ချစ်ရတဲ့မိခင်ကြီးဆီကနေ မွေးနေ့အကြိုတန်ဖိုးကြီးလက်ဆောင်ရခဲ့လို့ အတိုင်းမသိဝမ်းသာနေတဲ့ “ဘုန်းမင်းနေလ”

Posted on

ဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ အကယ်ဒမီဆုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်ပဲ ဖြစ်ပါတယ် ။ ခင်ဇာခြည်ကျော်က ယနေ့အချိန် အထိတိုင်အောင် အနုပညာအလုပ်တွေကိုတစိုက်မတ်မတ် လုပ်ကိုင်နေတဲ့အပြင်သူမရဲ့ကလေးတွေကိုပါ မြေတောင်မြှောက်ပေးနေတာ ဖြစ်ပါတယ် ။ခင်ဇာခြည်ကျော်ရဲ့ သားကြီးဖြစ်သူ ဘုန်းမင်းနေလကလည်း အခုဆိုရင် သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပြီဖြစ်ပြီး ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလရဲ့ ဇာတ်ကားတွေကိုလည်းကြိုက် နှစ်သက်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။ခင်ဇာခြည်ကျော်တို့ မိသားစုတွေကတော့ အနုပညာ နဲ့ပတ်သက်ပြီး အောင်မြင်မှုတွေရရှိသလို အချင်းချင်း ဂရုစိုက်ပြီး လိုလေသေးမရှိဖြည့်ဆည်းပေးတဲ့ ပုံစံကြောင့် လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘုန်းမင်းနေလက သူ့ရဲ့ကြေမွနေတဲ့ ဖုန်းလေးကို မကြည့်ရက်လို့ မွေးနေ့မရောက်ခင်မှာပဲ ဖုန်းအသစ်လဲပေးခဲ့တဲ့ မေမေ့ကို ကျေးဇူး တင်စကားလေး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ကတော့ သားတွေ သမီးတွေရဲ့ လိုအပ်ချက်တွေ မှန်သမျှကို ထောင့်စေ့အောင် ဖြည့်ဆည်းပေးနေတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလ နဲ့ ထင်သစ္စာတို့ကလည်း မေမေ့ရဲ့ ကျေးဇူးတွေ ဆပ်နိုင်တဲ့ သားကောင်းသမီးကောင်းတွေဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit

zawgyi




Credit