“အနုပညာ အပေါ် အလေး နက် ထားလွန်း တဲ့ နှင်းဆီအဖွဲ့ ရဲ့ ဆူးများရှင် မင်းမော်ကွန်း ကတော့ ကြမ်းပြီလေ”

မဂ်လာပါပရိတ်သတ်ကြီးရေ ၃၈ နှစ်တိုင်တန်ဖိုးထားလုပ်ခဲ့တဲ့အနုပညာကိုတောင်CDMလုပ်ပြီးစွန့်ခဲ့တာBlack listစရင်းလောက်ကတော့စောက်ဂရုမစိုက်ဘူးလို့ပြောလာတဲ့ပြည်သူ့အချစ်တော်မင်းမော်ကွန်း

ပရိသတ်အချစ်တော်မင်းမော်ကွန်းကတော့ ရုပ်ရှင် ဇာတ်လမ်းတွေမှာရောနှင်းဆီအငြိမ့်မှာရောအောင်မြင်ခဲ့တာကြောင့်ပြည်သူတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။

ပြည်သူတွေရဲ့အတူခံစားချက်တွေထပ်တူကျခဲ့သူ ဖြစ်တဲ့အပြင် ဖခင်ဖြစ်သူအဖမ်းခံရတဲ့အခါမှာလည်းနောက်ဆုတ်မသွားတဲ့အ ပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရောသားဖြစ်သူပါရဲရင့်ပြတ်သားစွာရှိနေခဲ့ကြလို့ လည်းပြည်သူတွေလည်းအားအင်တွေ အပြည့်ရှိခဲ့တယ် ဆိုရင်လည်းမမှားပါဘူးနော်။

မကြာသေးခင်ရက်ပိုင်းကပဲမင်းသားမင်းမော်ကွန်းကထွက်ပြေးတိမ်းရှောင်နေရင်းနဲ့မွေးဇာတိဖြစ်တဲ့ရန်ကုန်ကိုလွမ်းနေကြောင်းကိုသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာတင်လာပါသေးတယ်။

မင်းသားမင်းမော်ကွန်းကတော့လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒ ထုတ်ဖော် ခဲ့ပြီးလူများနည်းတူလူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်းဆက်လက်ပြီးတော်လှန်နေဆဲပဲဖြစ်ပါတယ်။ ဆက်လက်ပြီးမင်းမော်ကွန်းကBlack listကပ်ထားတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သိစေရန်ဆိုပြီး သူရဲ့လူမူ့ကွန်ရက်စာမျက်နာမှာအခုလိုရေးတင်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက်ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံအဖြစ်ကနေပြီးNGOစစ်စစ်ဖြစ်အောင်ကြိုးစားထားလို့ အောင်မြင်ပြီးခါမှမကြာသေးအခုချက်ချင်းကြီးအာဏာရှင်ပြန်ဖြစ်သွားတာတော့ခင်များတို့မရှက်လဲလုပ်ကြပေါ့လေနော်။

ကျွန်တော်တိုကတော့ရုပ်ရှင်သမားအများစုဆန္ဒနဲ့မညီပဲဘယ်သူ ဥက္ကဌတင်တင်ဘာစာထုတ်ထုတ်ဘယ်လိုအကြောင်းပြချက် ကိစ္စမျိုးကိုမှလက်မခံနိုင်တာအမှန်ပါဒါကြောင့်နှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။

Personalတစ်ခုမှမပါကြောင်း နှင့်အစည်းအရုံးဝင်ဖြစ်ခဲ့သမျှအချိန်တွေမှာလဲကိုယ့်အချိန်တွေ အစည်း အရုံးကိုပေးပြီးFund ရှာပေးခဲ့ရုံကလွဲလို့ဘာတစ်ခုမှပြန်ပြီးအကူအညီတောင်းခြင်း အကာအကွယ်ရယူခြင်းကိုဘယ်ဥက္ကဌလက်ထက်မှာမှမရခဲ့မယူခဲ့မတောင်းဆိုခဲ့ပါ။

နောက်ဆုံးဦးဇင်ဝိုင်းလက်ထက်အထိပါပဲသရုပ်ဆောင်အလုပ်က ကျွန်တော့်အသက်ငါးနှစ်ချမ်းမြေ့ဆိုတဲ့ နာမယ်နဲ့ ကလေးသရုပ်ဆောင်ဇတ်ကားပေါင်း များစွာရိုက်ခဲ့တဲ့အချိန်ကစပြီး မင်းမော်ကွန်းဖြစ်လာတဲ့အထိခုအသက် ၄၃နှစ်ထိ တန်ဖိုးထားလုပ်ခဲ့တဲ့ ကျွန်တော့်ပညာရပ်အသက်မွေးဝမ်းကြောင်းပါ။

ဒါကြောင့် ၅၀၅ရုတ်သိမ်းရင်တောင်အာဏာရှင် လက်ထက်မှာတော့ပိုက်ဆံဘယ်လောက်ပေးပေးသူတို့ခွင့်ပြုမှဆင်ဆာပေးမှ လုပ်ရမယ့်အနုပညာအလုပ်အားလုံးကိုCDMပါ။ သူတို့ကိုဆန့်ကျင်တဲ့လှုတ်ရှားမှုတွေကိုတော့ အနုပညာလက်နက်ကိုကိုင်ဆွဲပြီးပိုက်ဆံမပါလဲ ဆက်လုပ်ပါမယ်။

အဲ့ဒီတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကအာဏာ ရှင်လက်အောက်ခံများကိုလည်းအဓိက သိစေချင်ပါတယ်။ကိုယ့်သဘောနဲ့ကိုနှုတ်ထွက်ပြီးဘယ်တော့မှပြန်မဝင်ပါဘူးခုလိုစာကပ်ထား တာကိုလဲ စောက်ဂရုမစိုက်ပါဘူး။

လူမှာဂါရဝတရားရှိသင့်တယ်ဆိုပေမယ့်စောက်သုံးမကျ တဲ့အတွေး အခေါ်တွေနဲ့ စောက်ရှက်နဲတဲ့သတ္တိကြောင်တဲ့လူကြီးတွေမျိုးဆက်အိုစိတ်ပျက်စရာ GL တွေကိုတော့ကန်တော့ပါရဲ့အယ် အီး အီး ပါ ပဲဆိုပြီးထိထိမိမိရေးတင်ထားတာဘဲဖြစ်ပါတယ်။ အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

4 × two =