ငါးရာတန္ ေငြစကၠဴသစ္မွာ ပါတဲ့ အလံေတြဟာ ႏိုင္ငံေတာ္အလံ နဲ႔ ဗဟိုဘဏ္ အလံ(၂)ခုပုံျဖစ္

ငါးရာတန္ ေငြစကၠဴသစ္မွာ ပါတဲ့ အလံေတြဟာ ႏိုင္ငံေတာ္အလံ နဲ႔ ဗဟိုဘဏ္ အလံ(၂)ခုပုံျဖစ္

အသစ္ထုတ္ေဝမယ့္ ဗိုလ္ခ်ဳပ္ပုံပါ(၅၀၀)တန္ေငြစကၠဴမွာ ပါတဲ့ အလံဟာ ႏိုင္ငံေတာ္အလံနဲ႔ ဗဟိုဘဏ္အလံ(၂)ခုျဖစ္တယ္လို႔ ဗဟိုဘဏ္ရဲ႕ ဒုတိယဥကၠ႒ဦးစိုးမင္းက ေျပာပါတယ္။အခုအခ်ိန္မွာေတာ့ အဲဒီ(၅၀၀)တန္ေငြစကၠဴသစ္မွာပါတဲ့ အလံကို ကမာၻဒီးယားႏိုင္ငံအလံ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ရဲ႕ အလံေတြ နဲ႔ ယွဥ္ျပၿပီးေဝဖန္ေနၾကတာျဖစ္ပါတယ္။“တကယ္တန္း အဲဒီဟာက ဗဟိုဘဏ္မွာ အၿမဲတမ္းရွိတဲ့ပုံကို႐ိုက္ထားတာပဲ။ ဒီေတာ့ အလယ္က ႏိုင္ငံေတာ္အလံ၊ ေဘးကဗဟိုဘဏ္ရဲ႕အလံ(၂)ခုပါ။ အျမင္ကေတာ့လည္းရွိရင္ ရွိေနမွာေပါ့။ သို႔ ေသာ္ ပိုက္ဆံမွာတကယ္ ၾကည့္လိုက္လို႔ ရွိရင္ေတာ့ မထင္ရဘူးလို႔ ထင္တာပဲ။”လို႔ ဗဟိုဘဏ္ဒုတိယဥကၠ႒ ဦးစိုးမင္းက ေျပာပါတယ္။

အဲဒီဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ နဲ႔ (၅၀၀)တန္ေငြစကၠဴသစ္ကိုေတာ့ လာမယ့္ဇူလိုင္လ (၁၉)ရက္ေန႔၊ အာဇာနည္ေန႔မွာ စထုတ္ေဝသြားမယ္လို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ေၾကညာထားပါတယ္။“လြတ္လပ္ေရးေန႔တုန္းျဖန႔္သလိုပါပဲ။ ႐ုံးဖြင့္ရက္မွာ ျဖန႔္ေဝမွာေပါ့။ အမွတ္တရေန႔မွာ စတင္ ထုတ္ေဝတယ္ ဆိုတဲ့သေဘာပါပဲ။ ေဝတာကေတာ့ ႐ုံးဖြင့္တဲ့ေန႔ မွပဲ ေဝလို႔ ရမွာေပါ့။”လို႔ ဦးစိုးမင္းက ေျပာပါတယ္။ အခုထုတ္ေဝမယ့္ ေငြစကၠဴသစ္ကို ပထမအႀကိမ္ထုတ္ေဝတဲ့ (၁၀၀၀)တန္ ေငြစကၠဴပမာဏအတိုင္း ထုတ္ေဝ သြားမွာျဖစ္ၿပီး ဘယ္ေလာက္ပမာဏ ထုတ္ေဝမယ္ဆိုတာကိုေတာ့ မေျဖၾကားခဲ့ပါဘူး။

အဲဒီ (၅၀၀)က်ပ္တန္ ေငြစကၠဴဟာ အလ်ား(၁၅၀)မီလီမီတာ အနံ(၇၀) မီလီမီတာ ရွိမွာျဖစ္ၿပီး အခုသုံးေနတဲ့ (၅၀၀)က်ပ္တန္ေတြဟာလည္း တရားဝင္ ေငြစကၠဴအျဖစ္ဆက္ရွိေနမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း ဗဟိုဘဏ္က ျမန္မာႏိုင္ငံမွာသုံးေနတဲ့ ေငြစကၠဴ အားလုံးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပုံနဲ႔ ႐ိုက္ႏွိပ္ထုတ္ေဝသြားမယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာထားပါတယ္။

Credit ………O Media

unicode

ငါးရာတန် ငွေစက္ကူသစ်မှာ ပါတဲ့ အလံတွေဟာ နိုင်ငံတော်အလံ နဲ့ ဗဟိုဘဏ် အလံ(၂)ခုပုံဖြစ်

အသစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်ပုံပါ(၅၀၀)တန်ငွေစက္ကူမှာ ပါတဲ့ အလံဟာ နိုင်ငံတော်အလံနဲ့ ဗဟိုဘဏ်အလံ(၂)ခုဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက ပြောပါတယ်။အခုအချိန်မှာတော့ အဲဒီ(၅၀၀)တန်ငွေစက္ကူသစ်မှာပါတဲ့ အလံကို ကမ္ဘာဒီးယားနိုင်ငံအလံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ အလံတွေ နဲ့ ယှဉ်ပြပြီးဝေဖန်နေကြတာဖြစ်ပါတယ်။“တကယ်တန်း အဲဒီဟာက ဗဟိုဘဏ်မှာ အမြဲတမ်းရှိတဲ့ပုံကိုရိုက်ထားတာပဲ။ ဒီတော့ အလယ်က နိုင်ငံတော်အလံ၊ ဘေးကဗဟိုဘဏ်ရဲ့အလံ(၂)ခုပါ။ အမြင်ကတော့လည်းရှိရင် ရှိနေမှာပေါ့။ သို့ သော် ပိုက်ဆံမှာတကယ် ကြည့်လိုက်လို့ ရှိရင်တော့ မထင်ရဘူးလို့ ထင်တာပဲ။”လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောပါတယ်။

အဲဒီဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ (၅၀၀)တန်ငွေစက္ကူသစ်ကိုတော့ လာမယ့်ဇူလိုင်လ (၁၉)ရက်နေ့၊ အာဇာနည်နေ့မှာ စထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာထားပါတယ်။“လွတ်လပ်ရေးနေ့တုန်းဖြန့်သလိုပါပဲ။ ရုံးဖွင့်ရက်မှာ ဖြန့်ဝေမှာပေါ့။ အမှတ်တရနေ့မှာ စတင် ထုတ်ဝေတယ် ဆိုတဲ့သဘောပါပဲ။ ဝေတာကတော့ ရုံးဖွင့်တဲ့နေ့ မှပဲ ဝေလို့ ရမှာပေါ့။”လို့ ဦးစိုးမင်းက ပြောပါတယ်။ အခုထုတ်ဝေမယ့် ငွေစက္ကူသစ်ကို ပထမအကြိမ်ထုတ်ဝေတဲ့ (၁၀၀၀)တန် ငွေစက္ကူပမာဏအတိုင်း ထုတ်ဝေ သွားမှာဖြစ်ပြီး ဘယ်လောက်ပမာဏ ထုတ်ဝေမယ်ဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။

အဲဒီ (၅၀၀)ကျပ်တန် ငွေစက္ကူဟာ အလျား(၁၅၀)မီလီမီတာ အနံ(၇၀) မီလီမီတာ ရှိမှာဖြစ်ပြီး အခုသုံးနေတဲ့ (၅၀၀)ကျပ်တန်တွေဟာလည်း တရားဝင် ငွေစက္ကူအဖြစ်ဆက်ရှိနေမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဗဟိုဘဏ်က မြန်မာနိုင်ငံမှာသုံးနေတဲ့ ငွေစက္ကူ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Credit ………O Media

Add a Comment

Your email address will not be published. Required fields are marked *

19 − thirteen =