အကယ်၍ တရုတ်-အိန္ဒိယ ကြောင့် ကမ္ဘာစစ်ကြီး ဖြစ်လာရင် ဘယ်နိုင်ငံ တွေက မဟာမိတ် အဖြစ် ပါဝင် လာကြမလဲ …?

အကယ်၍ တရုတ်-အိန္ဒိယ ကြောင့် ကမ္ဘာစစ်ကြီး ဖြစ်လာရင် ဘယ်နိုင်ငံ တွေက မဟာမိတ် အဖြစ် ပါဝင် လာကြမလဲ …?

တရုတ်-အိန္ဒိယ အရေးဟာ ကမ္ဘာစစ်ဖြစ်စေနိုင် တဲ့ အကြောင်းပြချက် ဖြစ်လာနိုင်တယ်ဆိုတာ အားလုံး သိပါလိမ်မ့ယ်။ အခုဆိုရင် နယ်စပ်မှာ နှစ်နိုင်ငံ စစ်ပြင်နေပြီဖြစ်ကြောင်း ဒေသခံသတင်းစာတွေက စတင်ဝါဒဖြန့်နေပါပြီ။ အကယ်၍များ ဒီနှစ်နိုင်ငံရဲ့အရေးက ကမ္ဘာစစ်ကို ဦးတည်ခဲ့မယ်ဆိုရင် ဘယ်နိုင်ငံတွေ က ဘယ်ဘက်က ရပ်တည်မလဲဆိုတာ မြေပုံထွက်ပေါ်လာပါတယ်။

မြေပုံမှာ အနီရောင်နဲ့ မိုးပြာရောင်ဆိုပြီး အရောင်လေးတွေ ခွဲ ထားပါတယ်။ အနီရောင်က တရုတ်နဲ့ မဟာမိတ်ဖြစ်လာဖွယ်ရှိတဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်ပြီး၊ အတိတ်ကရော အနာဂတ်မှာပါ တရုတ်ရဲ့ ကျေးဇူးနဲ့မကင်းတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာကတော့ မီးခိုးရောင်အဖြစ်သာ ပြထားလို့ ဘယ်နိုင်ငံရဲ့ မဟာမိတ် ရယ်လို့ သတ်သတ်မှတ်မှတ် မသိနိုင်သေးဘူးဆိုတဲ့ သဘောပါ။

ဒီလိုပဲ ရုရှားကဲ့သို့ အမေရိကန်ရန်သူတော် နိုင်ငံကိုပင် မီးခိုးရောင် ခြယ်ထားဆဲဆိုတာ တွေ့ရပါလိမ့်မယ်။ အခု ဖော်ပြထားတဲ့ အရောင်တွေကို ကြည့်လိုက်တဲ့အခါ တတိယကမ္ဘာစစ်ကြီး ဖြစ်လာခဲ့ရင်၊ တရုတ်၊ မြောက်ကိုရီးယား၊ နီပေါလ်၊ အီရန်၊ ပါကစ္စတန်၊ မလေး၊ အင်ဒို၊ ဗင်နီဇွဲလားတို့က တရုတ်ရဲ့ မဟာမိတ်ဖြစ်လာဖို့ ရှိ ပါတယ်။

တရုတ်နဲ့ ကျေးဇူးခံကျေးဇူးစား မကင်းတဲ့ နိုင်ငံတွေပါ။ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကတော့ အဏုမြူလက်နက် ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ အဆင်ပြေတဲ့ ဂျပန်၊ တောင်ကိုရီးယားတို့ကို မိုးပြာရောင် ခြယ်မထားသေးတာကတော့ မူလသတင်း တင်ဆက်သူမှာ တခြားစိတ်ကူးစိတ်သန်း ရှိပါလိမ့်မယ်။

အိန္ဒိယဘက်က မဟာမိတ်ဖြစ်လာနိုင်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ယူကေ၊ ဥရောပနိုင်ငံများ၊ အစ္စရေး၊ အာဖဂန်နစ္စတန်၊ သိရိလင်္ကာတို့ကို ရွေးချယ် ဖော်ပြထားပါတယ်။ အိန္ဒိယဟာ အမေရိကားနဲ့ လက်နက်ရောင်းဝယ်မှု ပေါင်(၃)ဘီလီယံဖိုးအထိ စာချုပ်လက်မှတ်ထိုးထားတဲ့ နိုင်ငံပါ။ အမေရိကန်နဲ့ မကြာသေးခင်ကမှ မိတ်ဘက်ဆက်ဆံရေး ဖြစ်လာခဲ့ပြီး၊ အိမ်ဖြူတော်က “အဓိက စစ်ဘက်ဆိုင်ရာ ပါတနာတွေ”လို့ သတ်မှတ်ထားပါတယ်။

အိန္ဒိယဘက်ခြမ်းကို မဟာမိတ်အရေး တွေးကြည့်တဲ့အခါ လက်ချည်း သက်သက် ဝင်တိုက်မယ့် နိုင်ငံတွေက အတော်လေး နည်းပါးပါတယ်။ ဆိုရရင် ခေတ်မီလက်နတ်တပ်ဆင်ထားမှုအပိုင်းမှာ တရုတ်ဘက်ခြမ်းက နိုင်ငံတွေထက် အင်အားပိုတောင့်တယ်လို့ အကြမ်းဖျဉ်း မြင်မိပါတယ်။ နာမည်ကြီးနေတဲ့ မြောက်ကိုရီးယားလောက်ပဲ ကြည့် ရမယ့် သဘောပါ။ သို့ပေတည့် စစ်ဆိုတာ အရာအားလုံးကို ပြောင်းပြန်အချိုးနဲ့ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

ပါကစ္စတန်က အိန္ဒိယအတွက် အနီးကပ်ဆုံးရန်သူတစ်ယောက် ဖြစ်ပါတယ်။ တရုတ်က ပါကစ္စတန်ကို ” သံမဏိ ညီအစ်ကိုတွေ”လို့ ဖွင့်ဟသမတ်မှတ်ဖူးပ်ါတယ်။ အကြောင်းကတော့ တရုတ်ဆီကနေ ပါကစ္စတန်က တတိယမြောက် လက်နတ်ဝယ်ယူမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ မကြားသေးမီက စစ်ရေးစီမံကိန်းတွေမှာ နှစ်နိုင်ငံ ပါဝင် ပတ်သက်ခဲ့ပြီး၊ JF-17 Thunder ဖိုက်တာဂျက်တွေ အဆင့်မြင့်တင်ရေးမှာလည်း လက်တွဲညီခဲ့ပါတယ်။

တရုတ်-အိန္ဒိယဟာ (၁၉၆၂)ခုနှစ်မှာ နယ်စပ်စစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယ ဘက်က အကျအဆုံးများခဲ့ပြီး၊ တရုတ်က အနိုင်ရခဲ့ပါတယ်။ (၁၉၇၄)မှာ အိန္ဒိယတို့ နယူကလီးယား ပိုင်ဆိုင်ခဲ့ပြီးနောက်၊ နှစ်နိုင်ငံပဋိပက္ခဖြစ်တဲ့ အရေအတွက် အလွန်နည်းသွားခဲ့ပါတယ်။ ဒါပေမယ့် လက်သီးထိုးကြိတ်တာတွေ၊ ချိန်းဆိုပြီး တိုက်ခိုက်တာတွေ ရှိနေ ခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြီးခဲ့တဲ့ပဋိပက္ခအတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေကို ရည်ညွှန်းပြီး ” Galvan တောင်ကြောဆိုတာ သွေးကြောထဲမှာ ဘယ်တော့မှ မသေဘူး “ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။ တရုတ်ကတော့ “အိမ်နီးချင်းတွေရဲ့ ဘယ်စစ်ရေးကျူးကျော်မှုကိုမဆို အသာလေး ချေမှုန်းနိုင်တယ် “လို့ ဆိုထားပါတယ်။ ပွဲကတော့ အတော်လေး ကြည့်ကောင်းနေပေမယ့် တစ်ဖက်က အပြစ်မဲ့နိုင်ငံတွေ၊ အပြစ်မဲ့ပြည်သူတွေကိုလည်း ငဲ့ရပါသေးတယ်။ စစ်ကို ရေတိုအားဖြင့် ကြည့်လို့မရပါဘူး။ ရေရှည်အားဖြင့် စစ်နဲ့ပတ်သက်တဲ့ နိုင်ငံတွေဟာ ဆင်းရဲကြတာများပါတယ်။ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေ အဆင်ပြေကြပါစေ လို့သာ ဆုတောင်းရမယ့်သဘောပါ။

လေးစားမှုဖြင့် ခရစ်ဒက် -လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 4 =