ႏိုင္ငံတကာ ပိတ္ဆို႔မႈေတြ ၾကားက န်ဴကလီးယား ဒုံးက်ည္ အႀကီးစား သိုေလွာင္႐ုံႀကီး တည္ေဆာက္ၿပီးစီး ခါနီးေနၿပီ ျဖစ္တဲ့ ေျမာက္ကိုရီးယား

ႏိုင္ငံတကာ ပိတ္ဆို႔မႈေတြ ၾကားက န်ဴကလီးယား ဒုံးက်ည္ အႀကီးစား သိုေလွာင္႐ုံႀကီး တည္ေဆာက္ၿပီးစီး ခါနီးေနၿပီ ျဖစ္တဲ့ ေျမာက္ကိုရီးယား

ေျမာက္ကိုရီးယားႏိုင္ငံ ဟာ ၎ရဲ႕ အားျပင္း န်ဴကလီးယားေတြ တပ္ဆင္ရန္၊ သိုေလွာင္ရန္ နဲ႔ စမ္းသပ္ရန္ သုံးႏိုင္တဲ့ အႀကီးစား အေဆာက္ အအုံ သစ္ႀကီးကို တည္ေဆာက္ၿပီးစီး လု ရွိၿပီ ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ ၿပဳံယမ္းနားက ဆီလီအရပ္မွာ တည္ေဆာက္ေနတဲ့ ဒီ အႀကီးစား န်ဴကလီးယား စခန္းႀကီးဟာ အနီးနားက ဒုံးက်ည္စက္႐ုံေတြ၊ တည္ေဆာက္ဆဲ ေလယာဥ္႐ုံ သုံးခု နဲ႔ အႀကီးစား ေျမေအာက္ သိုေလွာင္႐ုံေတြကို ရထားလမ္းနဲ႔ ခ်ိတ္ဆက္ထားပါတယ္။

ဒီ အေဆာက္အအုံဟာ ဒီ ႏွစ္ေႏွာင္းပိုင္း ဒါမွမဟုတ္ ၂၀၂၁ အေစာပိုင္းမွာ ၿပီးစီးလိမ့္မယ္လို႔ ၿဂိဳဟ္တုဓာတ္ပုံေတြက ျပသပါတယ္။ အဲဒီအခ်ိန္ မွာ ကင္ဂ်ဳံးအြန္ဟာ ႏိုင္ငံရဲ႕ န်ဴကလီးယား သိုေလွာင္မႈကို ကာကြယ္ႏိုင္မွာ ျဖစ္သလို ျမႇင့္တင္သိုေလွာင္ႏိုင္မွာလည္း ျဖစ္ပါတယ္။

အခု န်ဴကလီးယားစခန္းႀကီးကို ေလတပ္ ကာကြယ္ေရးစခန္း ၁၇ ခု၊ ဘက္စုံၾကည္းတပ္စခန္းေတြနဲ႔ အနားက ေလယာဥ္ ဖ်က္တပ္ရင္းေတြက လုံၿခဳံေရး သိပ္သည္းစြာ ေစာင့္ေရွာက္ကာကြယ္ထားတယ္လို႔ သုေတသီေတြက ေျပာပါတယ္။

ဒီ တည္ေဆာက္မႈသတင္းဟာ ကင္ဂ်ဳံးအြန္ နဲ႔ သမၼတ ထရမ့္တို႔ၾကား ေျမာက္ကိုရီးယား န်ဴကလီးယား ဖ်က္သိမ္းေရး ကို ရည္႐ြယ္တဲ့ ထိပ္သီးေဆြးေႏြးပြဲေတြ ပ်က္ျပားသြားအၿပီးမွာပဲ ျဖစ္ပါတယ္။

ဒီ စခန္းႀကီးကို အေမရိကန္ဆီ ပစ္ခတ္ႏိုင္စြမ္းတဲ့ န်ဴကလီးယားဒုံးက်ည္ကို ေျမာက္ကိုရီးယားက စမ္းသပ္ ထုတ္လုပ္ႏိုင္တဲ့ ၂၀၁၆ ဝန္းက်င္မွာ စတင္တည္ေဆာက္တာလို႔ အေမရိကန္က မဟာဗ်ဴဟာႏွင့္ ႏိုင္ငံတကာေလ့လာမႈစင္တာမွ ကြၽမ္းက်င္သူေတြက ေျပာခဲ့ ၾကပါတယ္။

Rf; Daily Mail
ေလးစားမႈျဖင့္ ခရက္ဒစ္ XYZ News

unicode

နိုင်ငံတကာ ပိတ်ဆို့မှုတွေ ကြားက နျူကလီးယား ဒုံးကျည် အကြီးစား သိုလှောင်ရုံကြီး တည်ဆောက်ပြီးစီး ခါနီးနေပြီ ဖြစ်တဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံ ဟာ ၎င်းရဲ့ အားပြင်း နျူကလီးယားတွေ တပ်ဆင်ရန်၊ သိုလှောင်ရန် နဲ့ စမ်းသပ်ရန် သုံးနိုင်တဲ့ အကြီးစား အဆောက် အအုံ သစ်ကြီးကို တည်ဆောက်ပြီးစီး လု ရှိပြီ ဖြစ်ပါတယ်။

မြို့တော် ပြုံယမ်းနားက ဆီလီအရပ်မှာ တည်ဆောက်နေတဲ့ ဒီ အကြီးစား နျူကလီးယား စခန်းကြီးဟာ အနီးနားက ဒုံးကျည်စက်ရုံတွေ၊ တည်ဆောက်ဆဲ လေယာဉ်ရုံ သုံးခု နဲ့ အကြီးစား မြေအောက် သိုလှောင်ရုံတွေကို ရထားလမ်းနဲ့ ချိတ်ဆက်ထားပါတယ်။

ဒီ အဆောက်အအုံဟာ ဒီ နှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၁ အစောပိုင်းမှာ ပြီးစီးလိမ့်မယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေက ပြသပါတယ်။ အဲဒီအချိန် မှာ ကင်ဂျုံးအွန်ဟာ နိုင်ငံရဲ့ နျူကလီးယား သိုလှောင်မှုကို ကာကွယ်နိုင်မှာ ဖြစ်သလို မြှင့်တင်သိုလှောင်နိုင်မှာလည်း ဖြစ်ပါတယ်။

အခု နျူကလီးယားစခန်းကြီးကို လေတပ် ကာကွယ်ရေးစခန်း ၁၇ ခု၊ ဘက်စုံကြည်းတပ်စခန်းတွေနဲ့ အနားက လေယာဉ် ဖျက်တပ်ရင်းတွေက လုံခြုံရေး သိပ်သည်းစွာ စောင့်ရှောက်ကာကွယ်ထားတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒီ တည်ဆောက်မှုသတင်းဟာ ကင်ဂျုံးအွန် နဲ့ သမ္မတ ထရမ့်တို့ကြား မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ကို ရည်ရွယ်တဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ပျက်ပြားသွားအပြီးမှာပဲ ဖြစ်ပါတယ်။

ဒီ စခန်းကြီးကို အမေရိကန်ဆီ ပစ်ခတ်နိုင်စွမ်းတဲ့ နျူကလီးယားဒုံးကျည်ကို မြောက်ကိုရီးယားက စမ်းသပ် ထုတ်လုပ်နိုင်တဲ့ ၂၀၁၆ ဝန်းကျင်မှာ စတင်တည်ဆောက်တာလို့ အမေရိကန်က မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုစင်တာမှ ကျွမ်းကျင်သူတွေက ပြောခဲ့ ကြပါတယ်။

Rf; Daily Mail
လေးစားမှုဖြင့် ခရက်ဒစ် XYZ News

Add a Comment

Your email address will not be published. Required fields are marked *

2 + 6 =