ရင္နာစရာ ညီမေလး တစ္ေယာက္ ရဲ႕ အျဖစ္ကို စိတ္မေကာင္းစြာ မွ်ေဝခဲ့တဲ့ ေဝဠဳေက်ာ္

ရင္နာစရာ ညီမေလး တစ္ေယာက္ ရဲ႕ အျဖစ္ကို စိတ္မေကာင္းစြာ မွ်ေဝခဲ့တဲ့ ေဝဠဳေက်ာ္

ပရဟိတ မင္းသားတစ္လက္ ျဖစ္တဲ့ ေဝဠဳေက်ာ္ ကေတာ့ လိုအပ္ေနတဲ့ေနရာတိုင္းကို ေငြအား၊ လူ အားနဲ႔ မေႏွးကူညီတတ္သူတစ္ေယာက္ပါ။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေရးလုပ္ငန္းေတြစတ င္ေတာ့လည္း တစ္တပ္တစ္အားအေနနဲ႔ အိမ္ေတာင္မျပန္ေတာ့ဘဲ ေဝဘာဂီအထူးကုေဆး႐ုံနဲ႔ Quarantine ဝင္မယ့္ သူေတြ ႀကိဳပို႔ေရးတို႔ကို ကူညီေနသူတစ္ေယာက္ပါ။

မေန႔ကေတာ့ ရင္နာစရာအျဖစ္အပ်က္တစ္ခုကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္မွာထက္မွာ မွ်ေဝခဲ့ ပါတယ္။ “Covid က ဘဝေတြ၊ ႏွလုံးသားေတြကို တစစီ စုတ္ျပတ္သတ္ သြားေစခဲ့ၿပီ… ဒီေန႔ မိုးကသည္းသည္းမဲမဲ ႐ြာေနတယ္….အေမျဖစ္သူကို ေနာက္ဆုံးႏႈတ္ဆက္ကန္ေတာ့ခ်ိန္မွာ ခုလို ပုံစံမ်ိဳးနဲ႔ ျမင္ရေတာ့ ေဘးကလူေတြပါ ငိုၾကတယ္…..

Q ဝင္ေနခ်ိန္ မိခင္ျဖစ္သူ ကြယ္လြန္သြား လို႔ က်တဲ့ မ်က္ရည္ေတြက ဝတ္ထားတဲ့ PPE ထဲမွာ ေပ်ာက္ဆုံးသြားရတယ္….မိသားစုကို ေထာက္ပံ့ဖို႔ ႏိုင္ငံျခားမွာ ပင္ပင္ပန္းပန္းအလုပ္လုပ္ခဲ့ရတ ယ္… . အခ်ိန္မီျပန္လာခဲ့ေပမယ့္ Qတံတိုင္းကျခားလို႔ ေနာက္ဆုံးအခ်ိန္ မိခင္နားမွာ မေနႏိုင္ခဲ့ ဘူး။ အမ်ိဳးသမီးတစ္ေယာက္ အေန နဲ႔ ဘယ္လိုအင္အားေတြနဲ႔မ်ား ရင္ဆိုင္ခဲ့တာလဲ ညီမရယ္…

ကြၽန္ေတာ္ ဘဝတစ္ေကြ႕မွာ က်င္လည္ ႐ိုက္ကူးခဲ့ရတဲ့ ႐ုပ္ရွင္ေတြ ေတာ္ေတာ္မ်ားမ်ား မွာေတာ့ အက်ပ္အတည္းကာလကို ျဖတ္ေက်ာ္ၿပီးရင္ Happy Ending နဲ႔ဇာတ္သိမ္းေလ့ရွိေပမယ့္ ကြၽန္ေတာ္တို႔အားလုံးရဲ႕ Happy Ending က အေဝးတစ္ေနရာမွာ မႈန္ဝါးဝါး ပဲရွိေနေသးတယ္ ထင္ပါရဲ႕” ဆိုၿပီး ရင္နာစြာေရးသားခဲ့ပါတယ္။

ထပ္ၿပီးေတာ့ လည္း “လူသားတိုင္း ေရေဘး မီးေ ဘး သဘာဝေဘး စစ္မက္ ထူေျပာျခင္းေဘး ဆင္းရဲျခင္းေဘးမ်ားမွ ေက်ာ္လႊားႏိုင္ၿပီး ေရာဂါကပ္ေဘးမ်ားမွလည္း ကင္းေဝးႏိုင္ၾကပါေစ” ဆိုၿပီးေတာ့လည္း ဆုေတာင္းခဲ့ပါေသး တယ္။ ႏိုင္ငံျခားမွာ ပင္ပင္ပန္းပန္း ပိုက္ဆံသြားရွာၿပီး ျပန္လာေတာ့လည္း မိခင္ရဲ႕ေနာက္ ဆုံးအခ်ိန္ ကို ေဘးမွာမရွိဘဲ Q Center ထဲမွာပဲ ေနခဲ့ရ တဲ့ညီမေလးအတြက္ စိတ္မေကာင္းစရာပါပဲ ပရိသတ္ႀကီးေရ…

Source – Wai Lu Kyaw
Rainbow- Cele Gabar

unicode

ရင်နာစရာ ညီမလေး တစ်ယောက် ရဲ့ အဖြစ်ကို စိတ်မကောင်းစွာ မျှဝေခဲ့တဲ့ ဝေဠုကျော်

ပရဟိတ မင်းသားတစ်လက် ဖြစ်တဲ့ ဝေဠုကျော် ကတော့ လိုအပ်နေတဲ့နေရာတိုင်းကို ငွေအား၊ လူ အားနဲ့ မနှေးကူညီတတ်သူတစ်ယောက်ပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေစတ င်တော့လည်း တစ်တပ်တစ်အားအနေနဲ့ အိမ်တောင်မပြန်တော့ဘဲ ဝေဘာဂီအထူးကုဆေးရုံနဲ့ Quarantine ဝင်မယ့် သူတွေ ကြိုပို့ရေးတို့ကို ကူညီနေသူတစ်ယောက်ပါ။

မနေ့ကတော့ ရင်နာစရာအဖြစ်အပျက်တစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာထက်မှာ မျှဝေခဲ့ ပါတယ်။ “Covid က ဘဝတွေ၊ နှလုံးသားတွေကို တစစီ စုတ်ပြတ်သတ် သွားစေခဲ့ပြီ… ဒီနေ့ မိုးကသည်းသည်းမဲမဲ ရွာနေတယ်….အမေဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ကန်တော့ချိန်မှာ ခုလို ပုံစံမျိုးနဲ့ မြင်ရတော့ ဘေးကလူတွေပါ ငိုကြတယ်…..

Q ဝင်နေချိန် မိခင်ဖြစ်သူ ကွယ်လွန်သွား လို့ ကျတဲ့ မျက်ရည်တွေက ဝတ်ထားတဲ့ PPE ထဲမှာ ပျောက်ဆုံးသွားရတယ်….မိသားစုကို ထောက်ပံ့ဖို့ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတ ယ်… . အချိန်မီပြန်လာခဲ့ပေမယ့် Qတံတိုင်းကခြားလို့ နောက်ဆုံးအချိန် မိခင်နားမှာ မနေနိုင်ခဲ့ ဘူး။ အမျိုးသမီးတစ်ယောက် အနေ နဲ့ ဘယ်လိုအင်အားတွေနဲ့များ ရင်ဆိုင်ခဲ့တာလဲ ညီမရယ်…

ကျွန်တော် ဘဝတစ်ကွေ့မှာ ကျင်လည် ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်တွေ တော်တော်များများ မှာတော့ အကျပ်အတည်းကာလကို ဖြတ်ကျော်ပြီးရင် Happy Ending နဲ့ဇာတ်သိမ်းလေ့ရှိပေမယ့် ကျွန်တော်တို့အားလုံးရဲ့ Happy Ending က အဝေးတစ်နေရာမှာ မှုန်ဝါးဝါး ပဲရှိနေသေးတယ် ထင်ပါရဲ့” ဆိုပြီး ရင်နာစွာရေးသားခဲ့ပါတယ်။

ထပ်ပြီးတော့ လည်း “လူသားတိုင်း ရေဘေး မီးေ ဘး သဘာဝဘေး စစ်မက် ထူပြောခြင်းဘေး ဆင်းရဲခြင်းဘေးများမှ ကျော်လွှားနိုင်ပြီး ရောဂါကပ်ဘေးများမှလည်း ကင်းဝေးနိုင်ကြပါစေ” ဆိုပြီးတော့လည်း ဆုတောင်းခဲ့ပါသေး တယ်။ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်း ပိုက်ဆံသွားရှာပြီး ပြန်လာတော့လည်း မိခင်ရဲ့နောက် ဆုံးအချိန် ကို ဘေးမှာမရှိဘဲ Q Center ထဲမှာပဲ နေခဲ့ရ တဲ့ညီမလေးအတွက် စိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ…

Source – Wai Lu Kyaw
Rainbow- Cele Gabar