အေမဇံု သစ္ေတာမွ ကူးစက္ျမန္ ဗုိင္းရပ္စ္အသစ္တ မ်ဳိး ထြက္ေပၚ လာႏုိင္ သည္ဟု သိပၸံပညာရွင္ဆုိ

အေမဇံု သစ္ေတာမွ ကူးစက္ျမန္ ဗုိင္းရပ္စ္အသစ္တ မ်ဳိး ထြက္ေပၚ လာႏုိင္ သည္ဟု သိပၸံပညာရွင္ ဆုိ

ေနာက္ထပ္ ကူးစက္ေရာဂါ တစ္မ်ိဳးသည္ အေမဇုန္မိုးသစ္ေတာမွ ေပၚေပါက္လာႏိုင္သည္ဟု ဘရာဇီးလ္လူမ်ိဳး ေဂဟေဗဒပညာရွင္ ေဒးဗစ္လာပိုလာက သတိေပး ေျပာဆိုလိုက္သည္။

ေတာတြင္းတိရိစာၦန္မ်ား ေနထိုင္ရာေဒသ မ်ားသို႔ လူတို႔ ဝင္ေရာက္ စြက္ဖက္ျခင္းသည္ ေဂဟစနစ္ မညီမွ်မႈကို ျဖစ္ေစၿပီး ၿမိဳ႕ျပ မ်ားရွိ ေတာတြင္း တိရိစာၦန္ေဈးကြက္မ်ားမွ တစ္ဆင့္ လူသားမ်ား ထံသို႔ ေရာဂါကူးစက္မႈမ်ားကို ျဖစ္ေပၚေစေၾကာင္း သုေတသီက ေျပာၾကားခဲ့သည္။

အေမဇုံသစ္ေတာျပဳန္းတီးမႈႏွင့္ အတူ ေနာက္ထပ္ႀကီးမားေသာ ကူးစက္ေရာဂါ သည္ ဘရာဇီးလ္မွ ျဖစ္ႏိုင္သည္ဟု သုေတသီ ေဒးဗစ္လတ္ပိုလာက သတိေပးသည္။ “အေမဇုံသစ္ေတာဟာ ဗိုင္းရပ္စ္ေတြအတြက္ သိုေလွာင္႐ုံႀကီး တစ္ခုပါပဲ” ဟု အသက္ ၃၈ ႏွစ္ရွိ သိပၸံပညာရွင္ ေဒးဗစ္ လာပိုလာက ေျပာသည္။

တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္တြင္ အလ်င္အျမန္ ပ်ံ႕ႏွံ႔ခဲ့ေသာ ကို႐ိုနာ ဗိုင္းရပ္စ္သည္ လူမ်ားသို႔ မကူးမီ လင္းႏို႔ မ်ားမွ ဆင္းသက္ လာသည့္ တတိယမ်ိဳးစိတ္ျဖစ္ႏိုင္သည္ဟု ယုံၾကည္ေနၾကသည္။

အိပ္ခ္ခ်အိုင္ဗြီ၊ အီဘိုလာႏွင့္ ေသြးလြန္ တုပ္ေကြး အဖ်ားေရာဂါသည္ ကမာၻေပၚတြင္ အလြန္အမင္းျပင္းထန္ေနဆဲ ေရာဂါမ်ား ျဖစ္ၿပီး ေဂဟစနစ္ မညီမွ်မႈမွ ပ်ံ႕ႏွံ႔ေနသည့္ ဗိုင္းရပ္စ္မ်ား ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။

ကမာၻ႔အႀကီးဆုံး ဘရာဇီးအေမဇုန္ မိုးသစ္ေတာ သည္ စိုးရိမ္ဖြယ္ရာႏႈန္းျဖင့္ ေပ်ာက္ကြယ္ေနၿပီး ၿပီးခဲ့သည့္ႏွစ္က သစ္ေတာ ျပဳန္းတီးမႈသည္ ၈၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ၿပီးရာ ဧရိယာ စတုရန္းကီလိုမီတာ ၁၀,၀၀၀ ေက်ာ္ (၃,၉၀၀ စတုရန္းမိုင္) သစ္ေတာမ်ား ျပဳန္းတီး ခဲ့သည္။

“ခင္ဗ်ားတို႔ ေဂဟစနစ္ေတြ ကို မညီမမွ် ျဖစ္ေအာင္ ဖန္တီးတဲ့အခါ ဗိုင္းရပ္စ္ တစ္မ်ိဳးဟာ တိရစာၦန္ေတြက တစ္ဆင့္ လူေတြကို ကူးစက္သြားတာပါပဲ” ဟု ၎က ေျပာသည္။ ယခုအခ်ိန္အထိ ထိုကဲ့သို႔ေသာ ေရာဂါျဖစ္ပြားမႈ အမ်ားစုသည္ ေတာင္အာရွႏွင့္ အာဖရိကတို႔တြင္ျဖစ္ၿပီး အခ်ိဳ႕ေသာ လင္းႏို႔မ်ိဳးစိတ္မ်ားႏွင့္ ဆက္စပ္ေနသည္ဟု ဆိုသည္။

အေမဇုံ မိုးသစ္ေတာႀကီး တည္ရွိေနသည့္ ဘရားဇီးႏိုင္ငံတြင္ ယခုအခ်ိန္ထိ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ႏႈန္း အရွိန္ျမင့္တက္လ်က္ရွိၿပီး စုစုေပါင္း ကူးစက္မႈ ၁ သိန္း ၉ ေသာင္းေက်ာ္တြင္ လူေပါင္း ၁၃၀၀၀ ေက်ာ္ ေသဆုံး ထားသည္။

crd : panpyoelat

unicode

အမေဇုံ သစ်တောမှ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တ မျိုး ထွက်ပေါ် လာနိုင် သည်ဟု သိပ္ပံပညာရှင် ဆို

နောက်ထပ် ကူးစက်ရောဂါ တစ်မျိုးသည် အမေဇုန်မိုးသစ်တောမှ ပေါ်ပေါက်လာနိုင်သည်ဟု ဘရာဇီးလ်လူမျိုး ဂေဟဗေဒပညာရှင် ဒေးဗစ်လာပိုလာက သတိပေး ပြောဆိုလိုက်သည်။

တောတွင်းတိရိစ္ဆာန်များ နေထိုင်ရာဒေသ များသို့ လူတို့ ဝင်ရောက် စွက်ဖက်ခြင်းသည် ဂေဟစနစ် မညီမျှမှုကို ဖြစ်စေပြီး မြို့ပြ များရှိ တောတွင်း တိရိစ္ဆာန်ဈေးကွက်များမှ တစ်ဆင့် လူသားများ ထံသို့ ရောဂါကူးစက်မှုများကို ဖြစ်ပေါ်စေကြောင်း သုတေသီက ပြောကြားခဲ့သည်။

အမေဇုံသစ်တောပြုန်းတီးမှုနှင့် အတူ နောက်ထပ်ကြီးမားသော ကူးစက်ရောဂါ သည် ဘရာဇီးလ်မှ ဖြစ်နိုင်သည်ဟု သုတေသီ ဒေးဗစ်လတ်ပိုလာက သတိပေးသည်။ “အမေဇုံသစ်တောဟာ ဗိုင်းရပ်စ်တွေအတွက် သိုလှောင်ရုံကြီး တစ်ခုပါပဲ” ဟု အသက် ၃၈ နှစ်ရှိ သိပ္ပံပညာရှင် ဒေးဗစ် လာပိုလာက ပြောသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် အလျင်အမြန် ပျံ့နှံ့ခဲ့သော ကိုရိုနာ ဗိုင်းရပ်စ်သည် လူများသို့ မကူးမီ လင်းနို့ များမှ ဆင်းသက် လာသည့် တတိယမျိုးစိတ်ဖြစ်နိုင်သည်ဟု ယုံကြည်နေကြသည်။

အိပ်ခ်ချအိုင်ဗွီ၊ အီဘိုလာနှင့် သွေးလွန် တုပ်ကွေး အဖျားရောဂါသည် ကမ္ဘာပေါ်တွင် အလွန်အမင်းပြင်းထန်နေဆဲ ရောဂါများ ဖြစ်ပြီး ဂေဟစနစ် မညီမျှမှုမှ ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ဘရာဇီးအမေဇုန် မိုးသစ်တော သည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ပျောက်ကွယ်နေပြီး ပြီးခဲ့သည့်နှစ်က သစ်တော ပြုန်းတီးမှုသည် ၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးရာ ဧရိယာ စတုရန်းကီလိုမီတာ ၁၀,၀၀၀ ကျော် (၃,၉၀၀ စတုရန်းမိုင်) သစ်တောများ ပြုန်းတီး ခဲ့သည်။

“ခင်ဗျားတို့ ဂေဟစနစ်တွေ ကို မညီမမျှ ဖြစ်အောင် ဖန်တီးတဲ့အခါ ဗိုင်းရပ်စ် တစ်မျိုးဟာ တိရစ္ဆာန်တွေက တစ်ဆင့် လူတွေကို ကူးစက်သွားတာပါပဲ” ဟု ၎င်းက ပြောသည်။ ယခုအချိန်အထိ ထိုကဲ့သို့သော ရောဂါဖြစ်ပွားမှု အများစုသည် တောင်အာရှနှင့် အာဖရိကတို့တွင်ဖြစ်ပြီး အချို့သော လင်းနို့မျိုးစိတ်များနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

အမေဇုံ မိုးသစ်တောကြီး တည်ရှိနေသည့် ဘရားဇီးနိုင်ငံတွင် ယခုအချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နှုန်း အရှိန်မြင့်တက်လျက်ရှိပြီး စုစုပေါင်း ကူးစက်မှု ၁ သိန်း ၉ သောင်းကျော်တွင် လူပေါင်း ၁၃၀၀၀ ကျော် သေဆုံး ထားသည်။

crd : panpyoelat