ႏိုင္ငံတဝန္း ညမထြက္ရ အခ်ိန္ေလွ်ာ့ခ် သတ္မွတ္ ကိုဗစ္-၁၉ ဆိုင္ရာ အမိန႔္မ်ား သက္တမ္းတိုး

ႏိုင္ငံတဝန္း ညမထြက္ရ အခ်ိန္ေလွ်ာ့ခ် သတ္မွတ္ ကိုဗစ္-၁၉ ဆိုင္ရာ အမိန႔္မ်ား သက္တမ္းတိုး

ေနျပည္ေတာ္အပါအဝင္ တိုင္းနဲ႔ျပည္နယ္အသီးသီး မွာထုတ္ျပန္ထားတဲ့ ညမထြက္ရ အမိန႔္ကို ေမ ၁၅ ရက္ကစတင္ၿပီး ည ၁၂ နာရီမွ မနက္ ၄ နာရီအထိ ေျပာင္းလဲသတ္မွတ္ဖို႔ ျမန္မာႏိုင္ငံ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေမလ ၁၃ ရက္စြဲ နဲ႔ ထုတ္ျပန္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါကာကြယ္ တားဆီးဖို႔အတြက္ ျပည္နယ္နဲ႔တိုင္းမ်ားရွိ ၿမိဳ႕နယ္အားလုံးမွာ ဧၿပီ ၁၈ ရက္က ထုတ္ျပန္ခဲ့တဲ့ ညမထြက္ရအမိန႔္ပါ ေန႔စဥ္ ည ၁၀ နာရီမွ ေနာက္တေန႔မနက္ ၄ နာရီအထိ အိမ္ျပင္မထြက္ဖို႔ သတ္မွတ္ခ်က္ကို ည ၁၂ နာရီမွ မနက္ ၄ နာရီအထိဆိုၿပီး ျပင္ဆင္ ထုတ္ျပန္လိုက္တာပါ။

ဒါ့အျပင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈ မရွိေစေရးအတြက္ ထုတ္ျပန္ထားတဲ့ လူစုလူေဝး နဲ႔ အခမ္းအနားေတြ မက်င္းပဖို႔၊ ႐ုပ္ရွင္႐ုံေတြမဖြင့္ဖို႔ စသျဖင့္ တားျမစ္ထားတဲ့ အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြကိုလည္း ေမလ ၃၁ ရက္အထိ ရက္တိုးျမႇင့္သတ္မွတ္လိုက္တယ္လို႔ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ဒီကေန႔ ေမလ ၁၄ ရက္ေန႔စြဲ နဲ႔ ထုတ္ျပန္ ေၾကညာထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳ လူနာသစ္ေတြ တျဖည္းျဖည္း ဆက္လက္ေတြ႕ရွိေနဆဲျဖစ္ၿပီး ဒီကေန႔အထိ အတည္ျပဳလူနာ စုစုေပါင္း ၁၈၁ ဦး ေတြ႕ရွိ ထားၿပီး ေသဆုံးသူက ၆ ဦးရွိေနပါတယ္။

Photo- ေနျပည္ေတာ္ေကာင္စီ

unicode

နိုင်ငံတဝန်း ညမထွက်ရ အချိန်လျှော့ချ သတ်မှတ် ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်များ သက်တမ်းတိုး

နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီး မှာထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို မေ ၁၅ ရက်ကစတင်ပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်ဖို့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၃ ရက်စွဲ နဲ့ ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးဖို့အတွက် ပြည်နယ်နဲ့တိုင်းများရှိ မြို့နယ်အားလုံးမှာ ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ပါ နေ့စဉ် ည ၁၀ နာရီမှ နောက်တနေ့မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ဖို့ သတ်မှတ်ချက်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိဆိုပြီး ပြင်ဆင် ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ထုတ်ပြန်ထားတဲ့ လူစုလူဝေး နဲ့ အခမ်းအနားတွေ မကျင်းပဖို့၊ ရုပ်ရှင်ရုံတွေမဖွင့်ဖို့ စသဖြင့် တားမြစ်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကိုလည်း မေလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီကနေ့ မေလ ၁၄ ရက်နေ့စွဲ နဲ့ ထုတ်ပြန် ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်တွေ တဖြည်းဖြည်း ဆက်လက်တွေ့ရှိနေဆဲဖြစ်ပြီး ဒီကနေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁၈၁ ဦး တွေ့ရှိ ထားပြီး သေဆုံးသူက ၆ ဦးရှိနေပါတယ်။

Photo- နေပြည်တော်ကောင်စီ

Add a Comment

Your email address will not be published. Required fields are marked *

one × one =