(၂-၁၂-၂၀၂၂) နေ့လည် ၃ နာရီခန့်မှာ ရန်ကုန် တမြို့လုံးနီးပါး ထူးဆန်းတဲ့ မြူခိုးငွေ့တွေ ဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။ အဆိုပါ ထူးဆန်းတဲ့ မြူခိုးငွေ့တွေဟာ ရန်ကုန်မြို့ ထဲမှာပါ သိသိသာသာ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။ အဆိုပါ မြူခိုးငွေ့တွေနဲ့ ပတ်သက်ပြီး ပြည်သူများက အမျိုးမျိုး ထင်ကြေးပေးပြောဆိုလျက် ရှိနေပါတယ်။ ယခု မြူခိုးငွေ့တွေ ဟာ ဗုဒ္ဓဟူးနေ့ညက ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ စိုက်ဆင်း လေပြင်းကြီးနဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ မိုးအုံ့ပြီး စိုထိုင်းဆများလာတာကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားပါတယ်။
ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ မြူခိုးငွေ့တွေနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ရှင်းပြထားတဲ့ အကြောင်းကို ဆက်လက် ဖော်ပြလိုက်ပါတယ်- အနောက်တောင်ဘက်က ရွေ့လာတဲ့ တိမ်တိုက်ကဖုံးနေတယ်၊ အပူချိန်က ၂၇ ဒီဂရီလောက်ကျနေပြီး လေထုစိုထိုင်းဆက ၉၀% လောက်ဖြစ်နေတယ်။
ဘေးပတ်လည်(အနောက်/အရှေ့နဲ့ မြောက်ဘက်)မှာ ဖိအား 1009hPa ရှိနေပြီး မြို့ပေါ်မှာတော့ 1007 1008 hPa အထိ ကျနေတယ်။ ရေပြင်ညီမှာ မြောက်ဘက်က လေတိုက်နှုန်း တစ်နာရီ ၂ မိုင်လောက်ရှိပေမဲ့အမြင့်ပေ ၂၀,၀၀၀ မှာ လေတိုက်နှုန်းက သုံည လုံးဝမတိုက်ဘူး။မြေဆီလွှာစိုထိုင်းဆ ၉၃% အထိ ရှိနေသေးတော့ မြေကြီးထဲက ရေခိုးရေငွေ့တွေ အငွေ့ပျံတယ် အပေါ်ကိုတက်လာကြတယ်။ ရန်ကုန်မြို့ထဲက တချို့နေရာတွေမှာ မြူတွေဆိုင်းနေသလိုဖြစ်ပြီး လေကလဲ ငြိမ်နေတယ်။ အဲ့သလိုဖြစ်နေတာပါဘဲ။
crd
zawgyi
(၂-၁၂-၂၀၂၂) ေန႔လည္ ၃ နာရီခန႔္မွာ ရန္ကုန္ တၿမိဳ႕လုံးနီးပါး ထူးဆန္းတဲ့ ျမဴခိုးေငြ႕ေတြ ဖုံးလႊမ္းေနတယ္လို႔ သိရပါတယ္။ အဆိုပါ ထူးဆန္းတဲ့ ျမဴခိုးေငြ႕ေတြဟာ ရန္ကုန္ၿမိဳ႕ ထဲမွာပါ သိသိသာသာ ဖုံးလႊမ္းေနတာ ျဖစ္ပါတယ္။ အဆိုပါ ျမဴခိုးေငြ႕ေတြနဲ႔ ပတ္သက္ၿပီး ျပည္သူမ်ားက အမ်ိဳးမ်ိဳး ထင္ေၾကးေပးေျပာဆိုလ်က္ ရွိေနပါတယ္။ ယခု ျမဴခိုးေငြ႕ေတြ ဟာ ဗုဒၶဟူးေန႔ညက ႐ုတ္တရက္ ျဖစ္ေပၚခဲ့တဲ့ စိုက္ဆင္း ေလျပင္းႀကီးနဲ႔ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့တဲ့ ျဖစ္စဥ္အၿပီးမွာ မိုးအုံ႔ၿပီး စိုထိုင္းဆမ်ားလာတာေၾကာင့္ ျဖစ္ေပၚလာရတာ ျဖစ္ေၾကာင္း ပညာရွင္အခ်ိဳ႕က သုံးသပ္ထားပါတယ္။
႐ုတ္တရက္ ျဖစ္ေပၚလာတဲ့ ထူးဆန္းတဲ့ ျမဴခိုးေငြ႕ေတြနဲ႔ ပတ္သက္ၿပီး မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္ရဲ႕ ရွင္းျပထားတဲ့ အေၾကာင္းကို ဆက္လက္ ေဖာ္ျပလိုက္ပါတယ္- အေနာက္ေတာင္ဘက္က ေ႐ြ႕လာတဲ့ တိမ္တိုက္ကဖုံးေနတယ္၊ အပူခ်ိန္က ၂၇ ဒီဂရီေလာက္က်ေနၿပီး ေလထုစိုထိုင္းဆက ၉၀% ေလာက္ျဖစ္ေနတယ္။
ေဘးပတ္လည္(အေနာက္/အေရွ႕နဲ႔ ေျမာက္ဘက္)မွာ ဖိအား 1009hPa ရွိေနၿပီး ၿမိဳ႕ေပၚမွာေတာ့ 1007 1008 hPa အထိ က်ေနတယ္။ ေရျပင္ညီမွာ ေျမာက္ဘက္က ေလတိုက္ႏႈန္း တစ္နာရီ ၂ မိုင္ေလာက္ရွိေပမဲ့အျမင့္ေပ ၂၀,၀၀၀ မွာ ေလတိုက္ႏႈန္းက သုံည လုံးဝမတိုက္ဘူး။ေျမဆီလႊာစိုထိုင္းဆ ၉၃% အထိ ရွိေနေသးေတာ့ ေျမႀကီးထဲက ေရခိုးေရေငြ႕ေတြ အေငြ႕ပ်ံတယ္ အေပၚကိုတက္လာၾကတယ္။ ရန္ကုန္ၿမိဳ႕ထဲက တခ်ိဳ႕ေနရာေတြမွာ ျမဴေတြဆိုင္းေနသလိုျဖစ္ၿပီး ေလကလဲ ၿငိမ္ေနတယ္။ အဲ့သလိုျဖစ္ေနတာပါဘဲ။
crd