




credit-cele gabar

unicode

အိမ်က ချစ်စရာကောင်းတဲ့ တူလေးကြောင့် အပျိုကြီး လုပ်နေတာ ဆိုတဲ့ အေးမြတ်သူ

အကယ်ဒမီဆုကြီးကိုရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချော အေးမြတ်သူကတော့ ပရိသတ်အချစ်တော်မင်းသမီးတွေထဲမှာအပါအဝင်ပါ။ သူကတော့ ပကာသနမဖက်ဘဲရိုးရိုးရှင်းရှင်းနဲ့ပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုရသူပါ။ပရိသတ်တွေက အပျိုကြီးမမအေးမြတ်သူရဲ့ အချစ်ရေးကို စိတ်ဝင်စားပေမဲ့ သူကတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိတဲ့ပုံပါပဲ။

ဒီနေ့မှာတော့ သူ့ရဲ့ ဖေ့ဘွတ်မှာ “ဘယ်လိုအခက်အခဲ….အကြပ်အတည်းတွေရှိရှိ မိဘနဲ့မိသားစု ကို ပျော်ရွှင်အောင်ထားရမှာ သားသမီးတိုင်းရဲ့ ဝတ္တရား လို့ မမမြတ်လေး မှတ်ယူထားတယ်ရှင့်….ဒီအဖေဒီအမေဒီအကိုဒီအမတောင် ချစ်လ်ု့မဝသေးတာ… ခု ဒီBabylay လင်းမြတ်အောင် ထပ်တိုး လာတော့ အပျိုကြီးတော့..ဒီတသက်ယောကျာ်း ရပါတော့ မလားနော်” ဆိုပြီးတော့ တူလေးကို ချီပိုးရင်းထိန်းနေတဲ့ပုံလေးနဲ့အတူတင်ထားတာပါ။

အေးမြတ်သူကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေသလို မိသားစုကိုလည်း ဂရုစိုက်တဲ့သူ တစ်ယောက်ပါ။ အခုလည်းသံယောဇဉ်လေးတွေတိုးလာတာကြောင့် ယောကျာ်းယူဖို့မသေချာတော့ဘူးလို့ ပြောလာပါပြီ ပရိသတ်ကြီးရေ…

credit-cele gabar

Add a Comment

Your email address will not be published. Required fields are marked *

5 × 3 =