ကုိဗစ္ ကုိ တြန္းလွန္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ရဲ႕ ရင္တြင္းက အမွန္တရား စကားမ်ား

ကုိဗစ္ကုိ ရတဲ့နည္း နဲ႔ တြန္းလွန္ေနၾကတဲ့ ျမန္မာႏုိင္ငံ သားေတြ ရဲ႕ ရင္ထဲက အမွန္တရားစကားမ်ား…

ဘုန္းေတာ္ႀကီးေတြကေျပာတယ္ “လူေတြ ဒုကၡေရာက္ေနၿပီ၊ ရေအာင္ကယ္ကိုကယ္မယ္”တဲ့…. ျပည္သူ႔ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာတယ္ “က်မတို႔အစိုးရကေတာ့ ျပည္သူတစ္ေယာက္ခ်င္းကိုတန္ဖိုးထားၿပီး အေကာင္းဆုံးေစာင့္ေရွာက္သြားဖို႔ သႏၷိဌာန္ခ် ထားပါတယ္…. တည္တည္ၿငိမ္ၿငိမ္ စည္းကမ္း လိုက္နာျခင္းနဲ႔ ျပည္သူအားလုံး က်မတို႔ကို ကူညီေပးၾကပါ” တဲ့…

ေဆးဝန္ထမ္းေတြကေျပာတယ္ “ငါတို႔ေသကာမွေသေရာ၊ လူနာေတြေတာ့မေသေစရဘူး”တဲ့…ဝန္ထမ္း‌ေတြကေျပာတယ္ “ငါတို႔ ကူေနတာေတြ မီဒီယာမွာ မပါလည္း အေရးမႀကီးပါဘူးကြာ၊ အားလုံးအဆင္ေျပဖို႔ အေရးႀကီးပါတယ္”တဲ့

လုပ္ငန္းရွင္ေတြ ကေျပာတယ္ “စည္းစိမ္ ဟာျပန္ရွာလို႔ရတယ္၊ ငါတို႔ တိုင္းျပည္ဒုကၡေရာက္ေနတာေတာ့ ၾကည့္မေနႏိုင္ဘူး”တဲ့ ဟိုတယ္ပိုင္ရွင္ေတြ ကေျပာတယ္ “ေစာင့္ၾကည့္္လူနာေတြေနဖို႔ခက္ကုန္ၿပီ၊ ဒို႔ ဟုိတယ္ေတြယူသုံးလိုက္ပါ”တဲ့..

ပရဟိတ သမားေတြကေျပာတယ္ “ေမာေနၿပီ ဒါေပမဲ့ မတတ္ႏိုင္ဘူး၊ ျပည္သူျပည္သားေတြငတ္မွာေတာ့ ထိုင္မၾကည့္ႏိုင္ဘူး၊ ရွိတဲ့အား ေတာ့သုံးရမွာပဲ”တဲ့၊ ရတဲ့ပစၥည္းနဲ႔ စက္ကရိယာေတြတီထြင္ေနတဲ့ လူငယ္‌ေလးေတြကေျပာတယ္~ ထမင္စားခ်ိန္ မမွန္တာအေရးမႀကီးဘူး၊ ဒါေလးေအာင္ျမင္ရင္ အားလုံးအဆင္ေျပၿပီ”တဲ့..

အသက္ရႈစက္ အတြက္ လုံးပမ္းေနတဲ့ ဆရာေတြကေျပာတယ္~ “အိပ္ခ်ိန္မရွိသေလာက္ပါပဲ၊ ဒီစက္ေလးရရင္လူနာေတြအသက္ ရႈႏိုင္ပါေစေတာ့”တဲ့…၊ အဆိုေတာ္ေတြ ကေျပာတယ္ ၿပိဳင္ေနတာ မဟုတ္ပါဘူးကြာ၊ သီခ်င္းေလးေတြနဲ႔တတ္သေလာက္ ပညာကူေပးေနတာပါ၊ စိတ္ေလးေတြ သက္သာပါေစ ေတာ့ဆိုၿပီး”တဲ့..

တရားသမားေတြကေျပာတယ္ “႐ြတ္ၾကပါ ဖတ္ၾကပါ၊ လူနာေတြအကုန္ အသက္ရွင္ပါေစ”တဲ့.. ေငြကူဖို႔ မလြယ္တဲ့ လူေတြကေျပာတယ္ “ကူဖို႔ပိုက္ဆံ မရွိေပမဲ့ ကူဖို႔အားေတြရွိတယ္၊ သယ္ေပးမယ္ ကူေပးမယ္၊ ငါတို႔ အား ေတြသုံးပါ”တဲ့..

ဆန္ေဝေနသူေတြကို ဖိနပ္ေတာင္မပါတဲ့ ကေလးေတြက ေျပာတယ္ “ကူသယ္ေပးပါရေစဦးဦးရယ္ သားတို႔္ကူခ်င္လို႔ပါ”တဲ့.. ၊ Covid 19က…”ငါမွားၿပီ- ဆင္းရဲတဲ့ တိုင္းျပည္မို႔ အထင္ေသးခဲ့တာ ဒီတိုင္းျပည္ဟာ ကမာၻ မွာ စိတ္ဓါတ္ အခ်မ္းသာဆုံး တိုင္းျပည္”တဲ့.. ဖ်က္ဆီးရန္ လုံးဝ(လုံးဝ)မသင့္တဲ့ေလ..

မင္းမဟာ

unicode

ကိုဗစ်ကို ရတဲ့နည်း နဲ့ တွန်းလှန်နေကြတဲ့ မြန်မာနိုင်ငံ သားတွေ ရဲ့ ရင်ထဲက အမှန်တရားစကားများ…

ဘုန်းတော်ကြီးတွေကပြောတယ် “လူတွေ ဒုက္ခရောက်နေပြီ၊ ရအောင်ကယ်ကိုကယ်မယ်”တဲ့…. ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် “ကျမတို့အစိုးရကတော့ ပြည်သူတစ်ယောက်ချင်းကိုတန်ဖိုးထားပြီး အကောင်းဆုံးစောင့်ရှောက်သွားဖို့ သန္နိဌာန်ချ ထားပါတယ်…. တည်တည်ငြိမ်ငြိမ် စည်းကမ်း လိုက်နာခြင်းနဲ့ ပြည်သူအားလုံး ကျမတို့ကို ကူညီပေးကြပါ” တဲ့…

ဆေးဝန်ထမ်းတွေကပြောတယ် “ငါတို့သေကာမှသေရော၊ လူနာတွေတော့မသေစေရဘူး”တဲ့…ဝန်ထမ်း‌တွေကပြောတယ် “ငါတို့ ကူနေတာတွေ မီဒီယာမှာ မပါလည်း အရေးမကြီးပါဘူးကွာ၊ အားလုံးအဆင်ပြေဖို့ အရေးကြီးပါတယ်”တဲ့

လုပ်ငန်းရှင်တွေ ကပြောတယ် “စည်းစိမ် ဟာပြန်ရှာလို့ရတယ်၊ ငါတို့ တိုင်းပြည်ဒုက္ခရောက်နေတာတော့ ကြည့်မနေနိုင်ဘူး”တဲ့ ဟိုတယ်ပိုင်ရှင်တွေ ကပြောတယ် “စောင့်ကြည့်လူနာတွေနေဖို့ခက်ကုန်ပြီ၊ ဒို့ ဟိုတယ်တွေယူသုံးလိုက်ပါ”တဲ့..

ပရဟိတ သမားတွေကပြောတယ် “မောနေပြီ ဒါပေမဲ့ မတတ်နိုင်ဘူး၊ ပြည်သူပြည်သားတွေငတ်မှာတော့ ထိုင်မကြည့်နိုင်ဘူး၊ ရှိတဲ့အား တော့သုံးရမှာပဲ”တဲ့၊ ရတဲ့ပစ္စည်းနဲ့ စက်ကရိယာတွေတီထွင်နေတဲ့ လူငယ်‌လေးတွေကပြောတယ်~ ထမင်စားချိန် မမှန်တာအရေးမကြီးဘူး၊ ဒါလေးအောင်မြင်ရင် အားလုံးအဆင်ပြေပြီ”တဲ့..

အသက်ရှုစက် အတွက် လုံးပမ်းနေတဲ့ ဆရာတွေကပြောတယ်~ “အိပ်ချိန်မရှိသလောက်ပါပဲ၊ ဒီစက်လေးရရင်လူနာတွေအသက် ရှုနိုင်ပါစေတော့”တဲ့…၊ အဆိုတော်တွေ ကပြောတယ် ပြိုင်နေတာ မဟုတ်ပါဘူးကွာ၊ သီချင်းလေးတွေနဲ့တတ်သလောက် ပညာကူပေးနေတာပါ၊ စိတ်လေးတွေ သက်သာပါစေ တော့ဆိုပြီး”တဲ့..

တရားသမားတွေကပြောတယ် “ရွတ်ကြပါ ဖတ်ကြပါ၊ လူနာတွေအကုန် အသက်ရှင်ပါစေ”တဲ့.. ငွေကူဖို့ မလွယ်တဲ့ လူတွေကပြောတယ် “ကူဖို့ပိုက်ဆံ မရှိပေမဲ့ ကူဖို့အားတွေရှိတယ်၊ သယ်ပေးမယ် ကူပေးမယ်၊ ငါတို့ အား တွေသုံးပါ”တဲ့..

ဆန်ဝေနေသူတွေကို ဖိနပ်တောင်မပါတဲ့ ကလေးတွေက ပြောတယ် “ကူသယ်ပေးပါရစေဦးဦးရယ် သားတို့်ကူချင်လို့ပါ”တဲ့.. ၊ Covid 19က…”ငါမှားပြီ- ဆင်းရဲတဲ့ တိုင်းပြည်မို့ အထင်သေးခဲ့တာ ဒီတိုင်းပြည်ဟာ ကမ္ဘာ မှာ စိတ်ဓါတ် အချမ်းသာဆုံး တိုင်းပြည်”တဲ့.. ဖျက်ဆီးရန် လုံးဝ(လုံးဝ)မသင့်တဲ့လေ..

မင်းမဟာ

Add a Comment

Your email address will not be published. Required fields are marked *

thirteen + 1 =