ရဲရင့္မႈေတြ ၾကားက ပြင့္လာတဲ့ပန္း႐ိုင္းတစ္ပြင့္၊ (သို႔မဟုတ္) လက္ေစာင္းထက္ တဲ့ ေျမာက္ကိုရီးယား နံပတ္(၂) ေခါင္းေဆာင္ ကင္ယိုေဂ်ာင္

ရဲရင့္မႈေတြ ၾကားက ပြင့္လာတဲ့ပန္း႐ိုင္းတစ္ပြင့္၊ (သို႔မဟုတ္) လက္ေစာင္းထက္ တဲ့ ေျမာက္ကိုရီးယား နံပတ္(၂) ေခါင္းေဆာင္ ကင္ယိုေဂ်ာင္

ႏွစ္ႏို င္ငံ ဆက္ဆံေရး႐ုံးကို ေျမာက္ကိုရီးယားဘက္က ေဖာက္ခြဲၿဖိဳခ်လိုက္ၿပီးေနာက္၊ ေျမာက္ကိုရီးယား ႐ုပ္သံေတြ မွာေတာ့ ဒီေဖာက္ခြဲတဲ့႐ုပ္သံကို ဂုဏ္ယူဝင့္ႂကြားစြာ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ကေတာ့ အနာဂတ္မွာ ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံဖို႔ မရွိေတာ့ဘူးလို႔ ဆိုပါတယ္။ ေဖာက္ခြဲလိုက္တဲ့ ဆက္ဆံေရး႐ုံးဟာ ေတာင္ေျမာက္စစ္ပြဲအၿပီး အထိမ္း အမွတ္သေဘာမ်ိဳးနဲ႔ တည္ေဆာက္ခဲ့တာပါ။

ဒီဆ က္ဆံေရး႐ုံးကို ေဖာက္ခြဲလိုက္ျခင္းဟာ ကင္ရဲ႕ညီမ ကင္ယိုေဂ်ာင္ အမိန႔္ေပးခိုင္းေစမႈေၾကာင့္လို႔ သတင္းေတြ ထြက္ေပၚ ေနၿပီး၊ ေတာင္ကိုရီးယားအေနနဲ႔ ႏွစ္ႏိုင္ငံ ၿငိမ္းခ်မ္းေရးကို ပ်က္စီးေစမယ့္လုပ္ေဆာင္ခ်က္ေတြကို လုပ္ေဆာင္ခဲ့ေၾကာင္း သူမက ဒီမတိုင္ခင္ကတည္းက စြပ္စြဲခဲ့ပါတယ္။ ေနာက္ၿပီး ဒီ႐ုံးကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ လုပ္မယ္လို႔လည္း ၿခိမ္းေျခာက္ခဲ့ ပါတယ္။

ဒါ့အျပင္ ကင္ယိုေဂ်ာင္က ေတာင္ကိုရီးယားကို စစ္ေရးအရ အေရးယူမယ္လို႔လည္း သတိေပးခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ ကို ၾကည့္ခ်င္းအားျဖင့္ ကင္ယိုေဂ်ာင္ဟာ စစ္တပ္ကို အမိန႔္ေပးေစခိုင္းႏိုင္တဲ့ အာဏာပါဝါကို ပိုင္ဆိုင္ထားၿပီျဖစ္တယ္ဆိုတာ ေသခ်ာပါတယ္။ ဒါဟာ ေျမာက္ကိုရီးယားမွာ ကင္ယိုေဂ်ာင္က နံပတ္(၂)ေခါင္းေဆာင္အဆင့္ကို ေရာက္သြားၿပီဆိုတဲ့ သေဘာပါ။

ကင္ယိုေဂ်ာင္ဟာ အစ္ကိုျဖစ္သူ ႏိုင္ငံေတာ္အာဏာ ရလာစဥ္ကတည္းက သူမရဲ႕ Role ကို လိမၼာပါးနပ္စြာ တည္ေဆာက္ ခဲ့သူျဖစ္ပါတယ္။ အစ္ကိုျဖစ္သူကလည္း တျခားညီအစ္ကို ေမာင္ႏွမေတြထက္ ကင္ယိုေဂ်ာင္ကို ပိုၿပီးခင္တြယ္သူျဖစ္ၿပီး၊ တကယ္အာဏာရလာခ်ိန္မွာ ေျမႇာက္စားသင့္သေလာက္ ေျမႇာက္စားခဲ့ပါတယ္။ ထူးျခားတာက အခုႏွစ္မွာ ကင္ယိုေဂ်ာင္ရဲ႕ အာဏာက ပိုက်ယ္ျပန႔္ လာခဲ့တာပါ။

ကင္ယိုေဂ်ာင္ဟာ အခုႏွစ္မွာ ေျမာက္ကိုရီးယားရဲ႕ တစ္ခုတည္းေသာပါတီျဖစ္တဲ့ အလုပ္သမားပါတီရဲ႕ ေပၚလစ္ျဗဴ႐ိုအ ဖြဲ႕ဝင္ ျဖစ္လာခဲ့ပါတယ္။ သံတမန္ဆက္ဆံေရးေတြမွာလည္း အစ္ကိုျဖစ္သူ ကင္ဂ်ဳံ႕အန္ရဲ႕ကိုယ္စား ေရွ႕ထြက္မင္းသမီးတစ္ပါး ျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္ ကင္ယိုေဂ်ာင္ဟာ ႏိုင္ငံေတာ္အခမ္းအနားေတြမွာ စီနီယာေတြနဲ႔ တစ္တန္းတည္း ထိုင္ခြင့္ရခဲ့ၿပီး၊ မပါမျဖစ္ လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

သတင္းေတြအရေတာ့ ေခါင္းေဆာင္ကင္ဟာ သူကိုယ္တိုင္ တက္ေရာက္ဖို႔ စီစဥ္ထားတဲ့ပြဲေတြ အေျခအေန အရ မတက္ေရာက္ျဖစ္တဲ့အခါတိုင္း ညီမျဖစ္သူကို လုံၿခဳံေရးအေစာင့္အေရွာက္ အျပည့္အစုံတက္ေရာက္ေစတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ ေခါင္းေဆာင္ကင္ လူျမင္ကြင္းကေန ရက္ေပါင္းေတာ္ေတာ္ၾကာေအာင္ ေပ်ာက္သြားခ်ိန္အတြင္ ကင္ယိုေဂ်ာင္က ႏိုင္ငံေရးကို ဦးေဆာင္ ခဲ့ရပါတယ္။ ဒီအခ်င္းအရာေတြကို ၾကည့္ခ်င္းအားျဖင့္ ကင္ယိုေဂ်ာင္ဟာ ရဲရင့္မႈေတြၾကားက ပြင့္လာတဲ့ပန္း႐ိုင္းတစ္ပြင့္လို႔ ဆိုရမွာပါ။

Ref ; Mirror/ Express/ The Sun

unicode

ရဲရင့်မှုတွေ ကြားက ပွင့်လာတဲ့ပန်းရိုင်းတစ်ပွင့်၊ (သို့မဟုတ်) လက်စောင်းထက် တဲ့ မြောက်ကိုရီးယား နံပတ်(၂) ခေါင်းဆောင် ကင်ယိုဂျောင်

နှစ်နို င်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားဘက်က ဖောက်ခွဲဖြိုချလိုက်ပြီးနောက်၊ မြောက်ကိုရီးယား ရုပ်သံတွေ မှာတော့ ဒီဖောက်ခွဲတဲ့ရုပ်သံကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ကတော့ အနာဂတ်မှာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံဖို့ မရှိတော့ဘူးလို့ ဆိုပါတယ်။ ဖောက်ခွဲလိုက်တဲ့ ဆက်ဆံရေးရုံးဟာ တောင်မြောက်စစ်ပွဲအပြီး အထိမ်း အမှတ်သဘောမျိုးနဲ့ တည်ဆောက်ခဲ့တာပါ။

ဒီဆ က်ဆံရေးရုံးကို ဖောက်ခွဲလိုက်ခြင်းဟာ ကင်ရဲ့ညီမ ကင်ယိုဂျောင် အမိန့်ပေးခိုင်းစေမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ် နေပြီး၊ တောင်ကိုရီးယားအနေနဲ့ နှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ပျက်စီးစေမယ့်လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ခဲ့ကြောင်း သူမက ဒီမတိုင်ခင်ကတည်းက စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး ဒီရုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ ပါတယ်။ ဒါ့အပြင် ကင်ယိုဂျောင်က တောင်ကိုရီးယားကို စစ်ရေးအရ အရေးယူမယ်လို့လည်း သတိပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက် ကို ကြည့်ချင်းအားဖြင့် ကင်ယိုဂျောင်ဟာ စစ်တပ်ကို အမိန့်ပေးစေခိုင်းနိုင်တဲ့ အာဏာပါဝါကို ပိုင်ဆိုင်ထားပြီဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါဟာ မြောက်ကိုရီးယားမှာ ကင်ယိုဂျောင်က နံပတ်(၂)ခေါင်းဆောင်အဆင့်ကို ရောက်သွားပြီဆိုတဲ့ သဘောပါ။

ကင်ယိုဂျောင်ဟာ အစ်ကိုဖြစ်သူ နိုင်ငံတော်အာဏာ ရလာစဉ်ကတည်းက သူမရဲ့ Role ကို လိမ္မာပါးနပ်စွာ တည်ဆောက် ခဲ့သူဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကလည်း တခြားညီအစ်ကို မောင်နှမတွေထက် ကင်ယိုဂျောင်ကို ပိုပြီးခင်တွယ်သူဖြစ်ပြီး၊ တကယ်အာဏာရလာချိန်မှာ မြှောက်စားသင့်သလောက် မြှောက်စားခဲ့ပါတယ်။ ထူးခြားတာက အခုနှစ်မှာ ကင်ယိုဂျောင်ရဲ့ အာဏာက ပိုကျယ်ပြန့် လာခဲ့တာပါ။ ကင်ယိုဂျောင်ဟာ အခုနှစ်မှာ မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသောပါတီ ဖြစ်တဲ့ အလုပ်သမားပါတီရဲ့ ပေါ်လစ်ဗြူရိုအ ဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ သံတမန်ဆက်ဆံရေးတွေမှာလည်း အစ်ကိုဖြစ်သူ ကင်ဂျုံ့အန်ရဲ့ကိုယ်စား ရှေ့ထွက်မင်းသမီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ကင်ယိုဂျောင်ဟာ နိုင်ငံတော် အခမ်းအနားတွေမှာ စီနီယာတွေနဲ့ တစ်တန်းတည်း ထိုင်ခွင့်ရခဲ့ပြီး၊ မပါမဖြစ် လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သတင်းတွေအရတော့ ခေါင်းဆောင်ကင်ဟာ သူကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားတဲ့ပွဲတွေ အခြေအနေ အရ မတက်ရောက်ဖြစ်တဲ့အခါတိုင်း ညီမ ဖြစ်သူကို လုံခြုံရေးအစောင့်အရှောက် အပြည့်အစုံတက်ရောက်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ကင် လူမြင်ကွင်းကနေ ရက်ပေါင်းတော်တော်ကြာအောင် ပျောက်သွားချိန်အတွင် ကင်ယိုဂျောင်က နိုင်ငံရေးကို ဦးဆောင် ခဲ့ရပါတယ်။ ဒီအချင်းအရာတွေကို ကြည့်ချင်း အားဖြင့် ကင်ယိုဂျောင်ဟာ ရဲရင့်မှုတွေကြားက ပွင့်လာတဲ့ပန်းရိုင်းတစ်ပွင့်လို့ ဆိုရမှာပါ။

Ref ; Mirror/ Express/ The Sun

Add a Comment

Your email address will not be published. Required fields are marked *

sixteen + 15 =