အင္းျပား ေတြ႕လို႔ ကေလးေတြ အတြက္ စိုးရိမ္မႈႀကီးခဲ့ ရတယ္ ဆိုတဲ့ ခိုင္ႏွင္းေဝ

အင္းျပား ေတြ႕လို႔ ကေလးေတြ အတြက္ စိုးရိမ္မႈႀကီးခဲ့ ရတယ္ ဆိုတဲ့ ခိုင္ႏွင္းေဝ

ေတြ႕ႀကဳံရတဲ့ အျဖစ္အပ်က္ေတြကို ေျပာျပလာပါတယ္။ ခိုင္ႏွင္းေဝဟာ ေဂဟာအတြင္းက ပန္းအိုးထဲမွာ အင္းျပားေတြ႕ၿပီးတဲ့ေနာက္ သူမရဲ႕ ကေလးေတြ အတြက္ စိုးရိမ္စိတ္ေတြ ႀကီးခဲ့ရတယ္လို႔ ဆိုပါတယ္။ ခိုင္ႏွင္းေဝကေတာ့ သူမရဲ႕ မိဘမဲ့ေဂဟာအတြင္းက ပန္းအိုးထဲမွာ အင္းျပားတစ္ခု ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ ကေလးေတြ အတြက္ စိုးရိမ္စိတ္ျဖစ္ခဲ့ရတာေတြကိုလည္း အခုလို ေျပာျပလာပါတယ္။

ဒါကို ဘယ္တုန္းကတည္းက ဘယ္လို လုပ္ထားမွန္း လဲေတာ့ အစ္မလည္း ေသေသခ်ာခ်ာ မသိပါဘူူး။ ကေလးေတြ က်န္းမာေရး မေကာင္းရင္လည္း ေဆးခန္းသြား၊ ဘာညာေလာက္ပဲေပါ့။ က်ိဳက္မေရာဆရာေတာ္ႀကီးကို သြားဖူးတဲ့ အခ်ိန္မွာ ဒီလိုမ်ိဳးလုပ္ထားတယ္၊ ႐ြက္လွပင္ေအာက္မွာဆိုတာနဲ႔ အစ္မတို႔ ရွာ လိုက္ေတာ့ တကယ္လည္း ေတြ႕တယ္။ လုပ္ရက္လိုက္ေလျခင္းေပါ့ ငါ့သားေတြ သမီးေတြမ်ား တစ္ခုခု ခြၽတ္ေခ်ာ္သြားရင္ ဘယ္လို လုပ္မလဲေပါ့။ ကံနိမ့္တဲ့ ကေလးေလး တစ္ေယာက္မ်ား တစ္ခုခုျဖစ္သြားရင္ ဆိုတဲ့ စိတ္နဲ႔ စိတ္မေကာင္းျဖစ္မိတယ္” လို႔ သူကဆိုပါတယ္။

ခိုင္ႏွင္းေဝဟာ အင္းျပားမေတြ႕ခင္အခ်ိန္ ေဂဟာမွာ ႀကဳံခဲ့ ရတဲ့ အျဖစ္အပ်က္ေလးကို ေျပာျပလာပါတယ္။ အဖ်ားတက္ၿပီး သတိလစ္သြားတဲ့ ကေလးေတာင္ရွိတယ္လို႔ သိရပါတယ္။“ ဟိုတေလာတုန္းကေတာ့ ဒီက ကေလးေလးတစ္ေယာက္ အဖ်ား ၁၀၄ ေလာက္ျဖစ္ၿပီး သတိလစ္သြားတယ္။ အစ္မတို႔ေတြ ေဆး႐ုံေတြ ေျပး ေယာက္ယက္ေတြ ခတ္ကုန္တာေပါ့။ ၿပီးေတာ့ (၆) လေအာက္ ကေလးေလး တစ္ေယာက္ မိန္းကေလး ည တစ္နာရီေလာက္ႀကီးကို ႐ုတ္တရက္ဖ်ားလာတာ။ အစ္မကေတာ့ ကေလးေတြ ေနမေကာင္းျဖစ္ရင္ ဆရာဝန္နဲ႔လည္း ကုတယ္၊ ဘုရားကု နဲ႔ လည္း ကုတယ္။ ကေလးတစ္ေယာက္တစ္ခု ခုျဖစ္ရင္ ပရိတ္ေရတိုက္၊ အဓိဌာန္ဝင္၊ ဆရာေတာ္ဆီေျပးရတာပဲ” လို႔လည္း ဆက္လက္ ေျပာျပခဲ့ပါတယ္။

ခိုင္ႏွင္းေဝဟာ အႏုပညာအလုပ္ေတြ လုပ္ေန တဲ့ အခ်ိန္မွာေရာ၊ ပရဟိတအလုပ္ေတြ လုပ္ေနရတဲ့ အခ်ိန္မွာပါ အခုလို တိုက္ခိုက္မႈမ်ိဳးနဲ႔ မႀကဳံခဲ့ရဖူးဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္ သူမရဲ႕ ကေလးေတြကိုလည္း အထိခိုက္မခံႏိုင္ဘူးလို႔ ေျပာပါတယ္။“ အရင္တုန္းကေတာ့ ခ်စ္တာမုန္းတာေတြရွိမွာေပါ့ေနာ္။ ဒါေပမယ့္ အခုလို လုပ္ခံရတာ မ်က္ဝါးထင္ထင္နဲ႔ ပထမဆုံးေတြ႕ရတာပဲ။ ကိုယ့္ကို ပုဂၢိဳလ္ေရးအရ မုန္းတာေတြေရာ၊ က်ရႈံးေစခ်င္တာ၊ လဲက်ေစခ်င္တာဆိုရင္ လည္း ဒီကေလးေတြကို မေမြးေတာ့ပါဘူး။ ကေလးေတြ အကုန္လုံးကို ေမြးစားမိဘေတြဆီေပး၊ ခိုင္မိသားစု ဆိုတာႀကီးလည္းဖ်က္၊ ဒီေဂဟာႀကီးလည္း ဖ်က္ၿပီး အစ္မဘာသာ ေနေတာ့မယ္လို႔ေတာင္ ေတြးခဲ့မိပါတယ္။

ကေလးေတြ ကိုေတာ့ ဘာမွ မျဖစ္မခံႏိုင္ပါဘူး” လို႔ သူက ဆိုပါတယ္။ ခိုင္ႏွင္းေဝဟာ COVID-19 ကာလမွာ စားဝတ္ေနေရး အခက္အခဲျဖစ္ေနၾကတဲ့ ဆင္းရဲႏြမ္းပါး အႏုပညာရွင္မ်ားစြာကိုလည္း စားနပ္ရိကၡာနဲ႔ ေငြေၾကးေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ က်န္းမာေရး မေကာင္းျဖစ္ေနသူေတြ၊ အလုပ္ေတြ မလုပ္ရလို႔ မိသားစု ဝမ္းစာအတြက္အခက္အခဲ ႀကဳံေနရသူေတြ အတြက္ကိုလည္း ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ ေငြေၾကးအင္အား နဲ႔ ကူညီခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ပရဟိတအလုပ္ေတြ၊ ကုသိုလ္ေရးေတြမွာ လက္မေႏွးတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ လည္းျဖစ္သလို ဆင္းရဲသား ျပည္သူေတြကိုလည္း တစ္ဖက္ တစ္လမ္းက ကူညီေစာင့္ေရွာက္ ေပးသူတစ္ေယာက္ပါ။

crd : panpyoelat

unicode

အင်းပြား တွေ့လို့ ကလေးတွေ အတွက် စိုးရိမ်မှုကြီးခဲ့ ရတယ် ဆိုတဲ့ ခိုင်နှင်းဝေ

တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြောပြလာပါတယ်။ ခိုင်နှင်းဝေဟာ ဂေဟာအတွင်းက ပန်းအိုးထဲမှာ အင်းပြားတွေ့ပြီးတဲ့နောက် သူမရဲ့ ကလေးတွေ အတွက် စိုးရိမ်စိတ်တွေ ကြီးခဲ့ရတယ်လို့ ဆိုပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ မိဘမဲ့ဂေဟာအတွင်းက ပန်းအိုးထဲမှာ အင်းပြားတစ်ခု တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ကလေးတွေ အတွက် စိုးရိမ်စိတ်ဖြစ်ခဲ့ရတာတွေကိုလည်း အခုလို ပြောပြလာပါတယ်။

ဒါကို ဘယ်တုန်းကတည်းက ဘယ်လို လုပ်ထားမှန်း လဲတော့ အစ်မလည်း သေသေချာချာ မသိပါဘူူး။ ကလေးတွေ ကျန်းမာရေး မကောင်းရင်လည်း ဆေးခန်းသွား၊ ဘာညာလောက်ပဲပေါ့။ ကျိုက်မရောဆရာတော်ကြီးကို သွားဖူးတဲ့ အချိန်မှာ ဒီလိုမျိုးလုပ်ထားတယ်၊ ရွက်လှပင်အောက်မှာဆိုတာနဲ့ အစ်မတို့ ရှာ လိုက်တော့ တကယ်လည်း တွေ့တယ်။ လုပ်ရက်လိုက်လေခြင်းပေါ့ ငါ့သားတွေ သမီးတွေများ တစ်ခုခု ချွတ်ချော်သွားရင် ဘယ်လို လုပ်မလဲပေါ့။ ကံနိမ့်တဲ့ ကလေးလေး တစ်ယောက်များ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်မိတယ်” လို့ သူကဆိုပါတယ်။

ခိုင်နှင်းဝေဟာ အင်းပြားမတွေ့ခင်အချိန် ဂေဟာမှာ ကြုံခဲ့ ရတဲ့ အဖြစ်အပျက်လေးကို ပြောပြလာပါတယ်။ အဖျားတက်ပြီး သတိလစ်သွားတဲ့ ကလေးတောင်ရှိတယ်လို့ သိရပါတယ်။“ ဟိုတလောတုန်းကတော့ ဒီက ကလေးလေးတစ်ယောက် အဖျား ၁၀၄ လောက်ဖြစ်ပြီး သတိလစ်သွားတယ်။ အစ်မတို့တွေ ဆေးရုံတွေ ပြေး ယောက်ယက်တွေ ခတ်ကုန်တာပေါ့။ ပြီးတော့ (၆) လအောက် ကလေးလေး တစ်ယောက် မိန်းကလေး ည တစ်နာရီလောက်ကြီးကို ရုတ်တရက်ဖျားလာတာ။ အစ်မကတော့ ကလေးတွေ နေမကောင်းဖြစ်ရင် ဆရာဝန်နဲ့လည်း ကုတယ်၊ ဘုရားကု နဲ့ လည်း ကုတယ်။ ကလေးတစ်ယောက်တစ်ခု ခုဖြစ်ရင် ပရိတ်ရေတိုက်၊ အဓိဌာန်ဝင်၊ ဆရာတော်ဆီပြေးရတာပဲ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေ လုပ်နေ တဲ့ အချိန်မှာရော၊ ပရဟိတအလုပ်တွေ လုပ်နေရတဲ့ အချိန်မှာပါ အခုလို တိုက်ခိုက်မှုမျိုးနဲ့ မကြုံခဲ့ရဖူးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူမရဲ့ ကလေးတွေကိုလည်း အထိခိုက်မခံနိုင်ဘူးလို့ ပြောပါတယ်။“ အရင်တုန်းကတော့ ချစ်တာမုန်းတာတွေရှိမှာပေါ့နော်။ ဒါပေမယ့် အခုလို လုပ်ခံရတာ မျက်ဝါးထင်ထင်နဲ့ ပထမဆုံးတွေ့ရတာပဲ။ ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ မုန်းတာတွေရော၊ ကျရှုံးစေချင်တာ၊ လဲကျစေချင်တာဆိုရင် လည်း ဒီကလေးတွေကို မမွေးတော့ပါဘူး။ ကလေးတွေ အကုန်လုံးကို မွေးစားမိဘတွေဆီပေး၊ ခိုင်မိသားစု ဆိုတာကြီးလည်းဖျက်၊ ဒီဂေဟာကြီးလည်း ဖျက်ပြီး အစ်မဘာသာ နေတော့မယ်လို့တောင် တွေးခဲ့မိပါတယ်။

ကလေးတွေ ကိုတော့ ဘာမှ မဖြစ်မခံနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။ ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစု ဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက် လည်းဖြစ်သလို ဆင်းရဲသား ပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။