




credit-cele gabar

unicode

နာမည်ကြီး သီချင်း တစ်ပုဒ် ကို Cover ပြန်လည် သီဆို လိုက်တဲ့ ချမ်းမြေ့မောင်ချို

မ်းမြေ့မောင်ချို ကတော့ မြန်မာ အိုင်ဒေါပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်စဉ် ကတည်းက ပရိသတ်တျွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ တေးစီရီးအယ်လ်ဘမ်တွေ လည်း ထွက်ရှိထားတဲ့ အထိအောင်မြင်မှုတွေ ရရှိနေပြီလည်း ဖြစ်ပါတယ်။

တေးစီးရီးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတိုင်းလိုလိုကလည်း ပရိသတ်တွေ ရဲ့ ရင်ထဲကိုရောက်တဲ့ သီချင်းတွေဖြစ်ပြီး မကြာသေးခင်က ထွက်ရှိထားတဲ့ အငွေ့အသက်များ သီချင်းလေးကလည်း ပရိသတ်တွေသဘောကျနှစ်သက်နေခဲ့ကြတာကြောင့် အဆိုပိုင်းမှာ ပါရမီရှိလှတဲ သူတစ်ယောက်လို့ကိုဆိုရမှာပါ။လတ်တလော မှာလည်း မောင်ချိုလေးက ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့ Finneas ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Break My Heart Again” သီချင်းလေးကို Cover ပြန်လည်သီဆိုခဲ့ပါတယ်။

အသံချိုချိုလေးနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုထားတဲ့ ဒီ Cover Song သီဆိုမှုဗီဒီယိုလေး ကိုတော့ ချမ်းမြေ့မောင်ချိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကိုယ်တိုင်ဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးတွေထဲက မောင်ချိုလေးရဲ့ ပရိသတ်တွေအတွက် မောင်ချိုရဲ့ Cover Song သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို နာဆင်လို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

credit-cele gabar

Add a Comment

Your email address will not be published. Required fields are marked *

15 + 13 =