အလကား စားရတုန်းက စားခဲ့ပြီး တရားဝင် လက်ထပ်ခိုင်း မှ ရက်ရက်စက်စက် သတ်ပစ် ခဲ့တဲ့ လားရှိုးက (၂)လောင်းပြိုင် လူသတ်မှုတရားခံ ရဲ့ ဖြောင့်ချက်

အလကား စားရတုန်းက စားခဲ့ပြီး တရားဝင် လက်ထပ်ခိုင်း မှ ရက်ရက်စက်စက် သတ်ပစ် ခဲ့တဲ့ လားရှိုးက (၂)လောင်းပြိုင် လူသတ်မှုတရားခံ ရဲ့ ဖြောင့်ချက်

ဇွန်( ၁၉ ) ၊ လားရှိုး ။ ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် တာပုံ ကျေးရွာ အုပ်စု ရှိ မတ်ချီးနုကျေးရွာ အနီးကားလမ်းဘေး ချုံပုတ် အတွင်း ပုတ်ပွသေ ဆုံးနေသော အမျိုးသမီး ( ၂ ) ဦး အား သတ်ခဲ့ပြီး အလောင်း ဖျောက်ဖျက်ခဲ့ သူအား လားရှိုးမြို့ မှ ရဲတပ်ဖွဲ့ဝင်များ ၏ကြိုးစား ဖော်ထုတ်မှုအရ ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး တရားခံမှာလည်း ၎င်း ကျူးလွန် ခဲ့ကြောင်း ဝန်ခံ ခဲ့ သည် ဟုသိ ရ သည် ။

ဖြစ်စဉ်မှာ လားရှိုးမြို့နယ် မတ်ချီးနု ကျေးရွာ အုပ်စု မတ်ချီးနုကျေးရွာနှင့် ( ၅ ) မိုင်ခန့် အကွာ အရှေ့မြောက်ဘက် သင်္ချိုင်းကုန်းသွားလမ်းဝဲဘက် ချုံတောထဲ တွင် အမည်မသိ အမျိုးသမီး (၂)ဦးအား ခြေလက်များ ကို နိုင်လွန်ကြိုးအဖြူဖြင့် တုတ်လျက် သေဆုံးနေသည် ကိုတွေ့ရှီရပြီး ၎င်း တို့ အနီးတွင် လည်း အနီရောင်ခေါင်းအုံး(၁)လုံး၊အညိုရောင်စောင်(၁)ထည်၊ အနီရောင်မွေ့ယာ(၁)ခုကိုလ ည်းတွေ့ ရှိရသည် ဟု ၂၀၂၀ ခုနှစ် ဇွန်လ ( ၁၆ ) ရက်နေ့ နံနက်ပိုင်းက ကျေးရွာတာဝန်ရှိ သူက လားရှိုးနယ်မြေ ရဲစခန်း သို့ လာရောက် သတင်း ပို့ရာ မှ စတင် ခဲ့သည် ။

သေဆုံးနေသည့် အလောင်း များအား လားရှိုးမြို့ မှ လူမှု ကူညီရေးကားများဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး သို့အပ်နှံခဲ့ပြီး ဒုရဲအုပ် သိန်းဝင်းထွန်းမှတရားလိုပြုလုပ်ကာ တိုင်တန်း၍အမှု့ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည် ။ ထို့နောက်လားရှိုးမြို့မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ၊ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီးပြီး နယ်မြေရဲစခန်း မှ ခေတ္တနယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟိန်းဇာနည်ထွန်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများ အား စုံစမ်းထောက်လှမ်း ခဲ့ပြီး မသင်္ကာသူ( ၄ ) ဦးအား ခေါ်ယူစစ်ဆေးခဲ့သည် ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က Lashio News Agecny သို့ပြောပြသည်။

ထို့သို့ စစ်ဆေးဆောင် ရွက်ခဲ့ ရာမှ မသင်္ကာတရားခံ တစ်ဦးဖြစ်သူ ချစ်ကို(ခ)ပိုင်စိုးအောင် ၊အသက်(၃၂)နှစ် ယာဉ်မောင်း ရပ်ကွက်(၉)၊နယ်မြေ(၉)နေသူအား စစ်ဆေးခဲ့ရာ၎င်းသည် လွန်ခဲ့သော(၃)နှစ်ခန့်က စ၍ မန်ဆူကားဂိတ် တွင် အဌားယာဉ်မောင်း အဖြစ် လုပ်ကိုင်နေစဉ် သေဆုံးသူ ဒေါ်…….မှ ပဲခူးမြို့သို့ သွားရောက်ရန်ကားဌားခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့(၂)ဦး အလွန်အမင်းရင်းနှီးခဲ့ပြီး ချစ်ကို မှာ အဌားယာဉ်မောင်း အဖြ စ်မှ ကိုယ်ပိုင်ယာဉ်ဖြင့်သာ ခရီးစဉ်များပြေးဆွဲခြင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့သည်ဟု သိရသည် ။

ထို့သို့ရ င်းနှီးဆက်ဆံမှု များ လာချိန် တွင် ဒေါ်……. မှ ၎င်းကို တရားဝင်လက်ထပ်ပေါင်းသင်းရန် ချစ်ကိုအား မကြာခဏပြောဆိုခဲ့သည်ဟု သိရသည် ။ ထို့အပြင် ဒေါ်……မှာ ချစ်ကို၏နေအိမ်အရှေ့သို့မကြာခဏရောက်လာပြီး ဆူပူအော်ဟစ်ပြောဆိုခြင်းများ လည်း ရှိခဲ့သည် ဟုဆိုသည် ။

အမှုဖြစ်ပွားမည့် ရက်မရောက်မီ ၂၀၂၀ ခုနှစ် ဇွန်လ( ၁၀ ) ရက်နေ့ နံနက်ပိုင်းက ချစ်ကိုသည် ရပ်ကွက် ( ၉ )နေအိမ် မှ တစ်ဆင့် MDY-6E/4964 Wish အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ဒေါ်…… နေထိုင်ရာ ရပ်ကွက်(၁၂)၊နယ်မြေ(၇)ဟက်ကာလမ်းရှိနေအိမ်သို့ သွားရောက်ကာ လက်ဘက်ရည်သောက်မည် ဟုခေါ် ဆောင်ကာ ကုန်စုံဆိုင် တစ်ခုမှ Blue Mountain တံဆိပ် လိမ္မော်ရည် (၄) ဗူးနှင့် ရေသန့်(၁) ဗူးအား ဝယ်ပြီးပြီး ဒေါ်……၏ ညီမဝမ်းကွဲဖြစ်သူ သေဆုံးသူနောက်တစ်ဦးဖြစ် သည့် နန်းလောင်ခမ်း အား ဖုန်းဆက်ကာ သွားရောက်ခေါ်ဆောင် ၍ ရေကန်တောင် ကန်အမှတ် (၁၄) သို့သွားရောက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ချစ်ကိုမှ သေဆုံးသူ(၂)ဦး မရှိချိန် တွင် အချိုရည်(၂)ဗူး အတွင်း သို့ အသင့်ယူဆောင်လာသည့် အိပ်ဆေး(၁၀)လုံးစီအားကြိတ် ထည့်ကာ သေဆုံးသူ(၂)ဦးအား တိုက်ခဲ့ သည် ။

ထို့နောက် ကားလေအေးပေးစက်နှင့် သီးချင်း ဖွင့်ထားစဉ် သေဆုံးသူ(၂)ဦးအိပ်ပျော်သွားခဲ့ရာမှ ကားထဲတွင်အသင့်ယူဆောင်လာသည့် နိုင်လွန်ကျစ်ကြိုးဖြင့် သေဆုံးသူ(၂)ဦးအား တုတ်နှောင်ကာ ပါးစပ်များကို လည်း တိတ်အကြည်ဖြင့် ပိတ်ထားခဲ့ပြီး ကားမှန်များအလုံပိတ်၍ ကားစက်ရပ်ကာ ချစ်ကိုက အနီးနားတွင်လမ်းလျှောက်နေခဲ့သည်ဟု ထွက် ဆိုသည် ။

ထို့ကဲ့သို့ပြုလုပ်ပြီး (၃)နာရီခန့်ကြာသောအချိန်တွင် ကားတံခါး အားပြန်လည်ဖွင့်ကြည့်စဉ် ဒေါ်……. နှင့် နန်းလောင်ခမ်းတို့မှာ အသက်မရှုတော့ပဲ ငြိမ်သက်နေသည်ကိုတွေ့ရသဖြင့် အမှန်တစ်ကယ်သေဆုံးနေခြင်း ရှိမရှိကို ပိတ်ထား သည့် တိတ်အားဖွင့် လှစ်ကာ ကြည့်ရှု့စဉ် အမှန်တစ်ကယ်သေဆုံးနေကြောင်းတွေ့ရသည်ဟု တရားခံချစ်ကိုမှ ရဲတပ်ဖွဲ့ သို့ထွက်ဆိုသည်။

ထို့နောက်သေဆုံးနေသူ(၂)ဦးအား စွန့်ပစ်ရန် လူသူအရောက် အေ ပါက်နည်းသ ည့် မတ်ချီးနုကျေးရွာကားလမ်းဘေးရှိ ခြုံပုတ်အတွင်းသို့ပစ်ထားခဲ့ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်းနှင့်ကားပေါ်တွင် ပါလာသော အနီရောင်ခေါင်းအုံး(၁)လုံး၊ အညိုရောင်စောင်(၁)ထည်၊ အနီရောင်မွေ့ယာ(၁)ခုကိုလည်း လွှင့်ပစ်ခဲ့ကြောင်း ၊သေဆုံးသူ အလောင်းများတွေ့ ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်တွေ့ရှိခဲ့သော်လည်း ဟန်မပျက်နေ ထိုင်ခဲ့ပြီး ဇွန်လ(၁၆)ရ က်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆေးခံရပြီး ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့ခြင်းဖြစ်သည်ဟု လားရှိုးနယ်မြေရဲစခန်းတွင် တရားခံ ၏ထွက်ဆိုချက်အရသိရသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံ ချစ်ကို (ခ) ပိုင်စိုးအောင် အား တရားစွဲတင် ပို့နိုင်ရေး အတွက် လားရှိုးနယ်မြေရဲစခန်းမှ ဆက်လက်ဆောင်ရွက်နေကြောင်း ကနဦးသတင်း ရရှိသည် ။

သတင်း- သိန်းမင်းထွန်း(လားရှိုး)/Lashio News Agency

ဓါတ်ပုံ – လားရှိုးနယ်မြေရဲစခန်း

Add a Comment

Your email address will not be published. Required fields are marked *

thirteen + eleven =