော်လေးရုပ်ညံ့တဲ့လုပ်ရပ်လို့ပြောရမှာပါပဲ ။

ဒီတစ်ခေါက်မှာလည်း မိန်းမငယ်လေး တစ်ယောက်ဟာ သူမကိုပိုးပန်းတဲ့ကောင်လေးရဲ့မမျှော်လင့်တဲ့လုပ်ရပ်ကြောင့် ရိုက်နှက်နှိပ်စက်ခံခဲ့ရပါတယ် ။

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အသက် 22 နှစ် အရွယ်ကောင်မလေးဟာ သူမကိုနောက်ယောင်ခံပြီးအမြဲလိုက်လံပိုးပန်းနေတဲ့ အသက် 27 နှစ်အရွယ်ကောင်လေးကို ငြင်းပယ်ခဲ့ပေမဲ့ ကောင်လေးကတော့ ငြင်းခံလိုက်ရတာကို လက်မခံနိုင်ပဲ သူမရဲ့နေအိမ်အခန်းထဲထိ သွားရောက်ပြီး 2နာရီခန့် ရက်စက်စွာ ထိုးကြိတ်နှိပ်စက်ခဲ့ပါတယ် ။

CCTV ထဲမှာတော့ ကောင်လေးဟာ သူမရဲ့ ဆံပင်ကိုကိုင်ဆွဲပြီး ရက်ရက်စက်စက် ကန်ကျောက်ပြီး မူးမေ့လဲနိုင်တဲ့အထိနှိပ်စက်ခဲ့တာပါ ။ 2နာရီခန့်အကြာမှ သူမရဲ့အခန်းထဲသို့ လူတစ်ယောက်ဝင်ရောက်လာပြီး ဝင်ဆွဲတော့မှ အဆိုပါအဖြစ်အပျက်ကနေ သူမလွတ်မြောက်သွားနိုင်ခဲ့ပါတယ် ။

ထို့နောက် ချက်ချင်းပဲသူမကိုဆေးရုံသို့ ခေါ်ဆောင် သွားပြီး ကုသမှုခံယူခဲ့ချိန်မှာတော့ မျက်နှာ နှင့် ဦးခေါင်းများ ဖူးရောင်နေတဲ့အပြင် နံရိုးများလည်း အက်ကွဲဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ကိုတော့ ရဲအရာရှိများက ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပါတယ် ။