ခက္ခဲေနတဲ့ ႐ုပ္ရွင္ေလာကသားေတြ အတြက္ ေဖးမကူညီေပး ခဲ့ၾကတဲ့ အႏုပညာ ရွင္မ်ား

ခက္ခဲေနတဲ့ ႐ုပ္ရွင္ေလာကသားေတြ အတြက္ ေဖးမကူညီေပး ခဲ့ၾကတဲ့ အႏုပညာ ရွင္မ်ား

ကမာၻတစ္ဝွမ္းလုံးမွာ ျဖစ္ပြားေန တဲ့ Covid-19 ေၾကာင့္ အလုပ္ေတြရပ္နားခဲ့ရၿပီး ျပန္မစရေသးတဲ့အထဲမွာေတာ့ ႐ုပ္ရွင္နယ္ပယ္လည္း အပါအဝင္ပါပဲ။ ႐ိုက္ကူးေရးေတြရပ္နားထားတာေၾကာင့္ စားဝတ္ေနေရးခက္ခဲေနတဲ့ ႐ုပ္ရွင္ေလာကသားေတြအတြက္ ႐ုပ္ရွင္အစည္းအ႐ုံး က ဦးေဆာင္ၿပီး အေျခခံစားေသာက္ ကုန္ေထာက္ပံ့မႈေတြ စဥ္ဆက္မျပတ္ ျပဳလုပ္ေပးလ်က္ရွိပါတယ္။

လာမယ့္ ဇြန္လ(၂၂)ရက္ေန႔မွစတင္ကာ တတိယအႀကိမ္ေျမာက္ ေထာက္ပံ့ေပးသြားဦးမွာျဖစ္ၿပီး ဒီတစ္ေခါက္လႉဒါန္းေပးႏိုင္ဖို႔အတြက္ စီးပြားေရး လုပ္ငန္းရွင္ေတြသာမက အႏုပညာရွင္ေတြပါ အလႉေငြထည့္ဝင္လႉဒါန္းေပးခဲ့ၾကပါတယ္။ သ႐ုပ္ေဆာင္ ရန္ေအာင္၊ခန႔္စည္သူ၊ခိုင္သင္းၾကည္၊ေအာင္ေရခ်မ္း၊ျဖဴျဖဴေထြးႏွင့္ ကိုဘိုစန္း တို႔ ဦးေဆာင္ကာအလႉေငြေကာက္ခံေပးရာမွ ရတဲ့ေငြသိန္း(၅၀) ၊ သ႐ုပ္ေဆာင္ စမိုင္းက ေမြးေန႔အလႉအျဖစ္ (၁၀) သိန္း၊ အကယ္ဒမီ ေအးျမတ္သူ (၁၀) သိန္း၊ အကယ္ဒမီ ရဲေအာင္ (၅) သိန္း ထည့္ဝင္လႉဒါန္းေပးခဲ့ပါတယ္ ပရိသတ္ႀကီးေရ။

အခုလို လူေတာ္ေတာ္မ်ားမ်ား ခက္ခဲေနၾကတဲ့ အခ်ိန္မွာ ကိုယ့္ေလာကသားအခ်င္းခ်င္း တတ္ႏိုင္သူေတြက မတတ္ႏိုင္သူေတြ ကို ျပန္လည္ေဖးမကူညီေပးၾကတာကေတာ့ မဂၤလာတစ္ပါးပါပဲေနာ္။ မြန္ျမတ္လွတဲ့သူတို႔ရဲ႕ အလႉေလးအတြက္ သာဓုေခၚေပးခဲ့ၾကပါဦး။

crd : panpyoelat

unicode

ခက်ခဲနေတဲ့ ရုပ်ရှင်လောကသားတွေ အတွက် ဖေးမကူညီပေး ခဲ့ကြတဲ့ အနုပညာ ရှင်များ

ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေ တဲ့ Covid-19 ကြောင့် အလုပ်တွေရပ်နားခဲ့ရပြီး ပြန်မစရသေးတဲ့အထဲမှာတော့ ရုပ်ရှင်နယ်ပယ်လည်း အပါအဝင်ပါပဲ။ ရိုက်ကူးရေးတွေရပ်နားထားတာကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ ရုပ်ရှင်လောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံး က ဦးဆောင်ပြီး အခြေခံစားသောက် ကုန်ထောက်ပံ့မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိပါတယ်။

လာမယ့် ဇွန်လ(၂၂)ရက်နေ့မှစတင်ကာ တတိယအကြိမ်မြောက် ထောက်ပံ့ပေးသွားဦးမှာဖြစ်ပြီး ဒီတစ်ခေါက်လှူဒါန်းပေးနိုင်ဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေသာမက အနုပညာရှင်တွေပါ အလှူငွေထည့်ဝင်လှူဒါန်းပေးခဲ့ကြပါတယ်။ သရုပ်ဆောင် ရန်အောင်၊ခန့်စည်သူ၊ခိုင်သင်းကြည်၊အောင်ရေချမ်း၊ဖြူဖြူထွေးနှင့် ကိုဘိုစန်း တို့ ဦးဆောင်ကာအလှူငွေကောက်ခံပေးရာမှ ရတဲ့ငွေသိန်း(၅၀) ၊ သရုပ်ဆောင် စမိုင်းက မွေးနေ့အလှူအဖြစ် (၁၀) သိန်း၊ အကယ်ဒမီ အေးမြတ်သူ (၁၀) သိန်း၊ အကယ်ဒမီ ရဲအောင် (၅) သိန်း ထည့်ဝင်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ။

အခုလို လူတော်တော်များများ ခက်ခဲနေကြတဲ့ အချိန်မှာ ကိုယ့်လောကသားအချင်းချင်း တတ်နိုင်သူတွေက မတတ်နိုင်သူတွေ ကို ပြန်လည်ဖေးမကူညီပေးကြတာကတော့ မင်္ဂလာတစ်ပါးပါပဲနော်။ မွန်မြတ်လှတဲ့သူတို့ရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

Add a Comment

Your email address will not be published. Required fields are marked *

twenty − sixteen =