Q ဝင် လာသူကို စုံစမ်းရာ မှ တရုတ်မယား အဖြစ် ရောင်း စားခံရမှု ပေါ်ပေါက်

Q ဝင် လာသူကို စုံစမ်းရာ မှ တရုတ်မယား အဖြစ် ရောင်း စားခံရမှု ပေါ်ပေါက်

တိုက်ကြီးမြို့နယ်၊ပုတ္တကျေးရွာ အုပ်စု ချောင်းကျိုး ပရဟိတ ဂေဟာတွင် ဖွင့်လှစ်ထားသော Q စင်တာတွင် ၂၀၂၀ပြည့်နှစ် ဇွန်လ(၁၀)ရက်နေ့၌ တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသော မနှင်းအိဖြူ (၂၃)နှစ်(ဘ)ဦးမောင်တဆယ်၊ ကျဘမ်း၊ကဇွန်းချောင်ကျေးရွာ၊ ကြွေပုဂံချောင်းကျေးရွာအုပ်စု အဖျောက်မြို့၊ တိုက်ကြီးမြို့နယ်နေသူမှာ (၂၁)ရက် စောင့်ကြည့်ခံယူရန် ရောက်ရှိလာသဖြင့်

ပုတ္တကျေးရွာအုပ်စု၊အုပ်ချုပ်ရေးအဖွဲ့ မှ ထပ်တိုး စာရင်းကောက်ယူရန်နှင့် ကိုယ်ရေးအချက်အလက် ကောက်ယူရန်အတွက် မနှင်းအိဖြူထံသို့ သွားရောက်မေးမြန်းစဉ် မနှင်းအိဖြူ မှ တရုတ်နိုင်ငံသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း တိုင်ကြားလာသဖြင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ Covid -19 ရောဂါ ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်ကျော်စိုးထံသို့ တင်ပြခံရာ ၎င်းမှ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိုမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)ဆက်လက်အကြောင်းကြားခဲ့သဖြင့်

၁၂.၆.၂၀၂၀ ရက်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်တွင် အမှတ်(၆) လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ် မြတ်စိုးနောင် ချောင်းကျိုးရွာ Q စင်တာ သို့ရောက်ရှိ ခဲ့ပြီး အဆိုပါ မနှင်းအိဖြူ အား ဖြစ် စဉ်အမှန် ပေါ်ပေါက်နိုင်ရေး အား စစ်ဆေးမေးမြန်းမှုပြုလုပ်ံခဲ့ ကြောင်း သိရှိရပါသည်။ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ(ရက်မမှတ်မိ ) တစ်ရွာထဲနေ ဒေါ်စန်းစန်းအေး ၏ ဆက်သွယ်ပေးမှုဖြင့် လှိုင်သာ ယာမြို့နယ် နေသူ မခိုင်(ခ)မြခိုင် တို့နှင့် ကဇွန်းချောင်ကျေးရွာ ဒေါ်စန်စန်းအေး၏ နေအိမ်တွင် တွေ့ဆုံခဲ့ပြီး၊ လာရှိုးမြို့ ၊လဖက်ခြောက်စက်ရုံ့တွင် အလုပ် လုပ်ကိုင်ရန် လူလိုကြောင်းနှင့် တစ်လလျှင် ငွေ(၂)သိန်း စရိတ်ငြိမ်း ရမည် ဖြစ်ကြောင်း မခိုင်(ခ)မြခိုင် မှ ပြောဆိုစည်းရုံခဲ့ သဖြင့် သဘောတူခဲ့ကြောင်း

ယင်းနေ့တွင် ဒေါ်စန်းစန်းအေး၊ မခိုင်(ခ)မြခိုင်တို့နှင့်အတူ ကဇွန်ချောင်ကျေးရွာ မှ အဖျောက်မြို့သို့ လည်ကောင်း၊ အဖျောက်မြို့မှ အင်းစိန်မြို့ သို့ လိုင်းကားဖြင့် လည်းကောင်း၊ ထိုမှ တဆင့် လှိုင်သာယာရှိ မခိုင်(ခ)မြခိုင် နေအိမ်သို့ ရောက်ရှိပြီး ၊မကုလားမဆိုသူနှင့် တွေ့ရှိခဲ့ကြောင်း၊ မမာမူမှ ၎င်းအား ဓာတ်ပုံရိုက်၊ ရပ်ကွက်ထောက်ခံစာပြုလုပ်ပေးခဲ့ကြောင်း၊ နောက်တစ်နေ့တွင် မမာမူ၏မောင်ဟုသိရသူ ဇေယျာလင်းမှ အောင်မင်္ဂလာ အဝေးပြေး ကားကွင်းသို့ လိုက်ပို့ပေးခဲ့ကြောင်း၊

မမာမူနှင့် ၎င်းး၏သမီး ဖြစ်သူ မထက်ထက်အောင် တို့ လာရောက်စောင့်နေကြောင်း၊ ညနေ (၄)နာရီတွင် လာရှိုးမြို့ သို့ ၎င်းတို့နှင့်အတူ ခရီးသည်ယာဉ်ဖြင့်သွားရောက်ခဲ့ကြောင်း နောက်တစ်နေ့မနက် လာရှိုးမြို့သို့ ရောက်ရှိပြီး မမာမူမှာ လာရှိုးမြို့၌ ကျန်ခဲ့ပြီး မထက်ထက်အောင်မှ အငှားယာဉ် အဆင့်ဆင့်ဖြင့် တရုတ် နယ်စပ်ဂိတ် ခိုးဝင်ပေါက်မှတဆင့် တရုတ်နိုင်ငံ မိန်းတိန်မြို့ရှိ တည်းခိုးခန်းတစ်ခုတွင် ၄ ရက်ခန့်နေထိုင်ခဲ့ပြီး ၅ ရက်မြောက်နေ့တွင် မရှမ်းမ ဟု သိရသော (တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေကျနေသူအမျိုးသမီး)ထံ မထက်ထက်အောင် မှ ထည့်ပေးသဖြင့် မရှမ်းမနေအိမ်သို့ ရောက်ရှိခဲ့ကြောင်း

မရှမ်းမနေအိမ်တွင် ၄ ရက်ခန့်နေထိုင်ပြီး တရုတ် အမျိုးသားတစ်ဦး (တရုတ်အမည်ဝိုင်းချစ်)ဟုသိရသူ ရောက်ရှိလာပြီး ၎င်းအားခေါ်ဆောင် သွားခဲ့ကြောင်း ၎င်းတရုတ်အမျိုးသားနှင့် အတူကား ၄ ဆင့် ပြောင်းစီး၍ ၄ ရက်ခန့်ခရီးဆက်ခဲ့ရာ ည ၁၁ နာရီခန့်တွင် တရုတ်နိုင်ငံအမည်မသိမြို့သို့ရောက်ရှိခဲ့ပြီး အဆိုပါ တရုတ်အမည်ဝိုင်းချစ် ဆိုသူနှင့် လက်ထပ်ပေါင်းသင်းခဲ့ရကြောင်း၊ (၃)လခန့်ပေါင်းသင်းပြီး တရုတ်အမျိုးသားမှ ဖုန်းပေးသုံးသဖြင့် မမာမူနှင့် စကားပြောရာ ၎င်းအားတရုတ်အမျိုးသားထံ (ယွမ် ၁သိန်း၁သောင်း)ဖြင့် ရောင်းစားခဲ့ကြောင်းနှင့် ၎င်းနေအိမ်ရှိ မိခင်ဖြစ်သူထံ မြန်မာငွေကျပ် ၁၅သိန်းပို့ပေးခဲ့ကြောင်းကို ပြောပြသိရှိရကြောင်းနှင့် ၎င်းမှာတရုတ်ယောကျာ်းနှင့် ၂နှစ်ကျော်ခန့် ပေါင်းသင်းခဲ့ရာ သမီးတစ်ယောက်ရရှိခဲ့ကြောင်း

၂၀၂၀ခုဇွန်လအတွင်း(နေ့ရက်မမှတ်မိ)ကတရုတ်ယောကျာ်း၏ နေအိမ်မှ ထွက်ပြေးခဲ့ကြောင်းနှင့် (၆)ရက်မြောက်နေ့တွင် မြန်မာနိုင်ငံ မူဆယ်မြို့အတွင်း ခိုးဝင်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ပြီး မူဆယ်မြို့မှတစ်ဆင့် ပြန်လာရာ (၁၀.၆.၂၀၂၀)ရက်နေ့တွင်တိုက်ကြီးမြို့သို့ ပြန်လည်ရောက် ရှိလာခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မနှင်းအိဖြူအား လားရှိုးမြို့ရှိ လက်ဖက် ခြောက်စက်ရုံတွင် အလုပ်လုပ် ကိုင်ရန် လူလိုအပ်ကြောင်း ၁ လလျှင် စရိတ်ငြိမ်းငွေကျပ် ၂သိန်းရမည်၊ အလုပ်အကိုင်ကောင်းပြီး လမ်းစရိတ်ကျခံမည်ဖြစ်ကြောင်း ပြောဆိုစည်း ရုံးခဲ့ကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရုတ်အမျိုးသားထံ အဓမ္မ လက်ထပ် ပေါင်းသင်းရန် ပို့ဆောင်ရောင်းစား ခဲ့ကြသည့် ဒေါ်စန်းစန်းအေး(စုံစမ်းဆဲ)၊ကန်ဇွန်းချောင်ကျေး ရွာ၊ကြွေပုဂံချောင်းအုပ်စု အဖျောက်မြို့နေသူ၊မခိုင် (ခေါ်)မြတ်ခိုင်(စုံစမ်းဆဲ)၊လှိုင်သာယာမြို့နယ်နေသူ၊ မမာမူ(စုံစမ်းဆဲ)၊လှိုင်သာယာမြို့နယ်နေသူ၊ မထက်ထက်အောင်(စုံစမ်းဆဲ)၊လှိုင်သာယာမြို့နယ်နေသူ၊မရှမ်းမ(စုံစမ်းဆဲ)၊တရုတ်နိုင်ငံ မိန်းတိန်မြို့ ဆိုသူတို့အားအရေးယူပေးပါရန် ရဲအုပ်မြတ်နောင်စိုး အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ရန်ကုန်)မှ တရားလိုပြုလုပ်ပြီးအဖျောက်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာ

အဖျောက်နယ်မြေရဲစခန်းမှ ဒုရဲအုပ်သန်းကျော်ဇောမှ တာဝန်ယူဆောင်ရွက်ပြီး အဖျောက်ရဲစခန်းတွင်(ပ)၅၇/၂၀၂၀လူကုန်ကူးမှုဥပဒေဖြင့်အမှုဖွင့်ပြီး တရားလိုနှင့် သက်သေများစစ်ဆေးခြင်းမှ အမှုတရားခံဖြစ်သူ ဒေါ်စန်းစန်းအေး(၆၃)နှစ် ကန်ဇွန်းချောင်ကျေးရွာ ၊ကြွေပုဂံချောင်းအုပ်စု၊ အဖျောက်မြို့နေသူအား ဖမ်းဆီးရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။