ဆင္းရဲၿပီး ႐ိုးသား တဲ့ အေမအို ႏွင့္ ကူညီ တတ္ေသာ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဆုံၾကရာဝယ္

ဆင္းရဲၿပီး ႐ိုးသား တဲ့ အေမအို ႏွင့္ ကူညီ တတ္ေသာ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဆုံၾကရာဝယ္

စိတ္မႏွံ႔တဲ့ သမီးေလး ကို လုပ္ေကြၽးေန တဲ့ ဆင္းရဲေသာ ေဒၚ —- (၇၆)ႏွစ္ဟာ ေတာင္ငူၿမိဳ႕ ၊ အမွတ္ (၉)ရပ္ကြက္ ၊က်ဴးမွာေနထိုင္တယ္လို႔ သိရပါတယ္။အေမအိုႀကီးဟာ ေတာင္ငူၿမိဳ႕ စုေပါင္း႐ုံးျဖစ္သည့္ တိုက္ဝါႀကီးတြင္ ေန႔စဥ္ ေျပာင္းဖူးလာေရာင္းခ် ေနတာလဲျဖစ္ပါတယ္။ အေမ အိုႀကီး ေရာင္းမေကာင္းတဲ့ေန႔ဆိုလွ်င္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက အေမအိုႀကီးကို စာနာ က႐ုဏာသက္ၿပီး လက္က်န္ ေျပာင္းဖူးမ်ားကို အကုန္ဝယ္ယူထားသည့္အျပင္ အေမအိုႀကီးအတြက္ မုန္ဖိုးပါေပးေလ့ရွိပါတယ္။

အဲ့ဒီလို ေျပာင္းဖူးေရာင္း မေကာင္းသည့္ေန႔ဆိုလွ်င္ အေမအိုႀကီးဟာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ႐ုံးခန္းအနီးမွ အၿမဲထိုင္ေစာင့္ေနတတ္ပါတယ္။တေန႔မွာေတာ့ အေမအိုႀကီးဟာ ၾကက္ေမာက္သီးေျပာင္းေရာင္းခ်င္တယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ေျပာလာပါတယ္။ အဲ့ဒီလို ေျပာသံၾကားတာနဲ႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးဟာ ၾကက္ေမာက္သီးေရာင္းရန္အတြက္ အရင္းေငြ ၃၀၀၀၀ က်ပ္ ထုတ္ေပးလိုက္ပါတယ္။ အေမအိုႀကီး ဆႏၵျပည့္ၿပီးဆိုေတာ့ ပိုက္ဆံကိုကိုင္ကာ ေရတြက္ရင္း ျပန္ဆပ္ပါ့မယ္သားရယ္.. ရပ္ကြက္ထဲဆို ေန႔ျပန္တိုးနဲ႔ေခ်းရတာလို႔ ႏႈတ္ကလည္း ေရ႐ြတ္ေျပာဆိုေနစဥ္.. အေမႀကီး ေရာင္းၾကည့္ပါအုံး အဆင္မေျပလည္းေျပာပါလို႔ ျပန္ဆပ္စရာမလိုပါဘူးလို႔ေျပာေပမယ့္ အေမအိုႀကီးဟာ ျပန္ဆပ္မွာပါဟုသာေျပာေလသည္။

အေမႀကီးၾကက္ေမာက္သီး ေျပာင္းေရာင္း ေနဟန္တူသည္ မေတြ႕ေတာ့ေပမယ့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕မွ စားစရာ မုန႔္ေတြ လာထားေပးေလ့ရွိတယ္။ဒီကေန႔ ဇြန္ (၁၇) ရက္ေန႔မွာေတာ့ အေမအိုႀကီး ျပန္လာၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ႐ုံးအဆင္းကို ထိုင္ေစာင့္ေနပါၿပီ။ လက္ထဲမွာလည္း ေငြ ၃၀၀၀၀ က်ပ္ ကိုင္းထားပါၿပီ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ေတြ႕တာနဲ႔ အေမ ေခ်းထားတဲ့ ေငြ ၃၀၀၀၀ က်ပ္လာဆပ္တာပါ လို႔ ​ေျပာေလသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ အေမအိုႀကီးအား ေငြျပန္ေပးရန္ မလိုေၾကာင္း အေမအိုႀကီးရဲ႕ ႐ိုးသားမႈ အတြက္ အသိအမွတ္ျပဳေၾကာင္း ေျပာၾကားကာ အေမအိုအတြက္ စားေသာက္စရာမ်ားပင္ ထည့္ေပးလိုက္ေလသည္။အေမအိုႀကီးလည္း ျပန္ဆပ္ရန္ ရည္႐ြယ္ ထားသည့္ ေငြ ၃၀၀၀၀ က်ပ္အား ကိုင္ေဆာင္က ေပ်ာ္႐ႊင္ သြားေလသည္။(စိတ္က်န္းမာေရး မေကာင္းျဖစ္ေနေသာ အေမအိုႀကီး၏ သမီးေလးအတြက္ ကုသဖို႔ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးမွ ကူညီ ႀကိဳးစားေပးေနေၾကာင္းလဲသိရသည္)

ေနလင္းေအာင္(ေတာင္ငူ)

unicode

ဆင်းရဲပြီး ရိုးသား တဲ့ အမေအို နှင့် ကူညီ တတ်သော မြို့နယ် အုပ်ချုပ်ရေးမှူး ဆုံကြရာဝယ်

စိတ်မနှံ့တဲ့ သမီးလေး ကို လုပ်ကျွေးနေ တဲ့ ဆင်းရဲသော ဒေါ် —- (၇၆)နှစ်ဟာ တောင်ငူမြို့ ၊ အမှတ် (၉)ရပ်ကွက် ၊ကျူးမှာနေထိုင်တယ်လို့ သိရပါတယ်။အမေအိုကြီးဟာ တောင်ငူမြို့ စုပေါင်းရုံးဖြစ်သည့် တိုက်ဝါကြီးတွင် နေ့စဉ် ပြောင်းဖူးလာရောင်းချ နေတာလဲဖြစ်ပါတယ်။ အမေ အိုကြီး ရောင်းမကောင်းတဲ့နေ့ဆိုလျှင် မြို့နယ် အုပ်ချုပ်ရေးမှူးက အမေအိုကြီးကို စာနာ ကရုဏာသက်ပြီး လက်ကျန် ပြောင်းဖူးများကို အကုန်ဝယ်ယူထားသည့်အပြင် အမေအိုကြီးအတွက် မုန်ဖိုးပါပေးလေ့ရှိပါတယ်။

အဲ့ဒီလို ပြောင်းဖူးရောင်း မကောင်းသည့်နေ့ဆိုလျှင် အမေအိုကြီးဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းအနီးမှ အမြဲထိုင်စောင့်နေတတ်ပါတယ်။တနေ့မှာတော့ အမေအိုကြီးဟာ ကြက်မောက်သီးပြောင်းရောင်းချင်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောလာပါတယ်။ အဲ့ဒီလို ပြောသံကြားတာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဟာ ကြက်မောက်သီးရောင်းရန်အတွက် အရင်းငွေ ၃၀၀၀၀ ကျပ် ထုတ်ပေးလိုက်ပါတယ်။ အမေအိုကြီး ဆန္ဒပြည့်ပြီးဆိုတော့ ပိုက်ဆံကိုကိုင်ကာ ရေတွက်ရင်း ပြန်ဆပ်ပါ့မယ်သားရယ်.. ရပ်ကွက်ထဲဆို နေ့ပြန်တိုးနဲ့ချေးရတာလို့ နှုတ်ကလည်း ရေရွတ်ပြောဆိုနေစဉ်.. အမေကြီး ရောင်းကြည့်ပါအုံး အဆင်မပြေလည်းပြောပါလို့ ပြန်ဆပ်စရာမလိုပါဘူးလို့ပြောပေမယ့် အမေအိုကြီးဟာ ပြန်ဆပ်မှာပါဟုသာပြောလေသည်။

အမေကြီးကြက်မောက်သီး ပြောင်းရောင်း နေဟန်တူသည် မတွေ့တော့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှ စားစရာ မုန့်တွေ လာထားပေးလေ့ရှိတယ်။ဒီကနေ့ ဇွန် (၁၇) ရက်နေ့မှာတော့ အမေအိုကြီး ပြန်လာပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအဆင်းကို ထိုင်စောင့်နေပါပြီ။ လက်ထဲမှာလည်း ငွေ ၃၀၀၀၀ ကျပ် ကိုင်းထားပါပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့တာနဲ့ အမေ ချေးထားတဲ့ ငွေ ၃၀၀၀၀ ကျပ်လာဆပ်တာပါ လို့ ​ပြောလေသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမေအိုကြီးအား ငွေပြန်ပေးရန် မလိုကြောင်း အမေအိုကြီးရဲ့ ရိုးသားမှု အတွက် အသိအမှတ်ပြုကြောင်း ပြောကြားကာ အမေအိုအတွက် စားသောက်စရာများပင် ထည့်ပေးလိုက်လေသည်။အမေအိုကြီးလည်း ပြန်ဆပ်ရန် ရည်ရွယ် ထားသည့် ငွေ ၃၀၀၀၀ ကျပ်အား ကိုင်ဆောင်က ပျော်ရွှင် သွားလေသည်။(စိတ်ကျန်းမာရေး မကောင်းဖြစ်နေသော အမေအိုကြီး၏ သမီးလေးအတွက် ကုသဖို့ မြို့အုပ်ချုပ်ရေးမှူးမှ ကူညီ ကြိုးစားပေးနေကြောင်းလဲသိရသည်)

နေလင်းအောင်(တောင်ငူ)

Add a Comment

Your email address will not be published. Required fields are marked *

5 + nineteen =