



crd : panpyoelat

unicode

ကျွန်မ အပေါ် မေတ္တာ ထားသူများကို သစ္စာရှိစွာ ဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစားသွားပါမယ်

ယနေ့ ကျွန်မရဲ့ (၇၅)နှစ် ပြည့် မွေးနေ့ အတွက် နွေးထွေး တဲ့ မေတ္တာနဲ့ သတိတရ ဆုမွန်ကောင်း တောင်းပေးသူများ၊ မွေးနေ့ကတ်များ၊ လက်ဆောင်များ ပေးပို့သူများ အားလုံးကို နှလုံးသားထဲက လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

ရာစုနှစ်(၁) စုရဲ့ လေးပုံ သုံးပုံကို ဖြတ်ကျော်ခဲ့ပြီဆိုတော့ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတို့ရဲ့ တန်ဖိုးကို ကောင်းစွာ နားလည်နိုင်ခဲ့ပါပြီ။ အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီး မေတ္တာပွါးခြင်း ဖြင့် နှလုံး စိတ်ဝမ်း အေးချမ်းမှု ရကြပါစေ။