ကေလးၿမိဳ႕နယ္တြင္ အသက္ (၉၁) ႏွစ္ အမ်ိဳးသမီး တစ္ဦး ျပဳက်င့္ခံရၿပီး ေဆးကုေနစဥ္ ေသဆုံး

ကေလးၿမိဳ႕နယ္တြင္ အသက္ (၉၁) ႏွစ္ အမ်ိဳးသမီး တစ္ဦး ျပဳက်င့္ခံရၿပီး ေဆးကုေနစဥ္ ေသဆုံး

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္၊ အင္ဒိုင္းကုန္း ရပ္ကြက္မွာ ေနထိုင္တဲ့ ေလျဖတ္ေဝဒနာေၾကာင့္ အိပ္ယာထဲလဲေနတဲ့ အသက္ (၉၁)ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ဇြန္လ ၁၉ ရက္ေန႔ ညေန ၆ နာရီေလာက္က ျပဳက်င့္ခံရၿပီး ေဆး႐ုံမွာ ေဆးကုသမႈခံယူေနစဥ္ ေသဆုံး ခဲ့တယ္လို႔ အင္ဒိုင္းကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးလားပတ္ထြန္းကေျပာပါတယ္။

“ေလျဖတ္ၿပီး လမ္းမသြားႏိုင္တာ ၅ ႏွစ္ေလာက္ ရွိၿပီ။ အိမ္ထဲမွာ သူတစ္ေယာက္ထဲေနတယ္။မီးဖိုေခ်ာင္မွာေတာ့ သူ႔သမီးနဲ႔ အမ်ိဳးနဲ႔ ထမင္းခ်က္ ေနတယ္။ အဲ့အခ်ိန္မွာ ဦးေဇာ္မင္းထြန္းက အိမ္ထဲဝင္ၿပီး ျပဳက်င့္တာ။ အဲ့တာျဖစ္ၿပီး အမ်ိဳးသမီးကို ေဆး႐ုံတင္လိုက္တယ္။ ေဆး႐ုံေရာက္ၿပီး ည ၁၀ နာရီ အခ်ိန္ေလာက္ မွာပဲ ေသသြားတယ္။ အခုကေတာ့ ရင္ခြဲ႐ုံမွာပဲ ရွိေသးတယ္” လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးလားပတ္ထြန္းက ေျပာပါတယ္။

အသက္႐ြယ္ႀကီးရင့္သူ အမ်ိဳးသမီးကို ျပဳက်င့္ခဲ့တဲ့ သူကေတာ့ မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕ ဇာတိျဖစ္ၿပီး ကေလးၿမိဳ႕နယ္က ေရနံေမွာ္ေတြ မွာ ႀကဳံရာက်ပမ္း လုပ္ကိုင္ေနသူျဖစ္ကာ သူ႔ရဲ႕အသက္က (၄၀) ႏွစ္အ႐ြယ္ရွိ ဦးေဇာ္မင္းထြန္းဆိုသူ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကေလးၿမိဳ႕မွာ ဦးေဇာ္မင္းထြန္း ကို ဖမ္းဆီးထားၿပီး အမႈဖြင့္ အေရးယူႏိုင္ဖို႔ ဆက္လက္လုပ္ေဆာင္ေနတယ္ လို႔ ကေလးၿမိဳ႕မရဲစခန္း တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

unicode

ကလေးမြို့နယ်တွင် အသက် (၉၁) နှစ် အမျိုးသမီး တစ်ဦး ပြုကျင့်ခံရပြီး ဆေးကုနေစဉ် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အင်ဒိုင်းကုန်း ရပ်ကွက်မှာ နေထိုင်တဲ့ လေဖြတ်ဝေဒနာကြောင့် အိပ်ယာထဲလဲနေတဲ့ အသက် (၉၁)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်က ပြုကျင့်ခံရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံး ခဲ့တယ်လို့ အင်ဒိုင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလားပတ်ထွန်းကပြောပါတယ်။

“လေဖြတ်ပြီး လမ်းမသွားနိုင်တာ ၅ နှစ်လောက် ရှိပြီ။ အိမ်ထဲမှာ သူတစ်ယောက်ထဲနေတယ်။မီးဖိုချောင်မှာတော့ သူ့သမီးနဲ့ အမျိုးနဲ့ ထမင်းချက် နေတယ်။ အဲ့အချိန်မှာ ဦးဇော်မင်းထွန်းက အိမ်ထဲဝင်ပြီး ပြုကျင့်တာ။ အဲ့တာဖြစ်ပြီး အမျိုးသမီးကို ဆေးရုံတင်လိုက်တယ်။ ဆေးရုံရောက်ပြီး ည ၁၀ နာရီ အချိန်လောက် မှာပဲ သေသွားတယ်။ အခုကတော့ ရင်ခွဲရုံမှာပဲ ရှိသေးတယ်” လို့ အုပ်ချုပ်ရေးမှူး ဦးလားပတ်ထွန်းက ပြောပါတယ်။

အသက်ရွယ်ကြီးရင့်သူ အမျိုးသမီးကို ပြုကျင့်ခဲ့တဲ့ သူကတော့ မကွေးတိုင်း၊ ချောက်မြို့ ဇာတိဖြစ်ပြီး ကလေးမြို့နယ်က ရေနံမှော်တွေ မှာ ကြုံရာကျပမ်း လုပ်ကိုင်နေသူဖြစ်ကာ သူ့ရဲ့အသက်က (၄၀) နှစ်အရွယ်ရှိ ဦးဇော်မင်းထွန်းဆိုသူ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမြို့မှာ ဦးဇော်မင်းထွန်း ကို ဖမ်းဆီးထားပြီး အမှုဖွင့် အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ် လို့ ကလေးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။