ႏိုင္ငံတကာအဆင့္မီ ဓာတ္ခြဲခန္း တစ္ခုကို က်ပ္သိန္း ေျခာက္ေထာင္ခန႔္ အကုန္ အက်ခံကာ သုံးလ အတြင္း အၿပီးတည္ေဆာက္မည့္ မႏၲေလး

ႏိုင္ငံတကာအဆင့္မီ ဓာတ္ခြဲခန္း တစ္ခုကို က်ပ္သိန္း ေျခာက္ေထာင္ခန႔္ အကုန္ အက်ခံကာ သုံးလ အတြင္း အၿပီးတည္ေဆာက္မည့္ မႏၲေလး

မႏၲေလးတြင္ က်ပ္သိန္း ေျခာက္ေထာင္ခန႔္ ကုန္က်မည့္ ႏိုင္ငံတကာ အဆင့္မီ ဓာတ္ခြဲခန္းတစ္ခုကို သုံးလအတြင္း အၿပီးတည္ေဆာက္မည္ ျဖစ္ေၾကာင္း မႏၲေလးတိုင္း COVID-19 ေရာဂါဆိုင္ရာ ျပန္ၾကားေရးေကာ္မတီ ဥကၠဌ၊ မႏၲေလးတိုင္းအစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္ က Mandalay In-depth News အား ေျပာသည္။

မႏၲေလးၿမိဳ႕ ၃၅လမ္းေပၚရွိ ျပည္သူ႔က်န္းမာေရး ဓါတ္ခြဲမႈဆိုင္ရာ႒ာနဝန္းအတြင္းရွိ ေျမေနရာေပၚတြင္ ႏိုင္ငံတကာအဆင့္မီ ဓာတ္ခြဲခန္း တစ္ခုကို မႏၲေလ‌‌းၿမိဳ႕ ျပ ဖြံ႕ၿဖိဳးေရး ရံပုံေငြရွာေဖြေရးေကာ္မတီ၏ ရံပုံေငြျဖင့္ တည္ေဆာက္ရန္ ယေန႔ ဇြန္(၁၉)ရက္ နံနက္ပိုင္းက မႏၷက္တင္ခဲ့ၿပီး အေဆာက္အဦး ေဆာက္လုပ္မႈအတြက္ က်ပ္သိန္း ေျခာက္ေထာင္ခန႔္ ကုန္က်မည္ျဖစ္ကာ သုံးလအတြင္း အၿပီးတည္ေဆာက္ရန္ စီစဥ္ထားေၾကာင္း ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာသည္။

“ခန႔္မွန္းေျခ သုံးလေလာက္ၾကာမယ္။ အေဆာက္အဦးကေတာ့ ခန႔္မွန္းတန္ဖိုး သိန္းေျခာက္ေထာင္ေလာက္ ရွိတယ္”ဟု ဦးစိုင္းပန္းဆိုင္ က ေျပာသည္။

အဆိုပါဓာတ္ခြဲခန္းကို ျမန္မာဗိသုကာပညာရွင္မ်ားႏွင့္ ေခတ္မီလွပေအာင္ တည္ေဆာက္မည္ျဖစ္ၿပီး သတ္မွတ္ထားသည့္ ႏိုင္ငံတကာ ဓာတ္ခြဲခန္း မ်ား၏ စံခ်ိန္စံၫႊန္းႏွင့္အညီ တည္ေဆာက္မည္ျဖစ္ကာ ၿပီးစီးပါက တစ္ရက္လွ်င္ လူဦးေရ သုံးရာဝန္းက်င္ ဓာတ္ခြဲစစ္ေဆးေပးႏိုင္မည္ဟု ဆိုသည္။

“ပိုးစစ္ေဆးတဲ့ ဓာတ္ခြဲခန္းျဖစ္လို႔ ဥပမာ တံခါးေတြဘာေတြကအစ လူကိုယ္တိုင္ ဖြင့္စရာမလိုဘဲနဲ႔ လူအပူခ်ိန္နဲ႔ ဆင္ဆာ ပါတဲ့ဟာလိုမ်ိဳးေပါ့။ တံခါးေတြဘာေတြကအစ အဲ့လိုမ်ိဳးေတြရွိတယ္။ေနာက္ၿပီးေတာ့ အခန္းထဲမွာလည္း Temperature ဘယ္လို Control လုပ္ရမလဲဆိုတဲ့ သူက Zero Pressure တို႔ ရွိတယ္ေပါ့။ အဲ့ဒါ သူ႔အေခၚအေဝၚေတြေတာ့ ရွိတယ္။ ဘယ္အခန္းေတြေတာ့ မဝင္ရတို႔ေပါ့။ သုံးတဲ့ပစၥည္းေတြေရာ၊ လက္ေဆးကန္ကအစ လူနာရဲ႕ နမူနာယူတာကအစ ဒီတိုင္းဝင္ရတဲ့ဟာ ရွိသလို PPE ပါမွ ဝင္ရမယ့္ ဧရိယာေတြလည္း သတ္မွတ္ထားတာတို႔ေပါ့။ ႏိုင္ငံတကာမွာ ေဆာက္တဲ့ ဓာတ္ခြဲခန္းရဲ႕ စံခ်ိန္စံၫႊန္းအတိုင္း ေဆာက္တာပဲ”ဟု ဦးစိုင္းပန္းဆိုင္က ေျပာသည္။

အဆိုပါဓာတ္ခြဲခန္း၌ လတ္တေလာ ျဖစ္ပြားေနသည့္ COVID-19 ေရာဂါ အျပင္ အျခားေသာ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားလည္း ဓာတ္ခြဲစစ္ေဆးမည္ ျဖစ္ၿပီး ႏိုင္ငံတကာအဆင့္မီ ဓာတ္ခြဲခန္းတစ္ခု တည္ေဆာက္မည့္အတြက္ မႏၲေလးတိုင္းတြင္သာမက အထက္ျမန္မာျပည္ အတြက္ပါ အေထာက္အကူျပဳႏိုင္မည္ ျဖစ္ေၾကာင္းႏွင့္ လူနာမ်ား၏ ေရာဂါမ်ား စမ္းသပ္ စစ္ေဆးႏိုင္မည္ ျဖစ္၍ ကုသေရးအတြက္ပါ အေထာက္အကူ ျဖစ္ေစမည္ဟု ျပည္သူ႔က်န္းမာေရး ဓါတ္ခြဲမႈဆိုင္ရာ႒ာန (မႏၲေလး) ဒု-ၫႊန္ၾကားေရးမႉး ေဒါက္တာ ေမဝင့္ဝါက mandalay In-depth News အား ေျပာသည္။

“ေဆာက္ၿပီးရင္ေတာ့ ဒီမွာရွိတဲ့ PCR စက္ သုံးစုံကို ေျပာင္းၿပီးေတာ့ ကိုဗစ္ရာသီမွာဆို ကိုဗစ္ကို စမ္းသပ္လုပ္ေဆာင္ေပးသြားမယ္။ ကိုဗစ္ရာသီ ကုန္သြားလည္း တျခား အသက္ရႉလမ္းေၾကာင္းနဲ႔ ဆိုင္တဲ့ ေရာဂါေတြကို ဆက္လက္ လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။ လူနာေတြ ေရာဂါရွာေဖြေရးအတြက္ အထက္ဗမာျပည္မွာ ဓာတ္ခြဲခန္းတစ္ခု ေပၚထြက္လာၿပီဆိုေတာ့ အမ်ားႀကီး အက်ိဳးရွိပါတယ္” ဟု ေဒါက္တာ ေမဝင့္ဝါက ေျပာသည္။

ယေန႔ ဇြန္(၁၉)ရက္ နံနက္ပိုင္းက အဆိုပါ ႏိုင္ငံတကာအဆင့္မီ ဓာတ္ခြဲခန္း တည္ေဆာက္ရန္ ပႏၷက္တင္မဂၤလာ အခမ္းအနား က်င္းပခဲ့ၿပီး မႏၲေလးတိုင္‌း အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္။

ယခု လက္ရွိတြင္ မႏၲေလးၿမိဳ႕ ျပည္သူ႔ က်န္းမာေရး ဓါတ္ခြဲမႈဆိုင္ရာ႒ာန၌ မႏၲေလးတိုင္းအတြင္းရွိ Quarantine Center (ေစာင့္ၾကည့္ေနရာ)မ်ား၌ အသြားအလာ ကန႔္သတ္ထားသူမ်ားႏွင့္ ေစာင့္ၾကည့္လူနာမ်ား၏ ဓါတ္ခြဲနမူနာမ်ားကို ဇြန္ (၁)ရက္မွစတင္ကာ လက္ခံ စစ္ေဆးေပးေနၿပီး ယမန္ေန႔ ဇြန္(၁၈)ရက္အထိ ဓာတ္ခြဲနမူနာ စုစုေပါင္း (၄၀၀၀)ေက်ာ္ စစ္ေဆးထားေၾကာင္း ျပည္သူ႔က်န္းမာေရး ဓါတ္ခြဲမႈဆိုင္ရာ႒ာန (မႏၲေလး)မွ သတင္းရရွိသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္…………Mandalay_Indepth_News

unicode

နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း တစ်ခုကို ကျပ်သိန်း ခြောက်ထောင်ခန့် အကုန် အကျခံကာ သုံးလ အတွင်း အပြီးတည်ဆောက်မည့် မန္တလေး

မန္တလေးတွင် ကျပ်သိန်း ခြောက်ထောင်ခန့် ကုန်ကျမည့် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းတစ်ခုကို သုံးလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း COVID-19 ရောဂါဆိုင်ရာ ပြန်ကြားရေးကော်မတီ ဥက္ကဌ၊ မန္တလေးတိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင် က Mandalay In-depth News အား ပြောသည်။

မန္တလေးမြို့ ၃၅လမ်းပေါ်ရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဋ္ဌာနဝန်းအတွင်းရှိ မြေနေရာပေါ်တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း တစ်ခုကို မန္တလေ‌‌းမြို့ ပြ ဖွံ့ဖြိုးရေး ရံပုံငွေရှာဖွေရေးကော်မတီ၏ ရံပုံငွေဖြင့် တည်ဆောက်ရန် ယနေ့ ဇွန်(၁၉)ရက် နံနက်ပိုင်းက မန္နက်တင်ခဲ့ပြီး အဆောက်အဦး ဆောက်လုပ်မှုအတွက် ကျပ်သိန်း ခြောက်ထောင်ခန့် ကုန်ကျမည်ဖြစ်ကာ သုံးလအတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

“ခန့်မှန်းခြေ သုံးလလောက်ကြာမယ်။ အဆောက်အဦးကတော့ ခန့်မှန်းတန်ဖိုး သိန်းခြောက်ထောင်လောက် ရှိတယ်”ဟု ဦးစိုင်းပန်းဆိုင် က ပြောသည်။

အဆိုပါဓာတ်ခွဲခန်းကို မြန်မာဗိသုကာပညာရှင်များနှင့် ခေတ်မီလှပအောင် တည်ဆောက်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် နိုင်ငံတကာ ဓာတ်ခွဲခန်း များ၏ စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်မည်ဖြစ်ကာ ပြီးစီးပါက တစ်ရက်လျှင် လူဦးရေ သုံးရာဝန်းကျင် ဓာတ်ခွဲစစ်ဆေးပေးနိုင်မည်ဟု ဆိုသည်။

“ပိုးစစ်ဆေးတဲ့ ဓာတ်ခွဲခန်းဖြစ်လို့ ဥပမာ တံခါးတွေဘာတွေကအစ လူကိုယ်တိုင် ဖွင့်စရာမလိုဘဲနဲ့ လူအပူချိန်နဲ့ ဆင်ဆာ ပါတဲ့ဟာလိုမျိုးပေါ့။ တံခါးတွေဘာတွေကအစ အဲ့လိုမျိုးတွေရှိတယ်။နောက်ပြီးတော့ အခန်းထဲမှာလည်း Temperature ဘယ်လို Control လုပ်ရမလဲဆိုတဲ့ သူက Zero Pressure တို့ ရှိတယ်ပေါ့။ အဲ့ဒါ သူ့အခေါ်အဝေါ်တွေတော့ ရှိတယ်။ ဘယ်အခန်းတွေတော့ မဝင်ရတို့ပေါ့။ သုံးတဲ့ပစ္စည်းတွေရော၊ လက်ဆေးကန်ကအစ လူနာရဲ့ နမူနာယူတာကအစ ဒီတိုင်းဝင်ရတဲ့ဟာ ရှိသလို PPE ပါမှ ဝင်ရမယ့် ဧရိယာတွေလည်း သတ်မှတ်ထားတာတို့ပေါ့။ နိုင်ငံတကာမှာ ဆောက်တဲ့ ဓာတ်ခွဲခန်းရဲ့ စံချိန်စံညွှန်းအတိုင်း ဆောက်တာပဲ”ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။

အဆိုပါဓာတ်ခွဲခန်း၌ လတ်တလော ဖြစ်ပွားနေသည့် COVID-19 ရောဂါ အပြင် အခြားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ဓာတ်ခွဲစစ်ဆေးမည် ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်မည့်အတွက် မန္တလေးတိုင်းတွင်သာမက အထက်မြန်မာပြည် အတွက်ပါ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်းနှင့် လူနာများ၏ ရောဂါများ စမ်းသပ် စစ်ဆေးနိုင်မည် ဖြစ်၍ ကုသရေးအတွက်ပါ အထောက်အကူ ဖြစ်စေမည်ဟု ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဋ္ဌာန (မန္တလေး) ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ မေဝင့်ဝါက mandalay In-depth News အား ပြောသည်။

“ဆောက်ပြီးရင်တော့ ဒီမှာရှိတဲ့ PCR စက် သုံးစုံကို ပြောင်းပြီးတော့ ကိုဗစ်ရာသီမှာဆို ကိုဗစ်ကို စမ်းသပ်လုပ်ဆောင်ပေးသွားမယ်။ ကိုဗစ်ရာသီ ကုန်သွားလည်း တခြား အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကို ဆက်လက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ လူနာတွေ ရောဂါရှာဖွေရေးအတွက် အထက်ဗမာပြည်မှာ ဓာတ်ခွဲခန်းတစ်ခု ပေါ်ထွက်လာပြီဆိုတော့ အများကြီး အကျိုးရှိပါတယ်” ဟု ဒေါက်တာ မေဝင့်ဝါက ပြောသည်။

ယနေ့ ဇွန်(၁၉)ရက် နံနက်ပိုင်းက အဆိုပါ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပြီး မန္တလေးတိုင်‌း အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယခု လက်ရှိတွင် မန္တလေးမြို့ ပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဋ္ဌာန၌ မန္တလေးတိုင်းအတွင်းရှိ Quarantine Center (စောင့်ကြည့်နေရာ)များ၌ အသွားအလာ ကန့်သတ်ထားသူများနှင့် စောင့်ကြည့်လူနာများ၏ ဓါတ်ခွဲနမူနာများကို ဇွန် (၁)ရက်မှစတင်ကာ လက်ခံ စစ်ဆေးပေးနေပြီး ယမန်နေ့ ဇွန်(၁၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၄၀၀၀)ကျော် စစ်ဆေးထားကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဋ္ဌာန (မန္တလေး)မှ သတင်းရရှိသည်။

လေးစားစွာဖြင့် ခရစ်ဒက်…………Mandalay_Indepth_News

Add a Comment

Your email address will not be published. Required fields are marked *

3 − one =