





unicode

ကိုဗစ် ကြောင့် ကျောင်းသင်ခန်းစာများ ကို လျှော့ ချ၊ ကျူရှင် များ လုံးဝ ဖွင့်ခွင့်မပြုသေး

ကို ဗစ်ကြောင့် စာသင်ချိန်နောက်ကျနေတဲ့ အတွက် ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေအောင် အခြေခံပညာ အတန်းအားလုံးရဲ့ သင်ခန်းစာတွေကို လျှော့ချလိုက်တယ်လို့ အမျိုးသားလွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီက သိရပါတယ်။ လက်ရှိအချိန်တွင် ကျောင်းသုံး စာအုပ်တွေ ထုတ်ဝေပြီးစီး သွားပြီဖြစ်ပြီး ကျောင်းတွေကို ဖြန့်ဝေပေးနေပြီလို့ သိရပါတယ်။

“သင် ခန်းစာတွေတော့ လျှော့လိုက် တယ်။ ဘယ်နှစ်ခန်းလျှော့တယ် ဆိုတာတော့ ပြီးခဲ့တဲ့နှစ်ကစာအုပ်နဲ့ တိုက်ကြည့်ရဦးမယ်။ အင်္ဂလိပ်စာ ကတော့ လုံးဝပြောင်းသွားတယ်။”လို့ အလယ်တန်းပြ ဆရာမတစ်ယောက်က ပြောပါတယ်။

အထက်တန်းနဲ့ ဘုန်းတော်ကြီး သင်ပညာရေး (ဘက) ကျောင်းတွေကို ဇူလိုင်လ(၂၁)ရက်ကစပြီး ပြန်ဖွင့်တော့ မှာဖြစ်သလို နောက်တစ်ပတ်အကြာ မှာတော့ အလယ်တန်းတွေဖွင်သွားမှာဖြစ်ပြီး မူလတန်းတွေ ကို အဲဒီနောက်ပိုင်းမှာ ဆက်လက်ဖွင့်သွားမှာ ဖြစ်ပါတယ်။

ကျူရှင်တွေကိုတော့ ကိုဗစ်ကာလ မှာနေထိုင်ရမယ့် အကွာအဝေးသတ်မှတ်ချက်ရှိနေတာကြောင့် ပြန်ဖွင့်ခွင့်ပြုဦးမှာမဟုတ်ဘူး လို့လည်း သိရပါတယ်

Add a Comment

Your email address will not be published. Required fields are marked *

3 × 5 =