အိမ်ထောင် ရှိလျက် နဲ့ ဖောက်ပြန်တယ်လို့ ဆိုတဲ့ နာမည်ကြီးအဆိုတော် ကို ပြင်းထန်စွာ တုန့်ပြန်လိုက် တဲ့ မယ်လိုဒီ

အိမ်ထောင် ရှိလျက် နဲ့ ဖောက်ပြန်တယ်လို့ ဆိုတဲ့ နာမည်ကြီးအဆိုတော် ကို ပြင်းထန်စွာ တုန့်ပြန်လိုက် တဲ့ မယ်လိုဒီ

မယ်လိုဒီ က အကြိမ်ကြိမ် အလိမ်ခံရတာတောင် (၅)နှစ်ကျော် အပြုံးမပျက် တည်ငြိမ်သူ မေမေမျိုးအဖြစ် ဘဝရဲ့ဇာတ်ခုံပေါ်မှာ တိတ်တဆိတ်နေခဲ့ပြီးနောက် ခင်ပွန်းနဲ့ ပြတ်စဲသွားပြီဖြစ်ကြောင်း မကြာသေးမီကပဲ အတိအလင်း ဖွင့်ချလိုက် ခဲ့ပါတယ်။ မယ်လိုဒီရဲ့ရုတ်တရက်ဖွင့်ချလိုက်တဲ့ သတင်းကြောင့် အသိ မိတ်ဆွေများနဲ့ ပရိသတ်တွေကပါ တအံ့တသြဖြစ်ခဲ့ကြပြီး မယုံနိုင်စရာ ဖြစ်ခဲ့ကြပါတယ်။

နောက်ပြီး ဆက်လက် ဂယက်ထ နေတာကတော့ အိမ်ထောင်ရေးကိစ္စရပ်နဲ့ပတ်သက်ပြီး အဆိုတော် ရေဗက္ကာဝင်းနဲ့ မယ်လိုဒီတို့ကြား က ပဋိပက္ခတွေပဲ ဖြစ်ပါတယ်။ မယ်လိုဒီက သူမကိုစွပ်စွဲပြောဆိုလာတဲ့ ရေဗက္ကာဝင်းကို အခုလိုပို့စ်တင်ကာ ပြင်းပြင်းထန်ထန်ရေးသားပြောဆိုခဲ့ပါတယ်။

မယ်လိုဒီက “သူတစ်ပါးကို အကုသိုလ် စနစ်တကျ ပေးတတ်ရင် ကိုယ့်အလှည့်ကျ အကုသိုလ် စုပေါင်းထပ်လောင်းကျမယ်ဆိုတာ သိထားပါ ညှိမရတဲ့အခြေအနေကြောင့်လမ်းခွဲခဲ့ပေမယ့် လိမ်စဉ်တွေ နဲ့ လူတွေ အထင်လွဲအောင် မလုပ်ဘဲ ခုလိုအခြေအနေတွေ ဖြစ်ရတာ ကိုယ့်ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ ကိုသာကောင်းကို လေးစားမိပါတယ် ကျွန်မခွင့်လွှတ်ပေးရကျိုးနပ်ပါတယ်”

“အိမ်တွင်းရေးကိုမသိဘဲဝင်နာနေကြသူများကိုလည်း စိတ်မဆိုးတော့ပါဘူး လက်ရှိ အတင်းပေးစားနေတာလဲ ရပ်ကြပါတော့ အတူတွဲသွားတိုင်းသားပေးစားရင်တော့ အကုန်ညားကုန်မှာပေါ့ တွဲသွားတာဘဲတွေ့တွေ့ ကားတစည်းထဲဘဲစီးစီး ဆိုင်ဘဲထိုင်ထိုင် ကုတင်ပေါ်တက်တက် ဘာတွေတွေးပူနေကြတာလဲ ရိုးစင်းတာတွေဆန်းပြားအောင်လာမလုပ်နဲ့ ဒီလူဘဲရှိလား ရှားလား ဘာလို့ အကုသိုလ်ယူနေတာလဲ ဒီလိုတွေ ဘာကြောင့်ဖြစ်လာတယ် ဘယ်သူကြောင့်လဲ သူဘယ်လို့ကြောင့်ဒါမျိုးဖြစ်အောင်လုပ်ရတယ်ဆိုတာ မသိလို့ငြိမ်နေတာမဟုတ်ပါဘူး မိန်းမသားမို့ ခံစားပေးလို့ရတယ်”

“ကိုသာကောင်းနဲ့ကွဲပြီး ကျွန်မတို့ဟာ ကလေးကိစ္စကလွဲ ကျန်တာဘာပတ်သတ်မှု့မှမရှိဘူး မနေ့တနေ့ကမှကွဲတာ လဲမဟုတ်ဘူး ပြန်ပြီးတော့လဲလူမသိအောင် ခိုးမစားကြဘူး မူးပြီးလဲ မမှားဘူး မူးပြီး အပြန်အလှန် သောက်ပြဿနာရှာတဲ့ အလုပ်လဲ မလုပ်ဘူး ဘဝမှာ မိတ်ဆွေကောင်း သားအမြဲ လေးစားရမယ့်အဖေမို့ အတွင်းရေးက်ုလူတချို့ကိုရင်ဖွင့်မိတာတောင်အကြိမ်ကြိမ်နောင်တရတယ်”

“လူအများသို့လော သို့လော နဲ့ အကုသိုလ်စိတ်ဖြစ်အောင်မလုပ်ဘူး အချစ်စစ်ဖို့ဘဲလိုတယ် ကိုဟန်ထွန်းသီချင်း လိုဘဲ ပြန်ဆုံချငိရင်ရင်ခုန်သံကို မညာကြနဲ့ အကယ်ဒမီမယ်လိုဒီကိုလည်း ခုတုံး လာမလုပ်နဲ့ အချစ်စစ်ရင် လေးစားဦးညွှတ်လိုက်မယ် ယောက်ျား ဆိုတာ နှာဘူးနဲ့ဂန်ဒူး ၂မျိုးဘဲရှိတယ် စိတ် လေးလျော့ မယားဝတ်တရားကျေနေိုင်အာင် ကြိုးစား သားကို သခင် လင်ကိုဘုရား ဖူးဖူးမှုတ်ထားလိုက် ပေါ့ လူတိုင်းကို ကိုယ့်အကြောင်းလိုက်ပြောစရာမလိုဘူး မပြောချင်ရင်မပြောနဲ့ ပြောရင်လဲ အစစ်အမှန်ဘဲ ပြောနိုင်အောင် လုပ်ပါ”

“အိမ်ထောင်ဘက်ကို ဖြစ်ခဲ့သမျှအကုန်ပြောပြခဲ့တာဘဲ အေး တစ်ကမ္ဘာလုံးကယောက်ျားတွေနဲ့ယူမယ်ဆိုရင်လဲသူတို့ကိုပြောပြမှာဘဲ နွားမရွံပိတ် အပျိုအမည်ခံ ရိုးအေးသရောင်နေခဲ့တာမဟုတ်ဘူး အဖွင့်အပိတ်လေးကလှတယ် အကွက်တွေသိလို့ ဒါမျိုးအရှက်ခွဲ အခွင့်ရေးယူမယ်ဆိုတာ သိပြီးသား ကိုယ့်ကိုဆုံးမသွန်သင်နေတဲ့ အစ်မတွေမျက်နှာ မြတ်စွာဘုရားရှင်ရဲ့လမ်းစဉ်ကိုလိုက်နာကျင့်ကြံနိုင်ဖို့အလို့ငှါ သည်းခံခဲ့ခြင်းပါ ဟန်ပြကိုးကွယ်သူ ဘာသာတရားကိုကာဗာလုပ်တဲ့ မဖြစ်အောင်သတိထားဆင်ခြင်နေတာပါ သည်းခံခြင်းကို အတိုင်းအတာမထားဘဲ စစ်မှန်တဲ့ဥပက္ခာပြုနိုင်ဖို့ကြိုးစားနေတာပါ.. ခုဟာကစနစ်တကျယုတ်မာတာကိုငြိမ်ခံနေရအောင်သူတော်မဟုတ်ဘူးလေ ကိုယ်ယုတ်မာတိုင်း သူတစ်ပါးကို မိန်းမယုတ်ဇာတ်သွင်းရအောင် ဥပဓိရုပ်ကမစိုမပြေ ဖြစ်နေလို့လား တသက်လုံး မသောက်မစားခုကျမှ သောက်တတ်သလိုလုပ် မူးပြီးအမှားလုပ်မိပါတယ်ပေါ့”

“ကျွန်မစကားလုံးတွေရိုင်းနေမယ် အသံဟာ လည်းမချိုသာဘူး ဒါပေမယ့် အောက်တန်းမကျဘူး အနုပညာလောကထဲအောင်မြင်ဖို့ဘက်စုံထူးချွန်ဖို့ကြိုးစားမနေနဲ့ရိုးသားမှု့သာပေးလိုက် ထိုက်ထိုက်တန်တန်ပြန်ရမယ် က်ုယ်မအောင်မြင်တိုင်း သူတစ်ပါးအောင်မြင်မှု့ကိုမနာလို ဘဲ အချောင်ရတယ်ထင်နေတာလား ဘယ်သူ့ကိုမှနင်းတက်စရာမလိုဘူး ကျွန်မကို လာနင်းရင် အ ညောင်း ပြေ ရုံဘဲ မိခင်မဖြစ်ခင်ကတည်းက မိခင် တွေကို လေးစား နားလည်ပြီးသားပါသားမှေး ထားတော့ ပိုနားလည်ပါတယ်

ကျွန်မ စိတ်ကူးယဉ်ကမ္ဘာမှာ သာယာနေတဲ့သူမဟုတ်ဘူး လူပီသဖို့ကြိုးစားရင်း မှားဖူးသမျှအမှားတွေကို ပြင်ဆင်ရင်း မြတ်စွာဘုရားရဲ့တရားတော်နဲ့အညီ ကြိုးစားနေထိုင်ပြီး ဘဝကူးကောင်းဖို့ နောင်သံသရာမှာ ကောင်းမွန် သောသူဖြစ်ဖို့ ကြိုးစားနေတာပါ အေး ဆေး နေ ပါရ စေ ပန်းကောင်းလည်းအညွှန့်မချိုးသလို အိမ်ထောင်ပြုဖို့ အစီအစဉ်လဲမရှိပါဘူး ကျွန်မအိမ်မှာလည်း ကျွန်မ ဘုရင်မ ပါ ဘုရင်မ ဖူးဖူးမှုတိထားဖို့ ထိုက်သင့်ရင်တော့တမျိုးပေါ့”

“ဘယ်သူ့မှလဲလှည်းကျိုးမထမ်းခိုင်းဘူး ကိုယ့်ကို ကိုယ်လဲ မင်္ဂလာလှည်းယာဉ်လို့ဘဲသတ်မှတ်ထားတယ် လာချဉ်းကပ်နဲ့သူတွေကိုလဲ နွားလို့မသတ်မှတ် နွားဖြစ်ပါပြီး လှည်းကျိုးထမ်းရပါပြီလို့တွေးရင်လဲ ချူလူသံ လွင်လွင်နဲ့ချူဆီနွားတော့မဖြစ်စေနဲ့ပေါ့ အခန်းဆက် အနေအထားကိုကြည့်ပြီး ဆက်ရေး သင့် မရေးသင့် စောင့်ကြည့်ပါဦးမယ် ခုကိစ္စကိုမရှင်းဖို့ အတန်တန်တားတဲ့သူငယ်ချင်းတောင်းပန်ပါတယ် သမီးအတှကျ မေမေစိတျပူတယျ မေတ်တာပို့ပေးနေတဲ့ မေမေနု(ယောက်ခ)

ခွင့်လွှတ်ပါ” ဆိုကာ ခံစားချက်များကို ဖွင့်ချ ဆိုလာခဲ့ပါတယ်။

Source : Melody Facebook