ရည်းစား လုကြရာ မှ လူ(၁) ယောက် ကို လူ(၃) ယောက်က ၀ိုင်းဝန်း သတ်ဖြတ်မှု ဖြစ်ပွား

ရည်းစား လုကြရာ မှ လူ(၁) ယောက် ကို လူ(၃) ယောက်က ၀ိုင်းဝန်း သတ်ဖြတ်မှု ဖြစ်ပွား

အမှုဖြစ်စဉ်မှာ၁၂.၅.၂၀၂၀ရက်ညနေ၅နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊မုံရွာမြို့၏ အနောက်ဘက်ချင်းတွင်းမြစ်ကြောင်း သဲသောင်ပြင်တွင်အမည်မသိပုတ်ပွနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်းသတင်းအရမုံရွာမြို့မ ရဲစခန်းမှုးဒုရဲမှုးဝင်းနိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်တို့သည်သွားရောက် စစ်ဆေးကြည့်ရှုရာ

အဆိုပါသေဆုံးသူမှာအသက်(၃၀)နှစ် ဝန်းကျင်ဖြစ်ပြီးကွမ်းစားခြင်း ၊ဆေးလိပ်သောက်ခြင်း မရှိသူဖြစ်ကာ၎င်းတွင်လွယ်အိတ်အနီရောင်တစ်လုံးပါရှိပြီးလည်တွင်အနီးရောင်လက်ဖွဲ့ကြိုးဝတ်ဆင်ထားပြီးမီးခိုးနုရောင် ခေါင်းစွပ် စွပ်ကျယ် “ ရှိုင်း ”
စာတမ်းပါအင်္ကျီအားဝတ်ထားသည်။ဖိနပ်မှာရာဘာဖိနပ်အဖြူရောင်သဲကြိုးအပြာဖြစ်သည်။

ပုဆိုးမှာအပြာရောင်ကွပ် စိပ်ဝတ်ထားကာသေဆုံးသူမှာဦးခေါင်းဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ပြီး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သက်သေခံအဝတ်အစားသိမ်းဆည်းခြင်း

သေဆုံးသူအသက်(၃၀)ခန့်အမျိုးသားအလောင်း ကိုရဲဆေားရေးသားပေးပို့ကာပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်စေခဲ့ရာတာဝန်ကျဆရာဝန်ကအဆိုပါ အမျိုးသားသည်တစ်ဦးတစ်ယောက်၏ ရိုက်နှက်မှုကြောင့်(၁၀ရက်/၁၁ရက်)နေ့လောက်ကေ သဆုံးခြင်းဖြစ်နိုင်ကြောင်းအကြောင်းပြန်ချက်အရ အဆိုပါအမျိုးသားကို သတ်သွားသူကိုစုံစမ်းဖော်ထုတ်အရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ

မုံရွာမြို့မရဲစခန်း(ပ)…./၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာ အမှုစစ်ဒုရဲမှုးဝင်းနိုင်ကစတင်စုံစမ်းခဲ့ရာသေဆုံးသူမှာမုန်တိုင်း(ခ)ရေဦးသားဆိုသူဖြစ်ကြောင်းသိရှိရကာ၎င်းတို့သည်၁၀.၅.၂၀၂၀ရက်နေ့ညပိုင်းကမုံရွာမြို့၏အနောက်ဘက် ချင်းတွင်းမြစ် သဲသောင်ပြင်ရှိ တဲတစ်လုံးတွင် မုံရွာမြို့ မြဝတီရပ်ကွက်နေသန်းညွှန့်(ခ)ဇော်ဝမ်း၊ကန်သာဦးရပ်ကွက်နေသီဟစိုးမိုး(ခ)မွှေးနီ၊အောင်ဇေယျုံရပ်ကွက်နေ ကံထွန်း(ခ) အာနိုး နှင့် ရေဦးမြို့နေ မုန်တိုင်း(ခ) ရေဦးသားတို့သည်အတူတကွအရက်သောက်စားပြီးနောက်

ယင်းတဲရှိအမျိုးသမီးနှစ်ဦးနှင့်ပတ်သက်၍ရည်းစား လုရာမှခိုက်ရန်ဖြစ်ပွားပြီးမုန်တိုင်း(ခ)ရေဦးသားဆိုသူ မှာဦးခေါင်းကြေမွဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိများ၏စစ်ဆေးပေါ်ပေါက်ချက်များအရသိရသည် ။ပြစ်မှုကျူးလွန်သူ(၃)ဦးသည်ထောင် ထွက်များဖြစ်ကြကာသန်းညွှန့်(ခ)ဇော်ဝမ်းဆိုသူက သဲသောင်ပြင်လူသတ်မှုမှာပါဝင်ခဲ့ပြီး

၁၂.၅.၂၀၂၀ ရက် ည ၃ နာရီမှာ မြဝတီရပ်ကွက် နယ်မြေအမှတ် (၂၃) ရွှေညောင်ပင်လမ်းနေ ဦးဝင်းတင့် ဆိုသူရဲ့ နေအိမ်ထဲကိုဝင်ရောက်ပြီးအိမ်ရှင်ဦးဝင်းတင့်အား ကပ်ကြေးနဲ့ထိုးတုတ်နဲ့ဝင်ရိုက်ခဲ့သည်ဟုသိရကြောင်း၊..ဇော်ဝမ်း ဆိုသူသည်၂၀၁၂တုန်းကလူသတ်မှုနဲ့ထောင်(၁၀)နှစ်ကျပြီးလွတ်ငြိမ်းပြန်နဲ့ လွတ်လာ ခဲ့တာဖြစ်ကြောင်းနှင့်အဆိုပါလူသတ်မှုကိုမုံရွာခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင်ရဲအုပ်ညိုသက်ဝင်းနှင့်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့သည်မုံရွာမြို့မ ရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ၂၄နာရီအတွင်းအမှုမှန်ဖော်ထုတ်ခဲ့ကြောင်းသိရသည်။

TTW

Add a Comment

Your email address will not be published. Required fields are marked *

2 × one =