‘မိသားစု တစ္ခု အိမ္တစ္အိမ္ ရဲ႕ စီးပြားေရး ကို လုံးဝ ပ်က္စီး သြားႏိုင္တဲ့ ယိုေပါက္ႀကီး (၆) ခု’

‘မိသားစု တစ္ခု အိမ္တစ္အိမ္ ရဲ႕ စီးပြားေရး ကို လုံးဝ ပ်က္စီး သြားႏိုင္တဲ့ ယိုေပါက္ႀကီး (၆) ခု’

ျမတ္စြာဘုရား ေဟာထားတာ ကေတာ့ ေလာကမွာ စီးပြားေရး ပ်က္ရာ ၊ပစၥည္းဥစၥာေတြရဲ႕ ယိုေပါက္ႀကီး ၆ခုဆိုတာပစၥည္းဥစၥာဟာ ဘယ္ေတာ့မွ မတည္ဘူးတဲ့…ျမန္မာေတြကေတာ့ ေျပာၾကတယ္“လူမိုက္နဲ႔ေငြ” အတူမေနဘူးတဲ့ပစၥည္းဥစၥာဟာ ေပ်ာက္သြားတယ္။ ျမတ္စြာဘုရားက ဘာကို ေဟာသလဲဆိုရင္နံပါတ္(၁)က အာလသ် – လူပ်င္းနဲ႔ဆိုရင္ ေငြဟာ အတူမေနဘူးတဲ့။ပ်င္းရိလို႔ရွိရင္ ပ်င္းတယ္ဆိုတာ ပူလြန္းတယ္၊ေအးလြန္းတယ္၊ မိုးခ်ဳပ္လြန္းတယ္၊ ဆာေနေသးတယ္၊မစားရေသးဘူး၊ စားၿပီးၿပီ၊ ဗိုက္ေလးတယ္ ဆိုတဲ့ အခ်က္ေတြကို အေၾကာင္းျပၿပီး အလုပ္မလုပ္ဘဲ နဲ႔ေနတာကို ပ်င္းတယ္လို႔ေျပာတာေနာ္။

အဲဒီလိုပ်င္းရိမႈဟာလည္း ပစၥည္းဥစၥာရဲ႕ ယိုက်ဖို႔ရာ အေပါက္တစ္ခုပဲတဲ့။ေနာက္ နံပါတ္(၂)ကေတာ့ ပမာဒတဲ့ – အေပ်ာ္အပါးေတြဘက္ပဲ စိတ္ဝင္စားတယ္။ေကာင္းက်ိဳး ခ်မ္းသာျဖစ္ဖို႔ စိတ္မဝင္စားဘူး။လုပ္ငန္းကိုလည္း စိတ္မဝင္စားဘူး။ အေပ်ာ္အပါးေတြကိုအၿမဲတမ္း စိတ္ဝင္စားေနရင္လည္း ပ်က္စီးႏိုင္တယ္။ နံပါတ္(၃)က အႏု႒ာန – လုပ္ငန္းတစ္ခုကို လုပ္တဲ့အခါမွာတက္တက္ႂကြႂကြ မရွိဘူး။ ဝတ္ေက်တမ္းေက်ပဲလုပ္တယ္၊ ေျဖးေျဖးေဆးေဆးပဲ။ slow ေပ့ါ…။သြက္သြက္လက္လက္ လုပ္ရမယ့္ဟာကိုသြက္သြက္လက္လက္ မလုပ္ဘူး။ ပ်င္းပ်င္းရိရိလုပ္တယ္၊ အဲဒီလိုဟာမ်ိဳး မျဖစ္ရဘူးတဲ့ ။ႀကိဳးႀကိဳးစားစားလုပ္ရမယ္။ အဲဒီေတာ့ပ်င္းရိျခင္းဟာလည္း ဥစၥာရဲ႕ ယိုေပါက္တစ္ခု။

နံပါတ္(၄)က ကာမဂုဏ္ အာ႐ုံေတြထဲမွာ စိတ္ကိုလႊတ္ထားၿပီးေတာ့ေပ်ာ္ပါးျခင္းဟာလည္း ပစၥည္းဥစၥာ ရဲ႕ယိုက်တဲ့ အေပါက္တစ္ခုတဲ့။နံပါတ္(၅)က မေစာင့္စည္းျခင္း၊ ကိုယ့္စိတ္ ကိုလည္း အေစာင့္စည္းဘူး။ကာယကံဝစီကံကိုလည္း မထိန္းသိမ္း မေစာင့္ေရွာက္ဘူး။ ကိုယ္က်င့္တရားကိုလည္း မထိန္းသိမ္းမေစာင့္ေရွာက္ဘူး။အဲဒါဟာ စီးပြားေရးယိုေပါက္တစ္ခုပဲ။ နံပါတ္(၆)က အအိပ္ၾကဴးျခင္း၊ ဘယ္ေတာ့ျဖစ္ျဖစ္အိပ္တာပဲ။အအိပ္မ်ားေနတယ္၊ အဲဒီဟာ လည္းပဲ ပ်က္စီးျခင္းအေၾကာင္းတစ္ခုပဲ။ခုနကေျပာခဲ့တဲ့ အာလသ်နဲ႔ တႏၵီမွာ အာလသ်ပ်င္းရိတယ္ ဆိုတဲ့ေနရာမွာဘာအလုပ္မွ မလုပ္ဘဲေနတာမ်ိဳး၊တႏၵီက်ေတာ့ ျဖစ္ေပၚ လာတဲ့ အခ်ိန္ကိုေ႐ႊ႕တာအၿမဲတမ္းအခ်ိန္ကိုေ႐ႊ႕ခ်င္တယ္။

ေစာေသးတယ္၊ အခ်ိန္ေ႐ႊ႕လိုက္တယ္။ ၈နာရီေလာက္ အလုပ္လုပ္ရမွာကို မလုပ္ေသးပါဘူး။ ၉နာရီမွ လုပ္မယ္။ ၉နာရီက်ေတာ့လည္း၁၀-နာရီက်မွာ သြားေတာ့မယ္။ ဒီလိုအခ်ိန္ေတြကို ေ႐ႊ႕ေ႐ႊ႕သြားတာမ်ိဳးကို ဆိုလိုတယ္။အဲဒီအေပါက္ ၆-ေပါက္ကို ပိတ္ႏိုင္မွတဲ့။မပိတ္ႏိုင္လို႔ရွိရင္ ပစၥည္းဥစၥာ ဟာလူေတြနဲ႔အတူ မရွိႏိုင္ဘူးလို႔ ဒီလို ျမတ္စြာဘုရားက ေဟာတယ္။အဲဒီလိုေဟာတာေတြဟာ ကိုယ့္အတြက္ပစၥဳပၸန္ဘဝမွာေကာင္းက်ိဳး ရႏိုင္သလိုသံသရာအတြက္လည္း ေကာင္းက်ိဳးရႏိုင္တယ္။မေကာင္းတဲ့ အခ်က္အလက္ေတြကို ေရွာင္ၿပီးေတာ့ေကာင္းတဲ့ အခ်က္အလက္ေတြ ကို ကိုယ့္သႏၲာန္မွာ က်င့္ေဆာင္ဖို႔အေရးႀကီးတယ္။ယိုေပါက္ႀကီးေတြပိတ္ၿပီး စီးပြားလာဘ္လာဘ တိုးတက္ၾကပါေစ။

(ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး)(အခြင့္ေကာင္းကိုယူ ဓမၼစာအုပ္မွ)ကိုသန႔္ႀကီးထံမွ ကူးယူ မွ်ေဝပါသည္။

Credit: Dr shwe tu

unicode

‘မိသားစု တစ်ခု အိမ်တစ်အိမ် ရဲ့ စီးပွားရေး ကို လုံးဝ ပျက်စီး သွားနိုင်တဲ့ ယိုပေါက်ကြီး (၆) ခု’

မြတ်စွာဘုရား ဟောထားတာ ကတော့ လောကမှာ စီးပွားရေး ပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့…မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။ မြတ်စွာဘုရားက ဘာကို ဟောသလဲဆိုရင်နံပါတ်(၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲ နဲ့နေတာကို ပျင်းတယ်လို့ပြောတာနော်။

အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ကောင်းကျိုး ချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး။လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး။ အပျော်အပါးတွေကိုအမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။ နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ။ slow ပေ့ါ…။သွက်သွက်လက်လက် လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက် မလုပ်ဘူး။ ပျင်းပျင်းရိရိလုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့ ။ကြိုးကြိုးစားစားလုပ်ရမယ်။ အဲဒီတော့ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု။

နံပါတ်(၄)က ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ကိုလွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာ ရဲ့ယိုကျတဲ့ အပေါက်တစ်ခုတဲ့။နံပါတ်(၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ် ကိုလည်း အစောင့်စည်းဘူး။ကာယကံဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး။ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး။အဲဒါဟာ စီးပွားရေးယိုပေါက်တစ်ခုပဲ။ နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ။အအိပ်များနေတယ်၊ အဲဒီဟာ လည်းပဲ ပျက်စီးခြင်းအကြောင်းတစ်ခုပဲ။ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ အာလသျပျင်းရိတယ် ဆိုတဲ့နေရာမှာဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊တန္ဒီကျတော့ ဖြစ်ပေါ် လာတဲ့ အချိန်ကိုရွှေ့တာအမြဲတမ်းအချိန်ကိုရွှေ့ချင်တယ်။

စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်။ ၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး။ ၉နာရီမှ လုပ်မယ်။ ၉နာရီကျတော့လည်း၁၀-နာရီကျမှာ သွားတော့မယ်။ ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့။မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာ ဟာလူတွေနဲ့အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်။အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက်ပစ္စုပ္ပန်ဘဝမှာကောင်းကျိုး ရနိုင်သလိုသံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်။မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ကောင်းတဲ့ အချက်အလက်တွေ ကို ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့အရေးကြီးတယ်။ယိုပေါက်ကြီးတွေပိတ်ပြီး စီးပွားလာဘ်လာဘ တိုးတက်ကြပါစေ။

(ပါချုပ်ဆရာတော်ဘုရားကြီး)(အခွင့်ကောင်းကိုယူ ဓမ္မစာအုပ်မှ)ကိုသန့်ကြီးထံမှ ကူးယူ မျှဝေပါသည်။

Credit: Dr shwe tu