




Source: Nay Toe
DarDar-CeleGabar

unicode

လွန်ခဲ့တဲ့(၁၄)နှစ်ခန့် က “နှင်းဆီရင်ခွင်” အငြိမ့်ထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်နာမည် နဲ့ လိုက်ဖက်တဲ့ ကောင်မလေး တစ်ယောက်ကို ချပြလိုက်တဲ့ နေတိုး

နေတိုးကတော့ အနုပညာကဝေလို့တောင် တင်စားရတဲ့အထိ သူ့ရဲ့ အနုပညာစွမ်းရည်ကတော့ ထူးခြားပြီး ပရိသတ် အားပေးမှုအများဆုံး ရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။မင်းသားချောနေတိုးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသားအနေနဲ့ ရပ်တည်နေပြီး အနုပညာပိုင်းမှာအစွမ်းကုန်ကြိုးစားလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေသာမက အနုပညာနဲ့ပတ်သက်ပြီး အသိအမှတ်ပြုမှုကို ရရှိထားပါတယ်။

နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသားချော နေတိုးကတော့ လတ်တလော လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ face appများဖြင့် ပြောင်းလဲထားသော ပုံတွေကို တင်ဖိုပအတွက် ပရိသတ်ရဲ့သဘောထားကို “နည်းပညာကိုအသုံးပြုပြီး face appများဖြင့် ပြောင်းလဲထားသော ပုံများအခုတလောတွေ့နေရပါတယ် ကျွန်တော် ပရိသတ်များလည်းကြည့်ချင်တယ်ဆိုရင် တစ်ခုခုပြောခဲ့ပါ” လို့ အရင်မေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နေတိုးဟာ “လွန်ခဲ့တဲ့(၁၄)နှစ်ခန့်က “နှင်းဆီရင်ခွင်” အငြိမ့်ထဲမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်နာမည်နဲ့ လိုက်ဖက်တဲ့ ကောင်မလေးတစ်ယောက်ကို”ကဲ ..ပရိသတ်များ အားလုံးမင်္ဂလာညချမ်းပါခင်ဗျာ သူ့နာမည်ကို လွန်ခဲ့တဲ့(၁၄)နှစ်ခန့်က “နှင်းဆီရင်ခွင်” အငြိမ့်ထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခု ရဲ့အမည် (ခင်ပတ်ပက်စက်စက်တိုး)လို့အမှတ်တရပေးလိုက်ပါတယ် ပရိသတ်များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်မာပြီးပျော်ရွှင်ကြပါစေရှင် ဟုတ်ပါဘူး ခင်ဗျာ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူကိုယ်သူ မိန်းကလေးပုံစံ PhotoShop လုပ်ထားတဲ့ ပုံတွေကို ဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ မင်းသားချော နေတိုး ကတော့ နည်းပညာကိုအသုံးပြုပြီး face appများဖြင့် ပြောင်းလဲ ထားသော သူ့ရဲ့ပုံများကို လွန်ခဲ့တဲ့(၁၄)နှစ်ခန့်က “နှင်းဆီရင်ခွင်” အငြိမ့်ထဲမှာပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုရဲ့အမည် (ခင်ပတ်ပက်စက်စက်တိုး)လို့ နာမည် အမှတ်တရပေး လိုက်ပါတယ်တဲ့။

Source: Nay Toe
DarDar-CeleGabar