ညီေလးပန္းကုံးက ခုံျပတ္ဆို ဘယ္ေလာက္လဲ ‌ေလးသိန္းခြဲ ေလာက္ရွိမယ္ အကိုတဲ့

ညီေလးပန္းကုံးက ခုံျပတ္ဆို ဘယ္ေလာက္လဲ ‌ေလးသိန္းခြဲ ေလာက္ရွိမယ္ အကိုတဲ့

‘ ညီေလးပန္းကုံးက ခုံျပတ္ဆို ဘယ္ေလာက္လဲ ‘

‘ ေလးသိန္းခြဲေလာက္ရွိ မယ္အကို ‘ေဘးက ဝိတ္တာေလးက လက္ကေလးႏွစ္ဖက္ေနာကိပစ္ပီး ခ်က္ခ်င္းေျဖသည္။

‘ သူ႔ကို ခုံျပတ္ ခ်လိုက္ကြာ ‘

‘ ခုဆိုေနတဲ့ ေကာင္မေလး ကိုလား ဆရာ ‘

က်ေနာ္က ေခါင္းၿငိမ့္ပီး ငါးသိန္းတစ္အုပ္ ပစ္ေပးလိုက္သည္။

‘ ပိုတဲ့ ငါးေသာင္း မင္းတို႔ ဝိတ္တာေတြခြဲယူလိုက္ ‘

ဝိတ္တာေလးက ဝမ္းသာအားရနဲ႔ေျပးထြက္သြားသည္။ ဝီစကီတခြက္ကိုငွဲ႔ပီး အေဝးႀကီးကိုေငးၾကည့္ေနလိုက္သည္။

၅မိနစ္ေလာက္ၾကာေတာ့ ‘ ဟိတ္ ‘ ဆိုတဲ့အသံ နဲ႔အတူ စင္ေပၚက ခပ္ေခ်ာေခ်ာေကာင္မေလးေရာက္လာသည္။

‘ သမီးကို ခုံျပတ္ေပးတယ္ဆို ေက်းဇူးတင္တဲ့အေၾကာင္းလာေျပာတာ ‘

က်ေနာ္က ရွားေလာ့ဟုမ္းလို မ်က္လုံးေလးေဝ့ၾကည့္ ပီး စီးကရက္တလိပ္ကို ႏႈတ္ခမ္းဖ်ား မွာေတ့လိုက္သည္။

သူမက အလိုက္တသိ မီးညႇိေပးသည္။ ပီးမွဝင္ထိုင္ရင္း’ ကဲ ေျပာ ဦး ကို သမီးဘာျပန္လုပ္ေပးရမလဲ သမီးနဲ႔ဒိတ္ခ်င္တာလား ‘

က်ေနာ္က အေကာင္းစားျပက္လုံး တစ္ခုၾကားသလို တဟားဟား ရယ္လိုက္သည္။ သူမက မ်က္လုံးေလးဝင့္ပီး က်ေနာ့္ကိုေငးၾကည့္ေနသည္။

‘ တခုပဲ လုပ္ေပး ” ဟုတ္ ဘာလုပ္ေပးရမလဲ ဦးလိုခ်င္တာေျပာေလ ‘ ဦးက အရမ္းၾကည့္ ေကာင္းတာပဲ လို႔ေျပာ ‘

‘ ရွင္ ‘

သူမက တအံ့တၾသ ျဖစ္သြားသည္။

‘ ဟုတ္တယ္ ဦးကို အရမ္းၾကည့္ေကာင္းတာပဲလို႔ေျပာ အဲ့ဒါဆိုရပီ က်န္တာမလိုဘူး ‘

‘ ဟယ္ ဦးရယ္ အဲ့ဒါမ်ားပိုက္ဆံေတြအကုန္ခံလို႔ သမီးကိုဒီတိုင္းေျပာခိုင္းလဲရပါတယ္ ဦးကၾကည့္ေကာင္းပီးသားကို ‘သူမက ႏႈတ္ခမ္းေလးစူပီး ျပန္ေျပာသည္။

‘ တခါတေလ ပိုက္ဆံေတြက ဘယ္လိုသုံးလို႔ သုံးရမွန္းမသိဘူး ‘က်ေနာ္ေျပာပီး တဟားဟား ရယ္လိုက္သည္။

ပီးမွ ကားေသာ့ကို ယူပီး ထ,ထြက္လာခဲ့လိုက္သည္။ ခ်ာတိတ္မေလးက အံ့ၾသျခင္း ဝမ္းသာျခင္း စိတ္လႈပ္ရွားျခင္းမ်ားနဲ႔အတူက်န္ခဲ့သည္။

‘ ဦး ဦးက အရမ္းၾကည့္ေကာင္းတာပဲ ေနာက္ရက္လဲလာေနာ္’

သူမက ခ်စ္စဖြယ္အသံေလး နဲ႔ လွမ္းေအာ္ေျပာသည္။ က်ေနာ္က ေဟာင္ေကာင္မင္းသားေခ်ာင္ယြင္ဖတ္ လို ေနာက္ျပန္မၾကည့္ဘဲလက္ကကာျပကာ ဆိုင္ထဲမွ ထြက္လာလိုက္သည္။

ထို႔ေနာက္……

လန႔္ႏိုးလာေလသတည္း။

#crd_

#ခ်စ္ျခင္းအားျဖင့္yintunroyal

unicode

ညီလေးပန်းကုံးက ခုံပြတ်ဆို ဘယ်လောက်လဲ ‌ေလးသိန်းခွဲ လောက်ရှိမယ် အကိုတဲ့

‘ ညီလေးပန်းကုံးက ခုံပြတ်ဆို ဘယ်လောက်လဲ ‘

‘ လေးသိန်းခွဲလောက်ရှိ မယ်အကို ‘ဘေးက ဝိတ်တာလေးက လက်ကလေးနှစ်ဖက်နောကိပစ်ပီး ချက်ချင်းဖြေသည်။

‘ သူ့ကို ခုံပြတ် ချလိုက်ကွာ ‘

‘ ခုဆိုနေတဲ့ ကောင်မလေး ကိုလား ဆရာ ‘

ကျနော်က ခေါင်းငြိမ့်ပီး ငါးသိန်းတစ်အုပ် ပစ်ပေးလိုက်သည်။

‘ ပိုတဲ့ ငါးသောင်း မင်းတို့ ဝိတ်တာတွေခွဲယူလိုက် ‘

ဝိတ်တာလေးက ဝမ်းသာအားရနဲ့ပြေးထွက်သွားသည်။ ဝီစကီတခွက်ကိုငှဲ့ပီး အဝေးကြီးကိုငေးကြည့်နေလိုက်သည်။

၅မိနစ်လောက်ကြာတော့ ‘ ဟိတ် ‘ ဆိုတဲ့အသံ နဲ့အတူ စင်ပေါ်က ခပ်ချောချောကောင်မလေးရောက်လာသည်။

‘ သမီးကို ခုံပြတ်ပေးတယ်ဆို ကျေးဇူးတင်တဲ့အကြောင်းလာပြောတာ ‘

ကျနော်က ရှားလော့ဟုမ်းလို မျက်လုံးလေးဝေ့ကြည့် ပီး စီးကရက်တလိပ်ကို နှုတ်ခမ်းဖျား မှာတေ့လိုက်သည်။

သူမက အလိုက်တသိ မီးညှိပေးသည်။ ပီးမှဝင်ထိုင်ရင်း’ ကဲ ပြော ဦး ကို သမီးဘာပြန်လုပ်ပေးရမလဲ သမီးနဲ့ဒိတ်ချင်တာလား ‘

ကျနော်က အကောင်းစားပြက်လုံး တစ်ခုကြားသလို တဟားဟား ရယ်လိုက်သည်။ သူမက မျက်လုံးလေးဝင့်ပီး ကျနော့်ကိုငေးကြည့်နေသည်။

‘ တခုပဲ လုပ်ပေး ” ဟုတ် ဘာလုပ်ပေးရမလဲ ဦးလိုချင်တာပြောလေ ‘ ဦးက အရမ်းကြည့် ကောင်းတာပဲ လို့ပြော ‘

‘ ရှင် ‘

သူမက တအံ့တသြ ဖြစ်သွားသည်။

‘ ဟုတ်တယ် ဦးကို အရမ်းကြည့်ကောင်းတာပဲလို့ပြော အဲ့ဒါဆိုရပီ ကျန်တာမလိုဘူး ‘

‘ ဟယ် ဦးရယ် အဲ့ဒါများပိုက်ဆံတွေအကုန်ခံလို့ သမီးကိုဒီတိုင်းပြောခိုင်းလဲရပါတယ် ဦးကကြည့်ကောင်းပီးသားကို ‘သူမက နှုတ်ခမ်းလေးစူပီး ပြန်ပြောသည်။

‘ တခါတလေ ပိုက်ဆံတွေက ဘယ်လိုသုံးလို့ သုံးရမှန်းမသိဘူး ‘ကျနော်ပြောပီး တဟားဟား ရယ်လိုက်သည်။

ပီးမှ ကားသော့ကို ယူပီး ထ,ထွက်လာခဲ့လိုက်သည်။ ချာတိတ်မလေးက အံ့သြခြင်း ဝမ်းသာခြင်း စိတ်လှုပ်ရှားခြင်းများနဲ့အတူကျန်ခဲ့သည်။

‘ ဦး ဦးက အရမ်းကြည့်ကောင်းတာပဲ နောက်ရက်လဲလာနော်’

သူမက ချစ်စဖွယ်အသံလေး နဲ့ လှမ်းအော်ပြောသည်။ ကျနော်က ဟောင်ကောင်မင်းသားချောင်ယွင်ဖတ် လို နောက်ပြန်မကြည့်ဘဲလက်ကကာပြကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။

ထို့နောက်……

လန့်နိုးလာလေသတည်း။

#crd_

#ချစ်ခြင်းအားဖြင့်yintunroyal

unicode

Add a Comment

Your email address will not be published. Required fields are marked *

two × 4 =