(၁၉) ရက္ေန႔ မွာ ျမန္မာက ထိုင္းျပန္ (၁၉) ေယာက္ နဲ႔ ကမာၻ ပ်က္သြားေသာ ပရာေထ့ထိုင္း

(၁၉) ရက္ေန႔ မွာ ျမန္မာက ထိုင္းျပန္ (၁၉) ေယာက္ နဲ႔ ကမာၻ ပ်က္သြားေသာ ပရာေထ့ထိုင္း

ထိုင္းျပန္၁၉ ေယာက္ ကိုဗစ္ ေတြ႕တဲ့ သတင္းဟာ တ႐ုတ္သတင္းေတြေရာ ထိုင္းသတင္းေတြမွာပါ အရမ္းေဟာ့ သြားပါတယ္ ကိုဗစ္ ကို ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ယူဆ ၿပီး အကုန္ျပန္ဖြင့္ေတာ့မဲ့ ထိုင္းအတြက္က ဒီသတင္းက ေရွ႕ဆက္ရမဲ့ ေျခလွမ္းေတြကို ေျခထိုးခံလိုက္သလို ျဖစ္သြားပုံရပါတယ္

အဲဒီမွာ သတင္းေတြ အစီအရီ တက္လာေတာ့တာပဲ ျမန္မာဝန္ႀကီး ဌာန သတင္းမွာ ဘားအံ ကြာရန္တင္း မွာ ၁၉ ရက္ေန႔သတင္းထုတ္ျပန္ခ်က္ အရ ၂၃ ေယာက္ပိုးေတြ ၁၉ ေယာက္ က ထိုင္းျပန္ ၄ ေယာက္က မေလးျပန္ ထိုင္းသတင္းေတြမွာက်ေတာ့ မဲေဆာက္ ျမဝတီ က ၁၈ ေယာက္နာင္းဘက္က ၁ ေယာက္တဲ့

မေန႔က တေန႔လုံး ေရာ ဒီေန႔အထိ ေရာ သက္ဆိုင္ရာ ဌာနေတြက တဂြမ္ဂြမ္ နဲ႔ ဖုန္းဆက္ စာေတြပို႔ ျမန္မာသတင္းမွာ ဘယ္လိုေရးလဲ ခြန္ေမာ္ တဲ့ အဓိက ရေနာင္းကိစၥ သိခ်င္ၾကတာ ရေနာင္းဆိုတာ ကိုဗစ္လုံးဝ မေတြ႕တဲ့ အပ်ိဳစင္ ျပည္နယ္ ေလး ထိုင္း သတင္းမွာ တက္လာေတာ့ ရေနာင္း နယ္စပ္က ျဖတ္သြားတာ တေယာက္တဲ့ မပူပါနဲ႔ ဘန္ေကာက္ပိုစ့္ သတင္းကိုသာဖတ္လို႔ သူတို႔သတင္းေထာက္ေတြက ေတာ္တယ္ ျမဳပ္ထားတဲ့အစေတြ ရေအာင္ ဆြဲထုတ္တတ္တယ္

ဘန္ေကာက္ပိုစ့္ မွာေတာ့ ၂၃ေယာက္လုံးက ဇြန္၈ ရက္ေန႔က ထိုင္း မေလး နယ္စပ္က လဝက အခ်ဳပ္ စခန္းက ျပန္ပို႔လိုက္တာလို႔ေရးတယ္အခု တရားမဝင္ေ႐ႊ႕ေျပာင္းေတြ ကို ထိုင္းနဲ႔ မေလးက ကိုဗစ္ ႏွိမ္နင္းေရးနဲ႔အတူ ေတာက္ေလွ်ာက္ႏွိမ္နင္းေနခ်ိန္မွာမူဝါဒ အရ လဝက အခ်ဳပ္ထဲက လူေတြပါ ျပန္လက္ခံေနတဲ့ပုံေပၚပါတယ္

တခ်ိဳ႕ေတြကဘဂၤါလီ ေ႐ႊ႕ေျပာင္း ေတြ လို႔ယူဆရတယ္တဲ့ ႐ိုက္တာက အေသးစိတ္ေမးဖို႔ ဆက္သြယ္ေပမဲ့ ျမန္မာ့ ဝန္ႀကီး ဌာန စပုတ္မန္းက ဘာမွ မွတ္ခ်တ္မေပးဘူး လို႔ ေရးထားပါတယ္

ေလးစားစြာျဖင့္ ခရစ္ဒက္ ………Nyan Win Phyo

unicode

(၁၉) ရက်နေ့ မှာ မြန်မာက ထိုင်းပြန် (၁၉) ယောက် နဲ့ ကမ္ဘာ ပျက်သွားသော ပရာထေ့ထိုင်း

ထိုင်းပြန်၁၉ ယောက် ကိုဗစ် တွေ့တဲ့ သတင်းဟာ တရုတ်သတင်းတွေရော ထိုင်းသတင်းတွေမှာပါ အရမ်းဟော့ သွားပါတယ် ကိုဗစ် ကို ထိန်းချုပ်နိုင်ပြီလို့ယူဆ ပြီး အကုန်ပြန်ဖွင့်တော့မဲ့ ထိုင်းအတွက်က ဒီသတင်းက ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေကို ခြေထိုးခံလိုက်သလို ဖြစ်သွားပုံရပါတယ်

အဲဒီမှာ သတင်းတွေ အစီအရီ တက်လာတော့တာပဲ မြန်မာဝန်ကြီး ဌာန သတင်းမှာ ဘားအံ ကွာရန်တင်း မှာ ၁၉ ရက်နေ့သတင်းထုတ်ပြန်ချက် အရ ၂၃ ယောက်ပိုးတွေ ၁၉ ယောက် က ထိုင်းပြန် ၄ ယောက်က မလေးပြန် ထိုင်းသတင်းတွေမှာကျတော့ မဲဆောက် မြဝတီ က ၁၈ ယောက်နာင်းဘက်က ၁ ယောက်တဲ့

မနေ့က တနေ့လုံး ရော ဒီနေ့အထိ ရော သက်ဆိုင်ရာ ဌာနတွေက တဂွမ်ဂွမ် နဲ့ ဖုန်းဆက် စာတွေပို့ မြန်မာသတင်းမှာ ဘယ်လိုရေးလဲ ခွန်မော် တဲ့ အဓိက ရနောင်းကိစ္စ သိချင်ကြတာ ရနောင်းဆိုတာ ကိုဗစ်လုံးဝ မတွေ့တဲ့ အပျိုစင် ပြည်နယ် လေး ထိုင်း သတင်းမှာ တက်လာတော့ ရနောင်း နယ်စပ်က ဖြတ်သွားတာ တယောက်တဲ့ မပူပါနဲ့ ဘန်ကောက်ပိုစ့် သတင်းကိုသာဖတ်လို့ သူတို့သတင်းထောက်တွေက တော်တယ် မြုပ်ထားတဲ့အစတွေ ရအောင် ဆွဲထုတ်တတ်တယ်

ဘန်ကောက်ပိုစ့် မှာတော့ ၂၃ယောက်လုံးက ဇွန်၈ ရက်နေ့က ထိုင်း မလေး နယ်စပ်က လဝက အချုပ် စခန်းက ပြန်ပို့လိုက်တာလို့ရေးတယ်အခု တရားမဝင်ရွှေ့ပြောင်းတွေ ကို ထိုင်းနဲ့ မလေးက ကိုဗစ် နှိမ်နင်းရေးနဲ့အတူ တောက်လျှောက်နှိမ်နင်းနေချိန်မှာမူဝါဒ အရ လဝက အချုပ်ထဲက လူတွေပါ ပြန်လက်ခံနေတဲ့ပုံပေါ်ပါတယ်

တချို့တွေကဘင်္ဂါလီ ရွှေ့ပြောင်း တွေ လို့ယူဆရတယ်တဲ့ ရိုက်တာက အသေးစိတ်မေးဖို့ ဆက်သွယ်ပေမဲ့ မြန်မာ့ ဝန်ကြီး ဌာန စပုတ်မန်းက ဘာမှ မှတ်ချတ်မပေးဘူး လို့ ရေးထားပါတယ်

လေးစားစွာဖြင့် ခရစ်ဒက် ………Nyan Win Phyo

Add a Comment

Your email address will not be published. Required fields are marked *

19 − 13 =