ဧရာဝတီ ဦးေခါင္းကစ အဆိပ္ခတ္ ခံလိုက္ရၿပီလား ..ျမစ္ဆုံထက္ ပိုပီး ျမန္မာျပည္ က တ႐ုတ္ႀကီး လိုခ်င္ေနတဲ့ အရာ

ဧရာဝတီ ဦးေခါင္းကစ အဆိပ္ခတ္ ခံလိုက္ရၿပီလား ..ျမစ္ဆုံထက္ ပိုပီး ျမန္မာျပည္ က တ႐ုတ္ႀကီး လိုခ်င္ေနတဲ့ အရာ

၁၉၉၄ ခုႏွစ္ ေလာက္ ကတည္းက ျမန္မာႏိုင္ငံ နဲ႔ တ႐ုတ္ႏိုင္ငံ နယ္စပ္ ေဒသျဖစ္တဲ့ ပန္ဝါ၊ ခ်ီေဖြ၊ ဖီေမာ္၊ စင္ႀကိဳင္၊ ကန္ပိုင္တီစတဲ့ ေဒသေတြမွာ တ႐ုတ္ ကုမၼဏီေတြက Rare Earth ေတြရွာေဖြတူး ေဖာ္ေနခဲ့ၾက ပါ တယ္ ။

တူးေဖာ္ပုံက Rare Earth ထြက္တဲ့ လုပ္ကြက္ မွာ ေျမက်င္း တြင္းဝ အက်ယ္ ၆ လက္မ၊ အနက္ ၁၂ မီတာ အထိတူးၿပီး အဲဒီ က်င္းထဲ ကို အမိုနီယမ္ဆာလ္ဖိတ္ (NH4)2 SO4 ေတြ ၊ အက္စစ္ေတြ အပါအဝင္ တျခား chemical compound ေရာထား တဲ့ အရည္ေတြ ထည့္ တယ္

အဲဒီဓာတ္‌ေပါင္းရည္ေတြ နဲ႔ ဓာတ္ျပဳၿပီး ထြက္လာတဲ့ ေပ်ာ္ရည္ေတြ ကို က်င္းေတြေအာက္ မွာ ဂလႈိဏ္ေဖာက္ၿပီး သတၱဳရည္ေတြ ကို ၁၀-၂၀ ေလာက္အက်ယ္ရွိၿပီး မိုးကာစ ခံထားတဲ့ သိုေလွာင္ကန္ေတြထဲ ကို ထည့္‌ေလွာင္ပါတယ္

ေလွာင္ထားၿပီး ေျမရွားရည္ေတြ အနည္ထိုင္လာတဲ့ အခါ အေပၚယံ ေရၾကည္ေတြကို ျပန္စုပ္ ထုတ္တယ္၊ ရလာတဲ့ အနည္ အစိုေတြ ကိုေတာ့ အနည္ သိုေလွာင္ကန္ထဲကို ထည့္ၿပီး အေျခာက္ခံထား တယ္လို႔ သိရပါတယ္

သိုေလွာင္ထားတဲ့ အနည္ေတြေျခာက္သြားၿပီ ဆိုရင္ေတာ့ ေျမရွား လို႔ ေခၚတဲ့သတၱဳ ကို ရရွိၿပီျဖစ္လို႔ အိတ္ေတြထဲ ကို ထည့္ၿပီး တ႐ုတ္ႏိုင္ငံ ကို ကားႀကီးေတြနဲ႔ သယ္ယူသြား ပါတယ္

ႏိုင္ငံတကာမွာ ဘယ္လိုနည္း နဲ႔ ထုတ္ယူၾကတယ္ မသိေပမယ့္ အဲဒီေနရာ မွာေတာ့ တ႐ုတ္ေတြက အဲဒီလိုနည္းေတြနဲ႔ ထုတ္ယူေနၾကတာပါ

ေျမရွားသတၱဳတူးေဖာ္တဲ့အခါသုံးတဲ့ ဓာတ္ေပါင္းရည္ နဲ႔ တူးေဖာ္နည္း ကို ျမင္ေယာင္ ၾကည့္ လိုက္ပါ ဘယ္ေလာက္ေၾကာက္စရာေကာင္းလိုက္သလဲ

ဒီလိုတူးေဖာ္မႈေတြေၾကာင့္ အဲဒီေဒသမွာ သဘာဝပတ္ဝန္းက်င္ပ်က္စီး၊ သက္ရွိေတြ အဆိပ္သင့္ ေသေက် ပ်က္စီးရတာ မနည္းပါဘူး အခုထိလည္း ခံစားေနၾကရတုန္းပါ လမ္းပန္းအဆက္အသြယ္ခက္ခဲတဲ့ေဒသ ျဖစ္ေနတဲ့ အတြက္ တျခား လူေတြသိ ပ္မသိခဲ့ၾကတာပါ

ကမာၻေပၚ ေျမရွားသတၱဳ ထြက္ရွိတဲ့ႏိုင္ငံ‌ေတြ ရွိေပမယ့္ ႏိုင္ငံအမ်ားစုက မထုတ္ယူၾက ပါဘူး ဘာေၾကာင့္လဲ ဆိုရင္ သတၱဳ‌တူးေဖာ္မႈ မွာ ေျမရွားတူးေဖာ္မႈက သဘာဝဝန္းက်င္ ထိခိုက္ ပ်က္စီးေစဆုံးျဖစ္ေနလို႔ပါ

ဒါေၾကာင့္ ေျမရွားရွိတဲ့ႏိုင္ငံအမ်ားစုက သူတို႔ ကိုယ္တိုင္ တူးေဖာ္မႈမလုပ္ၾကပဲ သူမ်ားဆီေက နပဲ ဝယ္ၾကတာမ်ား ပါတယ္

ေခတ္မီနည္းစနစ္ေတြနဲ႔ စနစ္တက်တူးေဖာ္ တဲ့ ႏိုင္ငံေတြေတာင္ ဒီလို လက္ေရွာင္ၾကတဲ့ ေျမရွားသတၱဳကို ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္မွာေတာ့ ေျမႀကီးထဲက တီတူးတာထက္ကို လြယ္လြယ္ကူကူ တူးေဖာ္ေနၾက ေပါေပါမ်ားမ်ားခြင့္ျပဳေပးေနတာပါ

အခုလည္း ျမန္မာျပည္ေျမာက္ဖ်ားပိုင္း ကခ်င္ျပည္နယ္ ပူတာအိုခ႐ိုင္ ေခါင္လန္ဖူးၿမိဳ႕နယ္ ရွိ ေျမဧက ၃ သိန္းခန႔္မွာ ေ႐ႊ၊ ေၾကးနီႏွင့္ ဆက္စပ္ သတၱဳမ်ား ရွာေဖြေရး စမ္းသပ္တိုင္းတာေရး လုပ္ငန္းမ်ား လုပ္ေဆာင္ခြင့္ ကို Fortuna Metals Co,Ltdကို ၿပီးခဲ့တဲ့ ေမလ ခ်ေပးလိုက္ျပန္ပါၿပီ

ေ႐ႊ၊ ေၾကးနီနဲ႔ ဆက္စပ္သတၱဳရွာေဖြခြင့္မွာ ဆက္စပ္သတၱဳဆိုတာ ပါေနတဲ့ အျပင္ Rare Earth ထြက္တဲ့ ေဒသ၊ တူးေဖာ္ေနၾကတဲ့ ေနရာျဖစ္ေနတဲ့အတြက္ Rare Earth ရွာေဖြစမ္းသပ္ဖို႔က ရာခိုင္ႏႈန္းပိုမ်ား ေနတယ္လို႔ ထင္ ပါတယ္

လက္ရွိခ်ေပးတာက ရွာေဖြစမ္းသပ္ခြင့္ဆိုေပမယ့္ သတၱဳဥပေဒအရဆိုရင္ ရွာေဖြစမ္းသပ္ခြင့္ ရတဲ့ ကုမၼဏီကပဲ တူးေဖာ္ခြင့္ရ မွာျဖစ္ၿပီး ဆက္စပ္သတၱဳလို႔ ဆိုထားတဲ့ အတြက္လည္း Rare Earth ေတြ႕ခဲ့ရင္ တူးေဖာ္ခြင့္ရွိေနပါတယ္

ဒီလိုအေျခအေန မွာ တကယ္လို႔ Rare Earth ေတြ႕ခဲ့မယ္၊ တူးေဖာ္ခဲ့မယ္ ဆိုရင္ ဘယ္လိုနည္း နဲ႔တူးေဖာ္ ထုတ္လုပ္မွာလဲ

အေပၚမွာေရးခဲ့သလို နည္းနဲ႔သာ ဆိုရင္ ျမန္မာတစ္ႏိုင္ငံလုံးကို အဆိပ္ခတ္ လိုက္တာ နဲ႔ အတူတူပါပဲ ။ ဘာေၾကာင့္လဲဆိုရင္ ေခါင္လန္ဖူးေဒသဟာ ျမန္မာ့အသက္ေသြးေၾကာဧရာဝတီရဲ႕ ေရေဝေရလဲေဒသျဖစ္ေနလို႔ပါ ။
ဧရာဝတီ ဦးေခါင္းကစ အဆိပ္ခတ္ ခံလိုက္ရၿပီလား .

ဘယ္လိုနည္း နဲ႔ပဲထုတ္ထုတ္ ေသခ်ာတာကေတာ့ အဲဒီေနရာမွာသာ Rare Earth ထုတ္ ခဲ့ရင္ အနည္းအမ်ား အဆိပ္သင့္ၾကရမွာပါပဲ ။

Rare Earth မထုတ္ပဲ တျခားသတၱဳတူးေဖာ္မယ္ ဆိုရင္ေတာင္ ေနာက္ဆက္တြဲ အေနနဲ႔ သစ္ေတာျပဳန္းတီးမယ္ သတၱဳတူးေဖာ္တဲ့ေနရာမွာ သုံးတဲ့ ဓာတုပစၥည္းေတြ လည္း ဧရာဝတီထဲ ေရာက္လာ မွာ အေသအခ်ာပါ

Save The Ayeyarwaddy လို႔ေအာ္ခဲ့ၾကတဲ့ လူေတြလက္ထက္မွာ မွ ျမန္မာ့အသက္ေသြးေၾကာ ဧရာဝတီလည္း ဦးေခါင္းကစ အဆိပ္ခတ္ ခံလိုက္ရၿပီလား ေတြးမိၿပီး စိတ္မေကာင္းျဖစ္ ရပါတယ္…

Phay Nyein( ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္ )

unicode

ဧရာဝတီ ဦးခေါင်းကစ အဆိပ်ခတ် ခံလိုက်ရပြီလား ..မြစ်ဆုံထက် ပိုပီး မြန်မာပြည် က တရုတ်ကြီး လိုချင်နေတဲ့ အရာ

၁၉၉၄ ခုနှစ် လောက် ကတည်းက မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံ နယ်စပ် ဒေသဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဖီမော်၊ စင်ကြိုင်၊ ကန်ပိုင်တီစတဲ့ ဒေသတွေမှာ တရုတ် ကုမ္မဏီတွေက Rare Earth တွေရှာဖွေတူး ဖော်နေခဲ့ကြ ပါ တယ် ။

တူးဖော်ပုံက Rare Earth ထွက်တဲ့ လုပ်ကွက် မှာ မြေကျင်း တွင်းဝ အကျယ် ၆ လက်မ၊ အနက် ၁၂ မီတာ အထိတူးပြီး အဲဒီ ကျင်းထဲ ကို အမိုနီယမ်ဆာလ်ဖိတ် (NH4)2 SO4 တွေ ၊ အက်စစ်တွေ အပါအဝင် တခြား chemical compound ရောထား တဲ့ အရည်တွေ ထည့် တယ်

အဲဒီဓာတ်‌ပေါင်းရည်တွေ နဲ့ ဓာတ်ပြုပြီး ထွက်လာတဲ့ ပျော်ရည်တွေ ကို ကျင်းတွေအောက် မှာ ဂလှိုဏ်ဖောက်ပြီး သတ္တုရည်တွေ ကို ၁၀-၂၀ လောက်အကျယ်ရှိပြီး မိုးကာစ ခံထားတဲ့ သိုလှောင်ကန်တွေထဲ ကို ထည့်‌လှောင်ပါတယ်

လှောင်ထားပြီး မြေရှားရည်တွေ အနည်ထိုင်လာတဲ့ အခါ အပေါ်ယံ ရေကြည်တွေကို ပြန်စုပ် ထုတ်တယ်၊ ရလာတဲ့ အနည် အစိုတွေ ကိုတော့ အနည် သိုလှောင်ကန်ထဲကို ထည့်ပြီး အခြောက်ခံထား တယ်လို့ သိရပါတယ်

သိုလှောင်ထားတဲ့ အနည်တွေခြောက်သွားပြီ ဆိုရင်တော့ မြေရှား လို့ ခေါ်တဲ့သတ္တု ကို ရရှိပြီဖြစ်လို့ အိတ်တွေထဲ ကို ထည့်ပြီး တရုတ်နိုင်ငံ ကို ကားကြီးတွေနဲ့ သယ်ယူသွား ပါတယ်

နိုင်ငံတကာမှာ ဘယ်လိုနည်း နဲ့ ထုတ်ယူကြတယ် မသိပေမယ့် အဲဒီနေရာ မှာတော့ တရုတ်တွေက အဲဒီလိုနည်းတွေနဲ့ ထုတ်ယူနေကြတာပါ

မြေရှားသတ္တုတူးဖော်တဲ့အခါသုံးတဲ့ ဓာတ်ပေါင်းရည် နဲ့ တူးဖော်နည်း ကို မြင်ယောင် ကြည့် လိုက်ပါ ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ

ဒီလိုတူးဖော်မှုတွေကြောင့် အဲဒီဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီး၊ သက်ရှိတွေ အဆိပ်သင့် သေကျေ ပျက်စီးရတာ မနည်းပါဘူး အခုထိလည်း ခံစားနေကြရတုန်းပါ လမ်းပန်းအဆက်အသွယ်ခက်ခဲတဲ့ဒေသ ဖြစ်နေတဲ့ အတွက် တခြား လူတွေသိ ပ်မသိခဲ့ကြတာပါ

ကမ္ဘာပေါ် မြေရှားသတ္တု ထွက်ရှိတဲ့နိုင်ငံ‌တွေ ရှိပေမယ့် နိုင်ငံအများစုက မထုတ်ယူကြ ပါဘူး ဘာကြောင့်လဲ ဆိုရင် သတ္တု‌တူးဖော်မှု မှာ မြေရှားတူးဖော်မှုက သဘာဝဝန်းကျင် ထိခိုက် ပျက်စီးစေဆုံးဖြစ်နေလို့ပါ

ဒါကြောင့် မြေရှားရှိတဲ့နိုင်ငံအများစုက သူတို့ ကိုယ်တိုင် တူးဖော်မှုမလုပ်ကြပဲ သူများဆီကေ နပဲ ဝယ်ကြတာများ ပါတယ်

ခေတ်မီနည်းစနစ်တွေနဲ့ စနစ်တကျတူးဖော် တဲ့ နိုင်ငံတွေတောင် ဒီလို လက်ရှောင်ကြတဲ့ မြေရှားသတ္တုကို မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာတော့ မြေကြီးထဲက တီတူးတာထက်ကို လွယ်လွယ်ကူကူ တူးဖော်နေကြ ပေါပေါများများခွင့်ပြုပေးနေတာပါ

အခုလည်း မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိ မြေဧက ၃ သိန်းခန့်မှာ ရွှေ၊ ကြေးနီနှင့် ဆက်စပ် သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ခွင့် ကို Fortuna Metals Co,Ltdကို ပြီးခဲ့တဲ့ မေလ ချပေးလိုက်ပြန်ပါပြီ

ရွှေ၊ ကြေးနီနဲ့ ဆက်စပ်သတ္တုရှာဖွေခွင့်မှာ ဆက်စပ်သတ္တုဆိုတာ ပါနေတဲ့ အပြင် Rare Earth ထွက်တဲ့ ဒေသ၊ တူးဖော်နေကြတဲ့ နေရာဖြစ်နေတဲ့အတွက် Rare Earth ရှာဖွေစမ်းသပ်ဖို့က ရာခိုင်နှုန်းပိုများ နေတယ်လို့ ထင် ပါတယ်

လက်ရှိချပေးတာက ရှာဖွေစမ်းသပ်ခွင့်ဆိုပေမယ့် သတ္တုဥပဒေအရဆိုရင် ရှာဖွေစမ်းသပ်ခွင့် ရတဲ့ ကုမ္မဏီကပဲ တူးဖော်ခွင့်ရ မှာဖြစ်ပြီး ဆက်စပ်သတ္တုလို့ ဆိုထားတဲ့ အတွက်လည်း Rare Earth တွေ့ခဲ့ရင် တူးဖော်ခွင့်ရှိနေပါတယ်

ဒီလိုအခြေအနေ မှာ တကယ်လို့ Rare Earth တွေ့ခဲ့မယ်၊ တူးဖော်ခဲ့မယ် ဆိုရင် ဘယ်လိုနည်း နဲ့တူးဖော် ထုတ်လုပ်မှာလဲ

အပေါ်မှာရေးခဲ့သလို နည်းနဲ့သာ ဆိုရင် မြန်မာတစ်နိုင်ငံလုံးကို အဆိပ်ခတ် လိုက်တာ နဲ့ အတူတူပါပဲ ။ ဘာကြောင့်လဲဆိုရင် ခေါင်လန်ဖူးဒေသဟာ မြန်မာ့အသက်သွေးကြောဧရာဝတီရဲ့ ရေဝေရေလဲဒေသဖြစ်နေလို့ပါ ။
ဧရာဝတီ ဦးခေါင်းကစ အဆိပ်ခတ် ခံလိုက်ရပြီလား .

ဘယ်လိုနည်း နဲ့ပဲထုတ်ထုတ် သေချာတာကတော့ အဲဒီနေရာမှာသာ Rare Earth ထုတ် ခဲ့ရင် အနည်းအများ အဆိပ်သင့်ကြရမှာပါပဲ ။

Rare Earth မထုတ်ပဲ တခြားသတ္တုတူးဖော်မယ် ဆိုရင်တောင် နောက်ဆက်တွဲ အနေနဲ့ သစ်တောပြုန်းတီးမယ် သတ္တုတူးဖော်တဲ့နေရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ လည်း ဧရာဝတီထဲ ရောက်လာ မှာ အသေအချာပါ

Save The Ayeyarwaddy လို့အော်ခဲ့ကြတဲ့ လူတွေလက်ထက်မှာ မှ မြန်မာ့အသက်သွေးကြော ဧရာဝတီလည်း ဦးခေါင်းကစ အဆိပ်ခတ် ခံလိုက်ရပြီလား တွေးမိပြီး စိတ်မကောင်းဖြစ် ရပါတယ်…

Phay Nyein( လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည် )