မြန်မာငွေ(၆၅)သိန်းကျော် တန်ဖိုးရှိတဲ့ ကြက်နက် အမျိုးအစား ရဲ့ ထူးခြားမှု

ရေမြေဒေသကြောင့် အရိုး၊အသား၊အနှစ်၊သွေးနဲ့ ဥကစပြီး အနက်ရောင် ပြောင်း နေတဲ့ ကြက် ကိုတော့ ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာပဲရှိပါတယ်နော်။ အဲဒါကတော့အင်ဒိုနီးရှားနိုင်ငံမှာပဲဖြစ်ပါတယ်နော်။ကြက်နက်တွေကတော့ အင်ဒိုရဲ့ ဂျာဗားကျွန်း မှာ အများဆုံးရှိပါတယ်နော်။မလေးရှား မှာလည်း တွေ့ရပြီးတော့ တခြားနိုင်ငံတွေမှာ ရှိပေမယ့်လည်း အင်ဒိုကတကယ့်မိခင် ရင်းမြစ်နေရာပါနော်။ ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ပဲ ရှိတော့သော ကြက်အမျိုးအစားတစ်ခုဖြစ်ပါတယ်နော်။ဈေးနူန်းဟာ လည်းသိန်းဆယ်ချီ၊ရာချီပေးဝယ်ကြတယ်လို့ဆိုတာပါ။ကြက်လောကမှာ ဈေး အကြီးဆုံးကြက် လို့ဆိုရပါမယ်နော်။

အနည်းဆုံးကတော့ ဒေါ်လာနှစ်ထောင့်ငါးရာပေးရတယ်နော်။ပြင်သစ် မှာဆို ဒေါ်လာငါးထောင်ပေးဝယ်ရပါတယ်တဲ့။ အဲဒီကြက်ကိုဆယ်မာနီတညင်ကြက်Ayam Cemani လို့ခေါ်ကြတယ်နော်။ဒီကြက်ဟာ အနက်ရောင်ဖြစ်နေတာက မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲသွားလို့ နက်သွားတာဖြစ်ပါတယ်တဲ့ ။ဒီကြက်ဟာတစ်ခါဥရင်အနည်းဆုံးအလုံး၂၀ကနေ၃၀ကြား ဥတာပါ။ဥရဲ့အရောင်ဟာ တခြားကြက်တွေ ရဲ့အရောင်နဲ့မတူဘဲနဲ့အကုန်လုံးနက်မှောင်နေတာပါ။

ဒါပေမဲ့ အတွင်းသား ကတော့ဖြူတယ်။ သူ့ရဲ့အသား၊ အရိုးနဲ့ အရေပြားအားလုံးကလည်းအနက်ရောင်ပါနော်။စူပါမားကက်တွေမှာ ရောင်းလေ့ရှိပါတယ်။ မလေးစူပါမားကက်တွေမှာတော့ရင်းဂစ်ငွေ၁၀.၀၀နဲ့ရောင်းချလေ့ရှိတယ်လို့သိရပါတယ်နော်။ ဒီကြက်ဘုရင် ကြက်နက်ကို ကံကောင်းခြင်းလို့ အင်ဒိုသား တွေဟာ ယူဆကြတယ်။ တိုင်းရင်းဆေးမှာ လည်းဆေးဖက်ဝင် အမယ်အဖြစ် အသုံးပြုကြပါသေးတယ်နော်။

Source : Once A Glance Page

zawgyi



