မိခင်ပျောက်ဆုံးနေလို့  ရဲစခန်းတိုင်ပြီး စစ်ဆေးကြည့်တော့ မှ အလောင်းဖျောက် ထားသူက မထင်မှတ်ထားတဲ့ သူဖြစ်နေ

မိခင်ပျောက်ဆုံးနေလို့  ရဲစခန်းတိုင်ပြီး စစ်ဆေးကြည့်တော့ မှ အလောင်းဖျောက် ထားသူက မထင်မှတ်ထားတဲ့ သူဖြစ်နေ

ဇွန်လ ၁၉ ရက် ၊ ရတ်ခ်ျဘူရီ လွန်ခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာ နေအိမ်မှတိတ်တဆိတ်ပျောက်ဆုံးသွားတဲ့ မိခင်ကို သားဖြစ်သူမှလူပျောက်တိုင်ချက်ဖွင့်ထားရာမှ အိမ်နှင့်မနီးမဝေး ပေ ၁၅၀ အကွာရှိ ရေတွင်းအဟောင်းထဲတွင် မသင်္ကာသဖြင့် ရဲတပ်ဖွဲ့မှမြေတူးစက်ဖြင့် တူးဖော်ကြည့်ရာ အလောင်းအားတွေ့ရှိခဲ့ပြီး လူသတ်တရားခံသည် အသက် ၈၃ နှစ်အရွယ် သေဆုံးသူ၏ ခင်ပွန်းဖြစ်နေဟု ရဲမှူးချုပ်မှ Anuphat မှယနေ့ထုတ်ပြန် ခဲ့ကြောင်းသိရ ။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ လတ်ခ်ျဘူရီ ခရိုင် ကျော့ဘွန့်မြို့နယ် ဒန်ထပ်တကိုးကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၆ တွင်နေထိုင်သော အသက် ၆၆ နှစ် အရွယ် Mrs.Nansukanya Janitprasart သည် လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာနေအိမ်မှပျောက်ဆုံး သွားသဖြင့် သားဖြစ်သူ Mr. Danai Janitprasurt (၃၇) နှစ်မှရဲတပ်ဖွဲ့သို့လူပျောက်တိုင်ကြားထားခဲ့သဖြင့် ရဲတပ်ဖွဲ့မှ မသင်္ကာသည့်သူများအား လိုအပ်သလို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပျောက်ဆုံးသွားသူ၏ နေအိမ် အိပ်ခန်းအတွင်း သွေးစသွေးနများကို စစ်ဆေးတွေ့ရှိခဲ့သလို အိပ်ယာခင်းအသစ် နှင့် သူမ၏ ဖိနပ်တစ်ရံကိုလည်းနေအိမ်မှာဘဲတွေ့ရှိခဲ့သည်ဟုသိရှိရသည် ။

အသက် ၈၃ နှစ် အရွယ်ခင်ပွန်းဖြစ်သူ Mr.Sanan Janiprasurt အားမေးမြန်းရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့က ဘဏ် တစ်ခုတွင်ငွေသွားထုတ်အပြီးဈေးသွားမည်ဟုပြောဆိုသွားခဲ့ပြီး ပြန်မလာတော့ဘဲပျောက်သွားခဲ့တာဟုဖြေခဲ့သည် ။ထို့ကြောင့်ရဲတပ်ဖွဲ့မှနေအိမ် ပတ်ဝန်းကျင်ပေ ၁၅၀ ပတ်လည်အားလိုက်လံကြည့်ရှူ့စစ်ဆေးစဉ် ကြက်မွေးမြူရေးခြံဟောင်းအနီးတွင်အုန်းဆံပတ်တစ်ချို့ကို မီးပုံရှို့ထားသည်သဲလွန်စများကိုပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတွေ့ရှိခဲ့ပြီး မြေတူးထားသည့် အရာများ ၊ အင်္ဂတေအပဲ့အပိုင်းအစ များကိုတွေ့ရှိခဲ့ရာမသင်္ကာသဖြင့် အနီးအနားရှိ မြေကျင်းပတ်ပတ်လည်အားတူးဖော်ကြည့်စဉ် ကွန်ကရစ်ခွေ အဝအကျယ် ၃ ပေပတ်လည် အနက် ၂၄ ပေအနက်တွင် ပျောက်ဆုံးနေသော Mrs.Sukanya အလောင်းဟု ယူဆရသော ရုပ်အလောင်းအား ဇွန်လ ၁၁ ရက်နေ့ကရှာဖွေတွေ့ရှိ့ခဲ့ ရပြီး အလောင်း၏ ဘယ်ဘက်ဦးခေါင်းမှာ ချိုင့်ဝင်နေသည့်ဒဏ်ရာတွေ့ရှိခဲ့ တယ်လို့ ကယ်တယ်ရေး အဖွဲ့တွေကဆိုပါတယ် ။

အဲ့ဒီနောက် ရဲတပ်ဖွဲ့မှ နေအိမ်အိပ်ခန်းအတွင်းမှ သွေးကွက်၏ DNA စစ်ဆေးထားချက် နှင့် တူးဖော်ရရှိ ခဲ့သည့် ရုရှာ်းအလောင်း ၏ DNA တို့အားတိုက်ဆိုက်စစ်ဆေးရာ ကိုက်ညီနေသဖြင့် ခင်ပွန်းဖြစ်သူအားမသင်္ကာမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့ကမတော်တဆ စကားများ ရန်ဖြစ်ရာမှ တွန်းလှဲမိရင်း မတော်တဆ လဲကျသေဆုံးခဲ့သည့်အတွက် အလောင်းအားရေ မရှိသည့်ရေတွင်းထဲပစ်ချကာ အပေါ်ကနေ မြေဖို့ခဲ့ခြင်း ၊ သွေးစွန်းခဲ့သည့်မွေ့ယာအဟောင်းအား မီးရှို့ခဲ့ခြင်း ၊ နေအိမ်တွင်ဘာမှမဖြစ်သလိုနေခဲ့ခြင်း ဖြစ်သည်ဟုထွက်ဆိုခဲ့ပါသည် ။

သေဆုံးသူသည်သားဖြစ်သူနှင့်သာ အနေများပြီးတစ်ခါတစ်ရံမှသာ ခင်ပွန်းဖြစ်သူ ထံလာရောက်ခဲ့ရာ မြေအရောင်းအဝယ်ကိစ္စတွင်ရောင်းရသည့်ငွေကြေးတစ်ချို့တစ်ဝက် ခွဲဝေမပေးသဖြင့်စကားများရန်ဖြစ်ကြရာ မတော်တဆသေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖြောင့်ချက် ပေးခဲ့သည် ။

crd : panpyoelat