အဂတိ တိုက္ဖ်က္ေရး ေကာ္မရွင္ ၾကမ္းၿပီ (လာဘ္ေပး လာဘ္ ယူ ႏွစ္ဖက္လုံးကို ဖမ္းၿပီ)

အဂတိ တိုက္ဖ်က္ေရး ေကာ္မရွင္ ၾကမ္းၿပီ (လာဘ္ေပး လာဘ္ ယူ ႏွစ္ဖက္လုံးကို ဖမ္းၿပီ)

ရန္ကုန္တိုင္း ေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕မ စခန္းမႉး အပါအဝင္ (၄)ဦး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ အေရးယူ

ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕မ စခန္းမႉးဒုရဲမႉး ေအာင္ေဇာ္မိုး၊ တရားစြဲႏွင့္အမႈလိုက္ဦးစီးဌာန၊ စာခြၽန္ေတာ္ဌာန မွ ဒုတိယၫႊန္ၾကားေရးမႉး ေဒၚနီနီဝင္း၊ ရန္ကုန္ၿမိဳ႕လူငယ္မ်ားေဂဟာ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ ဥကၠ႒ ဦးဉာဏ္ထြန္းထြန္းႏွင့္ ဘ႑ာေရးမႉး ဦးျမင့္ဦး တို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ ဇြန္လ (၁၉)ရက္ေန႔က အမႈဖြင့္လွစ္ အေရးယူ လိုက္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ လူငယ္မ်ားရိပ္သာ စည္းကမ္းထိန္းသိမ္းေရးႏွင့္ အလုပ္အမႈေဆာင္ အဖြဲ႕မွ ရန္ကုန္လူငယ္မ်ားေဂဟာ စီမံခန႔္ခြဲခြင့္ ရရွိေရးအတြက္ အျငင္းပြားမႈ အေပၚ အျပန္အလွန္တရားစြဲဆိုသည့္ကိစၥႏွင့္ပတ္သက္၍ ပန္းဘဲတန္းၿမိဳ႕နယ္မွ ဥပေဒ အရာရွိ၊
တရား႐ုံး၊ ရဲစခန္းမႉးႏွင့္ တာဝန္ ရွိသူတို႔က ဦးဉာဏ္ထြန္းထြန္း ေခါင္းေဆာင္သည့္ အဖြဲ႕ထံမွ လာဘ္ေငြမ်ား ေတာင္းခံရယူခဲ့ျခင္းအား အေရးယူ ေပးပါရန္ တိုင္ၾကားခဲ့ၿပီး

တိုင္ၾကားစာအရ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က စုံစမ္းစစ္ေဆးေရး အဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္း ၿမိဳ႕မစခန္းမႉး ဒုတိယရဲမႉး ေအာင္ေဇာ္မိုး (ယခု ဦးစီး(၅)၊ စီမံ/အုပ္ခ်ဳပ္ဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဌာနခ်ဳပ္၊ ေနျပည္ေတာ္) သည္ (ပ)၁၅၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမႈႏွင့္စပ္လ်ဥ္း၍ ရဲခံဝန္ခ်ဳပ္ အာမခံ ျပဳလုပ္ရာတြင္ ဦးျမင့္ဦးထံမွ ေငြက်ပ္(၆)သိန္းအား လက္ခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္

၎အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ လည္းေကာင္း၊ တရားစြဲႏွင့္ အမႈလိုက္ဦးစီးဌာန၊ စာခြၽန္ေတာ္ဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒၚနီနီဝင္း (ယခု ေျမာင္းျမခ႐ိုင္ ဥပေဒအရာရွိ)သည္ ပန္းဘဲတန္းၿမိဳ႕မရဲစခန္း၏ (ပ)၁၄၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၄၀၉ ႏွင့္ (ပ)၁၅၁/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမႈ ႏွစ္မႈကို အႀကံေပးျပင္ဆင္လိုသည့္ကိစၥ ႏွင့္ ပတ္သက္၍ စုစုေပါင္း ေငြက်ပ္(၅၇)သိန္းကို (၇)ႀကိမ္ခြဲ ၍ လက္ခံရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ၎အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ အရ လည္းေကာင္း၊

ရန္ကုန္ၿမိဳ႕လူငယ္မ်ားေဂဟာအုပ္ခ်ဳပ္ေရး အဖြဲ႕မွ ဥကၠ႒ ဦးဉာဏ္ထြန္းထြန္းႏွင့္ ဘ႑ာေရးမႉး ဦးျမင့္ဦးတို႔သည္ ဒုတိယရဲမႉး ေအာင္ေဇာ္မိုး ႏွင့္ ဒုတိယၫႊန္ၾကားေရးမႉး ေဒၚနီနီဝင္း တို႔အား ေငြေၾကးေပးျခင္း၊ စီမံ ခန႔္ခြဲမႈျပဳျခင္းတို႔ျဖင့္ အဂတိလိုက္စားမႈ က်ဴးလြန္ရာတြင္ အားေပးကူညီေၾကာင္း စစ္ေဆး ေပၚေပါက္ သျဖင့္ ၎တို႔ (၂)ဦးအေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၆၃ အရ လည္းေကာင္း

ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕မရဲစခန္း ႏွင့္ သက္ဆိုင္ရာ ရဲစခန္းမ်ားတြင္ ၿပီးခဲ့သည့္ ဇြန္လ (၁၈) ရက္ေန႔၌ ပထမ သတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္၍ တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ ရွိေၾကာင္း အဂိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ထံမွ သိရပါတယ္။

unicode

အဂတိ တိုက်ဖျက်ရေး ကော်မရှင် ကြမ်းပြီ (လာဘ်ပေး လာဘ် ယူ နှစ်ဖက်လုံးကို ဖမ်းပြီ)

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့မ စခန်းမှူး အပါအဝင် (၄)ဦး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မ စခန်းမှူးဒုရဲမှူး အောင်ဇော်မိုး၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း၊ ရန်ကုန်မြို့လူငယ်များဂေဟာ အုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဇွန်လ (၁၉)ရက်နေ့က အမှုဖွင့်လှစ် အရေးယူ လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင် အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့် ရရှိရေးအတွက် အငြင်းပွားမှု အပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်မှ ဥပဒေ အရာရှိ၊
တရားရုံး၊ ရဲစခန်းမှူးနှင့် တာဝန် ရှိသူတို့က ဦးဉာဏ်ထွန်းထွန်း ခေါင်းဆောင်သည့် အဖွဲ့ထံမှ လာဘ်ငွေများ တောင်းခံရယူခဲ့ခြင်းအား အရေးယူ ပေးပါရန် တိုင်ကြားခဲ့ပြီး

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ဇော်မိုး (ယခု ဦးစီး(၅)၊ စီမံ/အုပ်ချုပ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်) သည် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှုနှင့်စပ်လျဉ်း၍ ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာတွင် ဦးမြင့်ဦးထံမှ ငွေကျပ်(၆)သိန်းအား လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်

၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (ယခု မြောင်းမြခရိုင် ဥပဒေအရာရှိ)သည် ပန်းဘဲတန်းမြို့မရဲစခန်း၏ (ပ)၁၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နှင့် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှု နှစ်မှုကို အကြံပေးပြင်ဆင်လိုသည့်ကိစ္စ နှင့် ပတ်သက်၍ စုစုပေါင်း ငွေကျပ်(၅၇)သိန်းကို (၇)ကြိမ်ခွဲ ၍ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း၊

ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့သည် ဒုတိယရဲမှူး အောင်ဇော်မိုး နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့အား ငွေကြေးပေးခြင်း၊ စီမံ ခန့်ခွဲမှုပြုခြင်းတို့ဖြင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် ၎င်းတို့ (၂)ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ အရ လည်းကောင်း

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မရဲစခန်း နှင့် သက်ဆိုင်ရာ ရဲစခန်းများတွင် ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ထံမှ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

15 + 7 =